Pages

Monday, February 18, 2008

ရှားစောင်းပင်နဲ့ပိုးတုံးလုံး

ကျွန်မရဲ့ဘလော့ကိုဝင်ကြည့်တဲ့သူပေါင်းရာကျော်ပြီဖြစ်ပေမယ့် ဘယ်သူတွေဖတ်လို့ရလဲ၊ မရလဲတော့ မသိဘူး..
ခင်မင်တဲ့သူတစ်ချို့ကတော့ comment လေးတွေချန်ထားပေးပါတယ်။ နောက်ခံတွေက အခုမှ ညီမပင့်ဂိုး က ကြိုးစားပန်းစားလုပ်ပေးနေစဲမို့..တစ်ရက်တစ်မျိုးပြောင်းနေတာ..မိုက်တယ်နော်..ဟ..ဟ..
ဘာဘဲဖြစ်ဖြစ်တစ်ရက်တစ်မျိုးလေးတော့ ရေးမှ..မဟုတ်ရင်အလုပ်ကပြန်လာ..မောမောပန်းပန်းနဲ့ ကျွန်မဘလော့လေးကိုဝင်၊ အသစ်ရေးထာတာမတွေ့ရင်
ရန်တွေ့တတ်တဲ့သူတွေကိုကြောက်လို့.. ရေးလိုက်အုံးမယ်။
တစ်ခါတုန်းက လူတစ်ယောက်က သူ့ကို ပန်းလှလှလေးတစ်ပွင့်နဲ့ လိပ်ပြာလေးတစ်ကောင်ပေးပါလို့ဘုရားဆီမှာ ဆုတောင်းတယ်။
ဒါပေမယ့် ဘုရားသခင်က သူ့ကို ရှားစောင်း (ကန္တာရ) ပင်နဲ့ ပိုးတုံးလုံးကောင်ပေးတယ်တဲ့..
သူတော်တော်စိတ်မကောင်းဖြစ်သွားတယ်.. ငါတောင်းတာတမျိုးဘာများမှားသွားလို့လဲ..သွားတယ်.. .ဘုရားသခင်ကလဲ ငါတောင်းတာလှလှလေးတွေကိုမပေးဘူး..ဘာလို့ ဒါဒီရုပ်ဆိုဆိုး ဆူးပင်နဲ့ ပျော့စိစိပိုးတုံးလုံးကောင်ကိုပေးတာလဲဆိုပီးတော့ရေရွတ်နေသတဲ့. ဒါပေမယ် ဘုရားသခင်ကသူ့ကိုတောင်းတဲ့သူများတော့အလုပ်များမှာဘဲ ငါဘာမှ ပြန်မေးပြီးစောဒကတက်မနေတော့ပါဘူးဆိုပြီးနေလိုက်တယ်။
တစ်ရက်ကျတော့ အဲဒီ ရှားစောင်းပင်ပေးလကနေ..အရမ်းလှတဲ့ပန်းလေးပွင့်လာပြီးတော့ ရုပ်ဆိုးဆိုးပိုးကောင်က လဲ အတောင်လက်စုံလင်တဲ့လိပ်ပြာလေးတစ်ကောင်ဖြစ်သွားရောတဲ့ကွယ်။...

ဘုရားသခင်က လူသားတွေအတွက်လိုအပ်တဲ့အချိန်မှာအကောင်ဆုံးဖြစ်အောင်စီစဉ်ပေးပါတယ်။
တစ်ခါတစ်လေ လူတွေတောင်းဆိုနေတဲ့အရာတွေက လိုအပ်တဲ့အရာတွေမဟုတ်ဘူး။ လိုချင်တဲ့အရာတွေဖြစ်ပါတယ်။ ကိုယ်လိုအပ်တဲ့အချိန်မှာ ဘုရားရှင်ဆီမှာတောင်းပြီး သူပေးတာသာမငြီးမငြူ၊ ဆင်ခြေမပေးဘဲလက်ခံယူလိုက်ပါ။ အချိန်တန်တဲ့အခါဘုရားသခင်ကသင့်ကိုအကောင်းဆုံးကိုပေးခဲ့တယ်ဆိုတာကို လက်ခံလာပါလိမ့်မယ်။
ဒီနေ့တော့ ဒီပုံပြင်လေးနဲ့ စာပိုဒ်လေးကို ဝေမျှခြင်တာပါ။

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger