Skip to main content

မိသားစုထမင်းဝိုင်း

တစ်နေ့က.. ညီမ၀မ်းကွဲက ငါးပိရေကျိုစားခြင်တယ်တဲ့။ ရှိသေးလား လို့မေးတော့ ကျွန်မကရှိတယ်။ ယိုးဒယား ငါးပိလားလို့မေးတော့ သူက မဟုတ်ဘူး..မြန်မာငါးပိဘဲစားချင်တယ်တဲ့။ ဆိုတော့..ကျွန်မက နဲနဲကျန်သေးတယ်။ ပို့ပေးလိုက်ရမလားဆိုတော့သူကမပို့နဲ့အမနဲ့အတူစားချင်တာတဲ့.. ခုတစ်လောနေကသိပ်မကောင်းအလုပ်ကပင်ပန်း စိတ်လဲ ပင်ပန်းနဲ့ ဒီအချိန် နို့မှုန့်လာကျွေးရင်တောင်ကောင်းကောင်းစားနိုင်မှာမဟုတ်ဘူး..ဒါပေမယ့် သူလာတော့ ငါးပိကို အိမ်က ကောင်မလေး စိတ်ရှည်ရှည်နဲ့ သောက်ေ၇သန့်ဗူးထဲကိုထိုးထည့်ပေးလိုက်တဲ့ဟာကိုခက်ရင်းနဲ့ ဆွဲထုတ်တာ..ဟူးးးး မောတယ်။ ထည့်တဲ့သူကတော့ ဘယ်လောက်ပင်ပန်းမလဲမသိဘူး။ ငါးပိက မာမီ့ရဲ့ selected ဆိုတော့ အကျည်းခွံပါတဲ့ ငါးသေးသေးတွေ.. ကိုသေချာလုပ်ထားတာ.. ကျိုလိုက်တော့ မွှေးးနေတာဘဲ.နဲနဲတော့ကျဲတယ်. ဒါနဲ့ကျွန်မက ငရုတ်သီးစိမ်းလေးတွေကို အညှာချွေ၊ ကြက်သွန်ဖြူကိုအခွံနွှာပြီး လှော်လိုက်တယ်။ အနံ့သင်းပြီးမွှေးလာရင်ချ၊ ပြီးတော့ ညက်အောင်ထောင်း၊ ခွက်ထဲထည့်၊ ပြီး ငါးပိရည်ကျိုပူပူကိုအပေါ်လောင်းထည့်..အနံ့ကတော့မွှေးနေတာဘဲ။ တစ်အိမ်လုံးငပိနံ့ကလှိုင်လှိုင်ထနေတာ။ ဒါတောင်သူများကိုအားနာလို့ ကျိုတုန်းက အဖုံးအုပ်ထားသေးတယ်.. ကိုယ်ကြိုက်တဲ့အစာဆိုတော့လဲ မွှေးနေတာပေါ့။

တူတော်မောင်ကတော့ ငြိမ်ငြိမ်နေပါဘူး။ သူ့အမေဟင်းချက်တာကို ကြည့်ချင်တာ.. မကြည့်ရရင်အော်ငိုရော။ သူကလှမ်းကြည့်ဖို့အရပ်မမှီတော့ ဂက်စ်မီးဖိုခလုတ်တွေကို လှည့်နေတာ တစ်ခုပြီးတစ်ခု..တစ်ခါတစ်လေ..ဟာ ..ဟင်းအိုးခုထိမဆူသေးပါလား..မမေးနဲ့ တူတော်မောင်..ခလုတ်လှည့်ပြီးပိတ်ထားတာ.. သူကဖွင့်ပိတ်မသိဘူး..သူလှည့်ရရင်ပြီးရော.. ဒါနဲ့ ဟင်းချက်တုန်းမှာ သူ့အမေတလှည့်၊ ကျွန်မတလှည့်သူ့ကိုချီထားရတယ်။ သူ ဟင်းချက်နေတာကိုမြင်ရရင်ငြိမ်ငြိမ်လေးကြည့်နေတယ်။ နင့်သားတော့ကြီးလာရင် စားဖိုမှူးဖြစ်မယ်ထင်တယ်လို့ ကျွန်မတောင်ပြောလိုက်သေးတယ်။
ညီမ၀မ်းကွဲက ကျွန်မကို ငါးကိုအုန်းနို့+ ဆနွင်းတက် နဲ့ချက်တာစားဖူးလား..ချက်ကျွေးမယ်ဆိုပြီး သူနနွင်းတက်လေးတွေဝယ်လာတယ်။ ကျွန်မအဲဒါတွေကိုဈေးမှာအမြဲတွေ့တယ်။ ဘာမှန်းမသိလို့မ၀ယ်တာ။ ဂျင်းအတက်လိုဘဲ ဒါပေမယ့်နဲနဲသေးတယ်။ အဲဒါကိုခြောက်အောင်လုပ်ပြီးကြိတ်ရင် နနွင်းမှုန့်ရတယ်တဲ့..
အင်း..နနွင်းမှုန့်နဲနဲထည့်ရင်တောင်..ဟင်းတွေဝါ။ အိုးတွေဝါ..အခုနနွင်းတက်ဆိုတော့ စဉ်းစားကြည့်တော့.. ဗြောင်းဆန်အောင်ဝါတယ်။။ လက်မှာအခုထိဝါတုန်းဘဲ။မီးနေသည်နဲ့တောင်တူလာပြီ...
သူက ကြက်သွန်ဖြူ၊နီ ဂျင်းနဲနဲနဲ့ နနွင်းတက်များများကို ငရုတ်ဆုံထဲညက်နေအောင်ထောင်းတယ်။ ပြီးတော့ ဆီချက်သတ်တယ်။ အနံ့ကတော့မွှေးနေတာဘဲ။ ပြီးတာနဲ့ အုန်းနို့မှုန့် ကို ရေအေးနဲ့ဖျော်ပြီးတော့ ဆီချက်သတ်တဲ့အိုးထဲကိုလောင်းထည့်လိုက်တယ်။ ပွက်တာနဲ့ တလားဗီးယားငါးအကောင်လိုက်ကို ဓားနဲ့ နဲနဲမွှန်းပြီး ထည့်လိုက်တယ်။ ဆား၊ ချိုမှုန့် သင့်တော်ရုံထည့်ပြီး အစက အုန်းနို့အနှစ်ဟင်းရည်က ငါးအကောင်ကို ဖုံးလုခင်ခင်..အဲဒါကို မီးအေးအေးနဲ့ခပ်ကြာကြာတည်လိုက်တော့ ငါးလဲကျက်၊ အုန်းနို့ဟင်းအနှစ်လဲ တော်တော့်ကိုပျစ်နေပြီ ဆိုမှအိုးကိုချလိုက်တယ်။ အဖုံးတော့ဖုံးလို့မရဘူး ၊ အုန်းနို့ပါတော့ အဖုံးဖုံးရင် ဝေကျတယ်။
အုန်းနို့က လတ်လတ်ဆတ်ဆတ်ကိုသုံးလဲရပါတယ်။ ဒါပေမယ့် ကျွန်မတို့က အလွယ်နည်းဆိုတော့၊ အုန့်နို့အမှုန့်လဲ တော်တော့်ကို မွှေးပါတယ်။ ကျက်တော့ ငါးတစ်ကောင်လုံးထဲကို အုန်းနို့အနဲ့တွေနဲ့ အရသာစိမ့်စိမ့်လေး..အရမ်းစားလို့ကောင်းပါတယ်။ အချိန်ရပြီးအားမယ်ဆိုရင်ချက်စားကြည့်ကြပါလား။

အအီပြေအတွက်ကတော့ ဆန်ဆေးရည်ကိုတည် ပွက်တာနဲ့ ပိန်းဥလေးတွေအခွံနွှာထည့်၊ ပြီးရင် မန်ကျည်းမှုန့် နဲနဲထည့်၊ကြက်သွန်နီလေးတွေလှီးထည့်ပြီး နောက်ဆုံးမှာ တော့ ကန်ဇွန်းဥအရွက်နုစိမ်းစိမ်းလေးတွေထည့်လိုက်တော့
အရည်သောက်အချဉ်ဟင်းချိုတစ်ခွက်ရပြီပေါ့။

စားပါအုံးလား။။။

Comments

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

ငွေဆောင် အစားစာများ

ငွေဆောင်မှာတော့ ပထမရက် ဟော်တယ်ကဘဲအဆင်ပြေတာမှာစားတယ်၊ နောက်နေ့မှာတော့ ရွာထဲကိုသွားစားဖြစ်တယ်၊ စားစရာရယ်အထွေထူးမရှိပါဘူး။ မောင်လေးကတော့ ငါးကင်၊ ပုဇွန်ကင်နဲ့အလုပ်ရှုပ်နေတာ။ သူက ဂဏန်းစားချင်တာ အရမ်းဘဲ၊ ပါးပါးက ဗိုက်ပျက်မှာစိုးလို့ မစားခိုင်းဘူး။  ရိုက်ဖြစ်ခဲ့တဲ့အစားသောက်ပုံလေးတွေပါ။ ကျွန်မကတော့ ရောက်တုန်း ကျောက်ပွင့်သုပ်တော့ ထမင်းပွဲတိုင်းမှာစားတယ်။ ကြိုက်မှကြိုက်။   သတ်သတ်လွတ် ဘာဘီကယူးးးးး ငါးကင်  ငါးပုတ်ခြောက် - တစ်ကောင် ၅၀၀၀  ကြက်ဥထမင်းကြော်  ကျောက်ပွင့်သုပ်  ပင်လယ်ငါး ပဲငပိချက်  ငါးနီတူသုပ်  ကျောက်ပုဇွန်..  တစ်ကောင် ၁၀၀၀၀ ငါးခေါင်းချဉ်ရေ   ပင်လယ်ငါးမချက်မှီ  ပင်လယ်ငါးချက်  ငပိရည်တို့စရာ  ခေါင်းရွက်ဗျပ်ထိုးဈေးသည်ထံမှ မချက်ရသေးသောငါးများ ကြက်သားခေါက်ဆွဲကြော် (ရွာတွင်းထမင်းဆိုင်) ထမင်းဆိုင်မှကြောင်ကလေး..  ပါးပါးဦးထုပ်ကျသွားတာကိုသူက အဆင်သင့်ဝင်ထိုင်နေတာ။

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ...