Pages

Wednesday, September 19, 2012

ကြံမဆိုင်ကြက်ရိုးဟင်းရည်



ကြံမဆိုင်ကို ဘယ်လိုချက်ချက်နှစ်သက်တဲ့သူတွေအတွက်ပါ။
ရန်ကုန်ပြန်တိုင်း ဆိုင်မှာထမင်းစားရင် ကြံမဆိုင်ဟင်းချိုအမြဲမှာတယ်.. ကျွန်မအတွက် မပါမဖြစ် အရည်သောက်တစ်ခွက်ပေါ့။
ကြံမဆိုင် လုပ်နည်း ကိုတော့ မမလု ဘလော့မှာ အသေးစိတ်သေသေချာချာရေးပြ ရှင်းပြထားပါတယ်။ 
ကူးကူးကတော့ ကိုယ်တိုင်လုပ်ဖို့ သိမ်းထားဖို့အဆင်မပြေတာရယ်.. ကိုယ်တိုင် အမြဲမချက်စားဖြစ်တာကြောင့် Ruby Mart ကနေ ဒီလိုအထုပ်လေးတွေ ၀ယ်လာခဲ့တယ်။

 ရေခဲသေတ္တာထဲထည့်ထား အကြာကြီးခံတယ်.. အရမ်းလဲ လတ်ဆတ်တယ်။
ကြံမဆိုင်ကြက်ရိုးဟင်းချိုအတွက်..

ကြက်ရင်အုံသား အရိုးအသားပါ (Native chicken)
ကြက်သွန်ဖြူ၊နီ၊ဂျင်း၊
ဆားအနည်းငယ်
မှိုအမှုန့်
နံနံပင်
ငရုတ်သီးအနီတောင့်

  1. ကြက်ရင်အုံသားကိုရေစင်စင်ဆေးပြီးအရိုးအသားပါ ငံပြာရည်လေးနဲနဲထည့်ပြီး ကျက်အောင်ပြုပ်ပါမယ်။ 
  2. ညက်အောင်ထောင်းထားတဲ့ကြက်သွန်ဖြူ၊နီ၊ဂျင်းနဲ့ငရုတ်သီးအနီတောင့်ကို ထည့်ပီး ပွက်ပွက်ဆူအောင်ဆက်တည်ပါ။ 
  3. ဆားအနည်းငယ်ထည့်ပါ။ 
  4. ကြံမဆိုင်ကိုအထုတ်ထဲကဖောက်ပီး ရေလေးတစ်ခေါက်ဆေးလိုက်ပါ။ ပြီးရင်တော့ အနေတော်လှီးဖြတ်ပီး ဟင်းရည်အိုးထဲထည့်ပါ.. 
  5. မီးမျှင်းမျှင်းနဲ့ အချိန်ယူပီးဆက်တည်ပါ...   ကြက်အရိုးသားအရသာရယ်.. ဟင်းရည်အရသာရယ်.. ကြံမဆိုင်က စိမ့်ထွက်လာတဲ့အရသာရယ်..အကုန်ရောစပ်ပီ ဆိုရင်တော့ မှိုမှုန့်အနည်းငယ်ကို ထည့်ပါမယ်..   နံနံပင်အုပ်ပါမယ်။ 
ဒါဆိုရင်တော့ ချဉ်စိမ့်စိမ့်လေးနဲ့ စပ်စပ်လေး ... ကြံမဆိုင်ကြက်ရိုးဟင်းရည်တစ်ခွက် ရပါပီ။

ဌက်ပျောသီးနဲ့ နာနတ်သီး...  တောင်ပေါ်က တောလမ်းလေးမှာ ရောင်းနေတာတွေ့လို့ သဘောကျလို့... 
အချိုတည်းလို့ရပါသည်.. 

11 Comments:

Anonymous said...

hi

ကူးကူးလှိုင် said...

ချက်နည်းလေးသိသွားပြီ တို့လဲ ကြံမဆိုင်ကြိုက်တယ် အရမ်းကောင်းမဲ့ပုံပဲ စားချင်လိုက်တာ ...

mstint said...

တီတင့်တို့အိမ်လည်း ကြံမဆိုင်ကြက်ရိုးဟင်းရည်၊ တစ်ခါတစ်ရံ ဂျင်း ကြက်သွန်ဖြူတို့နဲ့ သက်သတ်လွတ်ဟင်းရည် ချက်စားလေ့ရှိတယ် စန္ဒကူးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Su said...

မမကူးရေ ကြံမဆိုင်အရမ်းကြိုက်တယ်

အန်တီလေးမေခင် said...

စန္ဒကူးလေးကြံမဆိုင်ကြက်ရိုးဟင်ရည်ကို
အားပေးသွားပါတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်



ဇာနည်ဝင်း said...

အီးမေးလိပ်စာ ပေးပါအုံး။
ဒီ blog မှာ ရေးထားတာတွေကို ပြန်ဖော်ပြခွင့် တောင်းချင်လို့ပါ။
ကျနော့်လိပ်စာက zarny_win@irrawaddy.org ဖြစ်ပါတယ်။
ဇာနည်ဝင်း

ချော(အစိမ်းရောင်လွင်ပြင်) said...

စားချင်တယ်
ဗိုက်ဆာနေချိန်လာဖတ်တော့ စားချင်စိတ်က ပိုတောင် ထိမ်းမရဘူးး)
နည်းနည်းကျွေးနော် ကူး

စန္ဒကူး said...

ကျေးဇူးတင်ပါတယ် နော် ကူးကူးလှိုင်၊ အန်တီလေးမေခင်၊ တီတင့်၊ နဲ့ စု ရေ...
ကိုဇာနည်ဝင်း.. ကျွန်မ လိပ်စာ က mayllay@gmail.com ပါရှင်. ချောရေ... အ၀သာစား... မလောက်ရင်ထပ်ချက်ပေးမယ်နော်။

rose of sharon said...

အရမ်းကြိုက်တယ်...

san htun said...

အတော်ပဲ..ကြံမဆိုင်ဝယ်ထားတယ်..ကြံမဆိုင်ကြက်ရိုးရည်ချက်စားမယ်.. ဒန်..ဒန့် ..ဒန်...

နှင်းဆီရောင် said...

သရေကျသွားပါတယ်ရှင်။ ကိုယ်တိုင်ကတော့ ဟင်းမချက်တတ်တာ ဆိုးတယ်။း)

Post a Comment

ကူးကူးရေ...

 
Powered by Blogger