Pages

Tuesday, February 12, 2008

သူငယ်ချင်းတို့ရေ

သူငယ်ချင်းတွေခင်မင်မှုဘယ်လိုကြောင့်ပြတ်တောက်သွားရတာလဲ...

သူငယ်ချင်းနှစ်ယောက် တစ်ယောက်က တစ်ယောက်ကို သူအလုပ်များနေမှာဘဲလို့ တွေးပြီးအဆက်သွယ်မလုပ်ကြဘူး။

သူများ အလုပ်များနေမလား.. ငါနှောက်ယှက်နေသလိုဖြစ်အုံးမယ် လို့တွေးတယ်။
အချိန်တွေကြာလာတာနဲ့အမျှ
နှစ်ယောက်စလုံးက.. သူအရင်ဆက်သွယ်မှ ငါဆက်သွယ်မယ်လို့ တွေးတယ်။


နောက်ပိုင်းမှာတော့ နှစ်ယောက်လုံးက... ငါဘာကြောင့်အရင်ဆက်သွယ်ရမှာလဲ လို့တွေးတယ်။
ဒီအချိန်မှာ ရှိခဲ့ကြတဲ့သံယောဇဉ်တွေ၊ ချစ်ခင်မှုတွေ..အမုန်းဆီကို ကူးပြောင်းသွားတယ်။
နောက်ဆုံးတော့ တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်မရှိတော့ဘဲ.. သူငယ်ချင်းအချင်းချင်းမေ့တေ့တေ့ဖြစ်လာပြီး လုံးဝမေ့သွားကြတော့တယ်။
ဒါကြောင့်သူငယ်ချင်းတွေအမြဲအဆက်သွယ်လုပ်ဖို့မမေ့ကြပါနဲ့..

ကူးကူးကတော့ ဒီလိုအဖြစ်မျိုးအဖြစ်မခံနိုင်ပါဘူး..ဒါကြောင့်
သူငယ်ချင်းတို့ရေ.. ကူးကူးအမြဲသတိရနေပါတယ်.. ကူးကူးလဲနေကောင်းပါတယ်.. အားတဲ့အချိန်လေးတွေမှာ အဆက်အသွယ်လုပ်ကြပါ.. အားလုံးကို ချစ်ပါတယ်။

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger