
ပဲနဲနဲပြုတ်ပြီးထပ်ထည့်ရတယ်တဲ့..အဲဒါမှတကယ့် မုန့်ဟင်းခါးအရည်လတ်လတ်ဆတ်ဆတ်လိုအရမ်းစားလို့ကောင်းတယ်တဲ့.. ကျွန်မက ရေနွေးထဲအကုန်ပစ်ထည့်လိုက်တော့အရသာကမလတ်ဘူးလေ.. ခုတော့သိသွားပြီးပေါ့.. မုန့်ဖတ်ကတော့ ရိုးဒယားက ခေါက်ဆွဲအဖြူထုတ်ကို ပြုတ်ပြီးတော့..စားလိုက်ကြတာ ..ကျွန်မကတော့ (၃)ပန်းကန်အသာလေးဘဲ.. ညီမက သူ့အိမ်နောက်မှာ ကျွန်မချဉ်ပေါင်ကြိုက်လို့စိုက်ထားပေးတာ အခုတော့ချဉ်ပေါင်ပင်က ရင့်ပြီး အသီးတွေတောင်ရင့်နေပြီး..ကျွန်မလဲအရွက်မစားရမယ့်တူတူ ချဉ်ပေါင်သီးတွေခူးခဲ့တယ်..ချဉ်ပေါင်သီးတွေကို အစိတွေဖယ်..အဖတ်လေးတွေခွာပြီး..ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူနီ၊ ငါးငံပြာရည် နဲ့ ငါးပိစိမ်းစားလေးနဲ့ ကြိုပြီးစားတာ ကောင်းမှကောင်း..တစ်ခါတစ်လေရုံးပိတ်ရက်မျိုးမှာ အဲဒါလေးတွေစားရတာ..အရမ်းစားလို့မြိန်တယ်... တနင်္ဂနွေနေ့ကျတော့.. ဒေါက်တာမမ ကိုကျောင်းမှာသွားပို့ပြီးတော့..ကျွန်မရဲ့ ကွေးကောက်နေတဲ့ဆံပင်ကို တစ်ခုခုတော့လုပ်အုံးမှဆိုပြီး ရောဘင်ဆန်မော(လ်) ကိုသွားပြီး ဆံပင်သွားလုပ်တယ်။ ဈေးကလဲကြီးပါ့.. ဒေါ်လာနဲ့တွက်ရင် (၁၀၀)လောက်ပေးရတယ်.. ဆံပင်ကောက်တာကိုကြိုက်တာအရမ်းဘဲ..ကောက်ချင်တာလဲကြာပြီ..မြန်မာပြန်တုန်းက သေချာကိုကောက်လာတာ.. ကိုယ့်ကိုကိုယ်တော့မိုက်တယ်ထင်တာဘဲ ဟဲဟဲ.. ဒါပေမယ့် ထိမ်းသိမ်းရတာခက်တယ်.. ခေါင်းလျှော်ပြီး mousse, hair lotion, hair coat စုံနေအောင်ထည့်မှ ပုံကျပြီးလှတာ..နောက်နေ့အိပ်ရာထရင်တော့ ခြင်္သေ့နဲ့နင်လား..ငါလားဘဲ... ကျွန်မချစ်သူက ကျွန်မကို ကောက်ကွေး..တဲ့.တစ်ခါတစ်လေ ဘေဘီလိုင်းရန်း (baby lion) လို့ခေါ်တေးရယ်...ဆိုးပါ့.. ခုတော့ ဆံပင်ပြန်ဖြောင့်လိုက်ပြီ.. ကိုယ့်ရုပ်တောင်ကိုယ်မမှတ်မိတော့ဘူး..ဆုတ်ဖွားနဲ့နေတာအကျင့်ပါနေလို့.. ရုံးက အမကြီးတွေကလဲ.. မေ..ဆံပင်ဖြောင့်ဖြောင့်လေးနဲ့ပုံလေးကိုအရမ်းသတိရတယ်လို့ခဏခဏစကားခေါ်တယ်လေ.. ဆံပင်အကောက်နဲ့ကြည့်လို့တော့မကောင်းမှန်းသိတယ်..ဒါပေမယ့် ကြိုက်တာကိုး..တစ်ခါတစ်လေကိုယ်ကြိုက်တာ ကိုယ်လုပ်လိုက်ရတာတော်တော့်ကိုစိတ်ချမ်းသာတယ်.. ဒီကကောင်မလေးတွေအကုန်ဆံပင်အဖြောင့်ကိုတော်တော်ရူးသွပ်ကြတယ်.. ကျွန်မအပတ်တိုင်းဘုရားကျောင်းသွားတိုင်း ကားပေါ်ကဆင်းပြီး ဘုရားကျောင်းကို လမ်းလျှောက်တာနဲ့ လေကအရမ်းတိုက်တဲ့နိုင်ငံဆိုတော့ ဘုရားကျောင်းထဲဝင်ရင် ပြင်ထားတဲ့ ဆံပင်က တော်တော် ဆုတ်ဖွားဖြစ်နေပြီး.. အင်း..ဒါကြောင့်များဒီကကောင်မလေးတွေက ဆံပင်အဖြောင့်ကို ကြိုက်တာဖြစ်မယ်လို့တွေးမိတယ်..အဖြောင့်ဆိုလေတိုက်လဲ..လက်နဲ့သပ်ချလိုက်ရင်ပြီးရော..အကောက်ဆို ဘယ်လိုမှဖိချလို့မရဘူး.. ဘာဘဲဖြစ်ဖြစ်အကောက်နဲ့ နှစ်လကျော်နေခဲ့ပြီဆိုတော့ ကျေနပ်သွားပြီ..
ဘယ်ဟာပိုလှလဲ..ဟီးဟီး
Comments
Post a Comment
ကူးကူးရေ...