Pages

Wednesday, February 13, 2008

ကဗျာ - ၎

ပျော်ရွှင်စရာကောင်းတဲ့ချစ်သူများနေ့ဖြစ်ပါစေ..ချစ်သူ

မင်းကိုယ့်ကို ဘယ်လောက်ပျော်ရွှင်စေခဲ့လဲ

ကိုယ်မင်းကိုဘယ်လောက်ချစ်ရသလဲ ဆိုတာ.. သိစေချင်လို့ပါ

မင်းက ကိုယ့်ဘ၀၊ ကိုယ့်အသက်ထက်ပိုချစ်ရသူ

မဆုံးနိုင်တဲ့အချစ်တွေ

ရင်ထဲမှာအပြည့်ဆိုတာ..သိစေချင်လို့ပါ

မင်းဟာကိုယ့်အတွက်အရာအားလုံး

ကိုယ့်နှလုံးသားမှာ အခိုင်မာအုတ်မြစ်ချပြီး

အခုလဲချစ်တယ်..နောင်လဲဆက်ချစ်အုံးမယ် ဆိုတာ

သိစေချင်လို့ပါချစ်သူ..

မင်းကိုကိုယ့်အနားမှာရှိစေချင်လိုက်တာ

မင်းအကြောင်းသာအိပ်မက်မက်ရရင်

အဲဒီညတွေကို ကိုယ်မကုန်ဆုံးစေချင်တော့ဘူး

ငါ့နှလုံးသားမှာ ဖျက်မရတဲ့မှင်နဲ့

ရေးထားတာ မင်းနာမည်ဆိုတာ..

သိစေချင်လို့ပါချစ်သူ..

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger