Skip to main content

ပွဲတော်နေ့ (Fiesta)

မနေ့က ဈေးတန်းမှာလျှောက်ကြည့်ရင်းဓာတ်ပုံတစ်ချို့ရိုက်ခဲ့တယ်။ ဘယ်သွားသွား ကင်မရာမပါမဖြစ်ယူသွား တာကျွန်မအကျင့်။ ကင်မရာ လက်ဆောင်ရကတည်းကဆိုပါတော့။ ကျွန်မ ကင်မရာလေးက ကျွန်မချစ်သူက လက်ဆောင်ပေးထားတာ။ ကျွန်မရိုက်သမျှပုံတွေကိုလဲ မငြီးမငြူမအားတဲ့ကြားက ကြည့်ပြီး ဝေဖန်ချက်လေး တွေပေးတတ်တယ်။ တွေ့သမျှပုံတွေအကုန်လိုက်ရိုက်တာဘဲ၊ လမ်းဘေးကကြောင်ကအစတွေ့သမျှ ရှုခင်းလေး တွေ ပန်းလေးတွေကို အမှတ်တရ သိမ်းထားတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ အနုပညာမျက်စီ မရှိဘူးဆိုတာတော့ဝန်ခံတယ်။ တစ်ယောက်တည်းနေတော့ ရုံးကပြန်ရင်လုပ်စရာဆိုလို့ အပြင်ထွက် ရှိသမျှပုံတွေလိုက်ရိုက် ဒါအလုပ်လို့ခံယူထားလိုက်တယ်။ အမှန်ကတော့ လေ့ကျင့်ခန်းတွေဘာတွေလုပ်၊ အိမ်သန့်ရှင်းရေးလုပ်ရမှာ॥အဲဒါကို ၀ါသနာမပါ။ တစ်ပတ်ကို တစ်ခါလောက်ဘဲ စိတ်ပါလက်ပါ အိမ်ရှင်းအ၀တ်လျှော်တယ်။
သူတို့တွေရဲ့ ပွဲတော်နေ့၊ ဘာပွဲတော်လဲလို့မေးကြည့်တော့ခရစ်ယာန်တွေ (သန့်ရှင်းသူဘိုးဘေးများ) သေတာ ကို အမှတ်တရအနေနဲ့ ပွဲကျင်းပတယ်လို့ပြောတယ်။ ဘာအထွေအထူးမှတော့မရှိပါဘူး။ ဈေးတန်းတွေ၊ စတိတ်ရှိုးတွေနဲ့အိမ်တွေအသီးသီက မုန်တွေလုပ်၊တစ်အိမ်ဝင်တစ်အိမ်ထွက်လိုက်စား၊၀တ်စုံတူညီနဲ့ အဖွားကြီး တွေက လမ်းမမှာ ဘင်ခရာအဖွဲ့ နဲ့ က ကြ။
ကားပေါ်ကစ ဆင်းတာနဲ့ လမ်းလေးဆိုင်မှာ မိန်းကလေးဝတ် အောက်ခံဘောင်းဘီတွေ ရောင်းတာတွေ့တယ်။ သူငယ်ချင်းကလှတယ်ဆိုပြီးဝင်ကြည့်ရွေးနေလို့ ကျွန်မကတော့ ရှက်လို့ တောင်ကြည့်မြောက်ကြည့် လုပ်နေ လိုက်တယ်။ နောက်တော့ ဈေးတန်းကိုလျှောက်ပတ်တယ်။ ဌက်ပျောဖက်နဲကထုပ်ထားတဲ့မုန့်တွေတွေ့တယ်။ မြန်မာပြည်က မုန့်ဖက်ထုပ်တို့ ကောက်ညှင်းပေါင်းတို့ကိုတောင်ပြေးသတိရမိသေး။ ဒါပေမယ့် သူတို့မုန့်တွေ ကိုတော့စမ်းပြီးဝယ်မစားဘူး၊ ချိုရဲနေမယ်ဆိုတာသိနေတယ်လေ။ တော်တော် အချိုကြိုက်တဲ့နိုင်ငံ॥အချိုမကြိုက်တဲ့ကျွန်မအတွက် စားစရာအင်မတန်ရှားတယ်။ ကြက်ဥတွေလဲပြုပ်ပီးရောင်းတယ်။ ပူပူနွေးနွေးပေါ့ ကြက်ဥက အရောင်နဲ့လဲရှိတယ်॥ ဆားကြက်ဥတဲ့ ।ခရမ်းရောင်လေးတွေ (ရီရတယ် ရောက်ခါစက ဈေးသွားတော့ ကြက်ပေါက်လေးတွေဖြူနီဝါပြာစိမ်း ရောင်စုံတွေ့တော့ ထူးဆန်းတယ်ဆိုပြီး (၃)ကောင်ဝယ်လာခဲ့သေးတယ်။ ဆေးဆိုးထားတာနောက်မှသိတယ်) နောက်အဖြူက နှစ်မျိုး ဘာလု နဲ့ ပင်နွိုင်း ၊
ဘာလု က ကြက်ဥထဲမှာ ကြက်ကလေးရှိတယ်။ ကြက်ကပြုပ်ထားတော့ သေနေပြီပေါ့॥အမွှေးတွေလဲ ပေါက်နေပြီ॥ အဲဒါကို ဖောက်॥အရည်ကိုစုပ်သောက်ပြီး ကြက်ကလေးကို အချဉ်ရေနဲ့ တို့စားတာ॥သူငယ်ချင်းက မြန်ရည်ရှက်ရေနဲ့ စားနေတော့..မနဲဟန်ဆောင်ပြီး ပြုံးပြနေရတယ်။။ သူကအတင်းကျွေး သေးတယ်.. နောက်မှ..နောက်မှ လို့ ပြောလိုက်ရတယ်။ စားဖို့မပြောနဲက ကြည့်တာနဲ့တင်ရင်ထဲမှာ အော်ဂလီဆန်နေပြီ။
နောက်တစ်မျိုးကတော့မဆိုးလှဘူး॥ ပင်နွိုင်း က မြန်မာလိုဆို လေဥ လို့ခေါ်မလားဘဲ။ ကျွန်မရဲ့ တစ်ဦးတည်းသောမောင်လေးက အဲလိုဥမျိုးကိုကြိုက်တယ်။ မာမီက မှော်ဘီကြက်ခြံမှာ သွားသွားဝယ်ပေးဖူးတာသတိရသေးတယ်။
အဲဒီဈေးတန်းမှာရောင်းတဲ့ဟာတွေများသောအားဖြင့်အကုန်လုံးလိုလို (ဆန်းပို့လမ်းပို့)တစ်ခုတစ်ဆယ်။
ယေကျာ်းဝတ်အောက်ခံဘောင်းဘီတွေ တွေ့တော့ ကျွန်မချစ်သူကို နောက်အုံးမှဆိုပြီး ဓာတ်ပုံရိုက်လာခဲ့တယ်။ နောက်မယ်သာပြောတာ..ယောက်ကျားလေးဝတ်တွေတွေ့တိုင်းသတိရမိတာ..မောင်လေးနဲ့ချစ်သူကိုဘဲ..ဟီးဟီး.. ၀ယ်တော့မ၀ယ်ရဲပါဘူး..(တစ်ခါတော့ဝယ်ဖူးတယ်..အဲဒီအကြောင်းနောက်မှရေးမယ်)။

