Pages

Tuesday, June 1, 2010

မန်ကျည်းပွင့်

မန်းကျည်းရွက်နုလေးတွေကြိုက်ကြလားဟင်။
ကျွန်မတော့အရမ်းကြိုက်တယ်၊ မန်းကျည်းရွက်နုလေးတွေကို ဆီစိမ်းလေးနဲ့ ကြက်သွန်နီလေးနဲ့သုပ်စား။
ကောင်းမှကောင်း။
အိမ်မှာ မာမီက မန်ကျည်းပင်သေးသေးလေးတွေစိုက်ထားပေးတယ်လေ..
အဲဒါ မန်းကျဉ်းရွက်နုပေါ်ချိန်မဟုတ်လဲ ကျွန်မ စားဖို့ တစ်ခါစာတော့ အမြဲလိုလိုရတတ်တယ်။
ဒီတစ်ခါနဲနဲအဆင့်မြင့်သွားပီ။ အရွက်တင်မက အဖူးရောအပွင့်ပါ စားတယ်။
ရုံးပိတ်ရက်က ဈေးမှာ အပွင့်လေးတွေရောင်းတာတွေ့လို့ အဖူးလေးကို ကိုက်မြည်းကြည့်တော့ ချဉ်ချဉ်လေး မို့ ငပိချက်လေးချက်စားရကောင်းမယ်ဆိုပီးဝယ်လာတာပါ။
အိမ်ရောက်တော့ အဖူးအပွင့်လေးတွေ..နဲနဲသုပ်စားတယ်၊ ကောင်းတယ်။
ခရမ်းချဉ်သီး၊ စိမ်းစားငပိလေးနဲ့ ငပိချက်လေးလဲချက်စားတယ်။ ကောင်းမှကောင်း။း)))

10 Comments:

ဆောင်းနှင်းရွက် said...

ဆောင်းနှင်း အကြိုက်ဆုံးးး အစားးအစာ ...
မစားရတောင် တော်တော်ကြာပေါ့ ...

ရန်ကုန်မှာတော့ တော်တော် နုနု ရဖို့ခက်တယ် ..

ကာရံဆူး said...

အင်း စားချင်တယ်...ပိုလွမ်းအောင် ကူးကူးကတော့ လုပ်ပြီ...

:) said...

ကောင်းမယ့်ပုံပဲ.. မန်ကျည်းရွက်မစားရတာ ကြာလှပြီ

စူးနွယ်လေး said...

ကောင်းလိုက်တာ..မစားရတာ ကြာလှပြီ...မန်ကျည်းဖူးလေးတွေဆုပ်၊ အ၀ါရောင်အလုံးလေးတွေလုပ်ပြီး ရောင်းတာကို ပုစွန်ခြောက်ငပိနဲ့ကြော်စားတာ သိပ်ကြိုက်တာ။ မန်ကျည်းရွက်ကြော်လည်း ကြိုက်ပါတယ်။

Kyaw Hnin Se Lwin said...

မ လာလည်သွားပါတယ် ခင်ခွင့်ပြုနော်
မစူးနွယ်အိမ်သွားသွားရှုပ်ရင်း မဆီလည်းလာရှုပ်တာ
မန်ကျည်းရွက်နုသုပ် ညီမလည်းတအားကြိုက်တယ်သိလား..

PAUK said...

မန်ကျည်းပွင့် မစားဖူးဘူး..
မန်ကျည်းရွက်ချဉ်ရေတော့ မကြာမကြာစားဖူးတယ်..
ကူးကူးရေ..
ရက်စက်တာကို လာဖတ်တဲ့အတွက် ကျေးဇူး..
ဟီးးဟီး

Sandakuu said...

@ ဆောင်း.. ဟုတ်တယ်. ရန်ကုန်မှာ အနုဝယ်ဖို့ မလွယ်ဖူး။ အပင်ရှိရင်တစ်မျိုးပေါ့.. ကူးတို့ ဒဂုံမှာလေ သူများလာလာရောင်းတယ်၊ အပင်ပေါ်တက်ပီးခူးတဲ့ကလေးတွေ
ကာရံ..း) ဟုတ်ပါ့နော်.. အခုရှိတုန်းလေး တင်ထားတာပါ နှိပ်စက်တာဟုတ်ပါဘူး။ နောက် မရှိတဲ့နေရာရောက်ရင် အလွမ်းပြေကြည့်လို့ရအောင်

စူးနွယ်။ အလုံးလေးတွေဆုပ်ပီးရောင်းတာ.မစားဖူးသေးဘူး. စားကြည့်ချင်တယ်။

ကျော်နှင်းဆီ.. ဟုတ်ခင်လို့ရပါတယ်။ ဟီးဟီး..

ပေါက်စ်.... ရက်စက်တယ်..း))

mabaydar said...

ဟယ် မန်ကျည်းရွက်နုသုတ်လေး စားချင်လာပြီ... ရှလွတ်.. ပုံတွေ့တာနဲ့ သရေ ကျလာတယ်...

sosegado said...

မန်ကျည်းရွက်သုတ်လေး မစားရတာ တကယ်ပါ နှစ်နဲ့ချီပြီ၊ အဲဒီထဲမှာ အမေသုတ်တာပိုကြိုက်တယ်၊

sai sai ok said...

စားချင်လိုက်တာ..မန်ကျည်းရွက်ရှာ ပြီး စန္ဒကူးပြော သလိုသုတ်စားကြည့်မယ်..

Post a Comment

ကူးကူးရေ...

 
Powered by Blogger