ဈေးကိုလာတဲ့အဓိကအကြောင်းကတော့ ကြိမ်သီးစားချင်လို့.. ရန်ကုန်မှာ လှည်းလေးနဲ့ ဒယ်အိုးထဲမှာ သဲထည့်
ပြီးလှော်တဲ့ကြိမ်သီးပေါ့။ဒီကဟာတွေကတော့အချိုရည်နဲ့ပြုပ်ထားတာ..တော်သေးတယ်ကြိမ်သီးအခွံမာမာခံနေ လို့ အဆံထဲကိုအချိုသိပ်မရောက်တာ။ ဈေးတော့ကြီးတယ်၊ ကီလိုဝက်ကို ၈၀ ပေးရတယ်။ (ပုံထဲမှာလိမ္မော်သီးနောက်ကပလတ်စတစ်နဲ့ထုတ်ထားတဲ့မဲမဲအထုတ်လေး)မြန်မာငွေနဲ့ဆိုရင် ၂၄၈၀ လောက် ကျမယ်။ တစ်ခြားအသီးတွေဝယ်မစားဘဲ ကြိမ်သီးဘဲ (၁) ကီလိုဝယ်ခဲ့တယ်.. ပြီးတော့ ထရိုင်ဆိုင်ကယ် (tricycle) စီးပြီးပြန်လာခဲ့တယ်။
ထရိုင်ဆိုင်ကယ် - ဆိုက်ကားလိုမျိုးဘဲ..ဒါပေမယ့် စက်ဘီးနဲ့မဟုတ်ဘူး၊ ဆိုင်ကယ်နဲ့

ပွဲဈေးတန်းမှပုံလေးတစ်ချို့


Comments

  1. http://www.groupapa.com/forum/index.php/topic,21685.new.html#new hey you lookin kinda cute in that polka dot bikini http://forum.gop3.com/index.php?topic=392327.new#new evanna lynch bikini http://toon-freaks-art.flash-friends.com/forum/index.php?topic=182971.new#new katie cassidy bikini http://trantor.ujaen.es/%7Epfc-queja/foro/index.php?topic=172349.new#new katie perry bikini http://the-dragonlair.net/community/index.php?topic=29407.new#new women bikini thong

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ...