Skip to main content

ပျိုမေတို့အသုံးဝင်စေဖို့

ကျွန်မရှာဖွေတွေ့ရှိထားတဲ့ အသုံးဝင်မယ့်ဆေးနည်းလေးတွေနဲ့အသုံးဆောင်လေးကိုဝေဌချင်လို့ပါ။

အချို့သောမိန်းမပျိုလေးတွေစကပ်အတိုဝတ်ချင်ပေမယ့် ခြေသလုံးသားအရောင်မညီတာတို့..
ခြေထောက်က မွှေးညှင်းပေါက်တွေ ကျယ်နေတာတို့. ဒဏ်ရာဟောင်းလေးတွရှိတာနဲ့ ဒူးခေါင်းမဲနေတာတို့ အရမ်းကိုအဆင်ပြေမယ့် အသုံးဆောင်
Sally Hensen airbrush leg ပါ။ မြန်မာမိန်းကလေးတွေအများစုက ထမီရှည်ရှည် စကပ်ရှည်ရှည်လေးတွေ ဝတ်နေကျမို့ (မိန်းကလေးတိုင်မဆိုလိုပါ) ခြေထောက်ကိုတော်ရုံဂရုမစိုက်ခဲ့ကြဘူး။ အခုချိန်မှာ စကပ်တွေ ဘောင်းဘီတိုတွေခေတ်စားလာတာရယ်၊ နိုင်ငံရပ်ခြားမှာ အများနဲ့ လျှော်ညီအောင်ဝတ်ကြ ရတဲ့အခါ.. ဟောင်ကောင်လေဆိပ်မှာ တစ်ခါသာဆုံဖူးခဲ့တဲ့အန်တီတစ်ယောက်က ဟိုမှာ သူလဲမြန်မာဘဲ ဆိုပီး ပြတော့ ကူးက ဘယ်လိုသိတာလဲမေးတော့ သူ့ခြေထောက်ကိုကြည့်ပါလားတဲ့.. စကပ်တိုတို ဝတ်ထားပီး အနာရွတ်အမဲတစ်ချို့နဲ့ အမျိုးသမီးကိုလှမ်းပြတော့ ..အဲဒီအချိန်ကနေစပီး  အဆင်ပြေသုံးနိုင်မယ့်ပစ္စည်းကိုရှာနေခဲ့တာ..  ကူးလဲခြေထောက်မှာမြေပုံလိုအမှတ်လေးရှိတယ်  တော်ရုံဆိုအတိုတွေမဝတ်ဘူး။  အတိုဝတ်ရင် သူများ attention ပိုဖြစ်တာနဲ့ မသိတဲ့သူတွေက tatoo ထင်ပြီးလာလာမေးလို့ ကြာတော့ စိတ်ပျက်ပီးမဝတ်ဖြစ်တော့တာ။  အခြားကောင်မလေးတွေအတိုဝတ်တာတွေ့ရင်သိပ်သဘောကျတာ..အရင်ကကြားဖူးတာကြပေမယ့်
သေချာမစမ်းခဲ့ရဘူး။
အခုကိုယ်တိုင်ဝယ်စမ်းကြည့်ပီး အရမ်းကိုအဆင်ပြေတာကြောင့် ဝေဌလိုက်တာပါ။
အရောင်ကို ကိုယ့်အသားရေထက်နဲနဲညိုတာကိုရွေးဝယ်ပါ။ ဒီက အဖြူမလေးတွေကတော့ သူတို့အသားရည်ထက်များကြီးညိုတာလိမ်းတယ်...  ဒါကြောင့်သူတို့ခြေထောက်လေးတွေကြည့်လိုက် ရင် အမြဲတမ်း ချောမွတ်ပီး စင်းနေတာဘဲ...  ရေစိုလဲခံပါတယ်...  Spray type ကပိုကောင်းပါတယ်။ ဈေးလဲအဲလောက်မကြီးပါဘူးရှင်။ အွန်လိုင်းမှာရှာဝယ်လို့ရပါတယ်။

ပုံကို google က ယူပါတယ်ရှင့်။


မျက်ကွင်းညိုသူများ၊ မျက်လုံးနားမှအရေးကြောင်းများနဲ့ မျက်နှာ တင်းရင်းလှပစေဖို့..
- မုန်လာဥနီ နဲနဲ (ကြိတ်၊ ထောင်း)
-နွားနို့၊ ဂျုံ ၊ သံပုရာသီး တစ်စိပ် အားလုံးပျစ်အောင်မွှေပီး လိမ်းပါ.. ၁၅ မိနစ်သာထားပါ.. မျက်နှာရေနွေးနဲ့သစ်ပါ...တစ်ခါလုပ်ကြည့်ပီးလို့ ကိုယ့်မျက်နှာလေး တင်းတင်းမွတ်မွတ်လေးဖြစ်လို့အဆင်ပြေရင် တစ်ပတ် ၂ ခါလောက်လုပ်လို့ရပါတယ်။ အသားရည်အမျိုး မျိုး ကွဲတာကြောင့် အနည်းငယ်လိမ်းပီးအရင်စမ်းကြည့်ပါ။

ပါးစပ်နံပျောက်နည်း.... ခါတိုင်းလုပ်နေကြလုပ်ရိုးလုပ်စဉ်တွေနဲ့ နည်းလည်းတွေကိုတော့ ထပ်မပြောတော့ပါဘူး။ သွားကျမ်းမာရေးပုံမှန်လုပ်နေပေမယ့် အခြေနေအမျိုးမျိုးကြောင့် ပါးစပ်နံနေတဲ့သူတွေအတွက် ဒါလေးကတော့ အထိရောက်ဆုံးနဲ့အသုံးတစ်ကယ်တည့်မယ့်နည်းလေးပါ။ မနက်သွားတိုက်ပီး တစ်ခါ၊ ညဖက်သွားတိုက်ပီးတစ်ခါ ဆိုဒါမှုန့် Baking soda နဲ့ သံပုရာရည်ရောပီး ပလုတ်ကျင်းပေးပါ.. ၃ ရက်ဘဲ စမ်းကြည့်ပါ။ အချိုးအစားကတော့ ဆိုဒါမှုန့် လက်ဖက်ရည်တစ်ဇွန်း၊ သံပုရာတစ်လုံးပါ... သောက်ရေတစ်ခွက်စာရေထည့်ပီးဖျော်ပါ။ သုံးမကုန်ရင် ရေခဲသေတ္တာထဲထည့်သိမ်းပါ။

ချောင်းတစ်ဟွတ်ဟွတ်ဆိုးနေသူများအတွက်
ရေနွေးနွေးမှာ သံပုရာသီးတစ်လုံးကိုအရေညှစ်.ပီး မချက်ထားတဲ့ အုန်းဆီ (Virgin coconut oil) လက်ဖက်ရည်တစ်ဇွန်းထည့်မွှေပီးသောက်ပေးပါ.. မနက်တစ်ခွက် ညတစ်ခွက်ဘဲ.. ပျောက်ပီ

အစားမှားလို့ရင်ပူနေသူများအတွက်
ဆိုဒါ အနည်းငယ်ရေဖျော်ပီးသောက်ပါ..
 
နိုင်ငံရပ်ခြားကိုသွားမယ့် ပျိုမေတွေအတွက်ရာသီဥတုအရမ်းကွာဟတဲ့နိုင်ငံတွေသွားမယ်ဆိုရင် သနပ်ခါးက လွဲလို့ အခြားမျက်နှာလိမ်းအသုံးဆောင်တွေကို ကိုယ်နေမယ့်နိုင်ငံရောက်မှဘဲ ဝယ်လိမ်းရင်ပိုအဆင်ပြေပါတယ်။
ထုပ်ကုန်ခြင်းအတူတူ... အရည်အသွေးနဲ့ အမျိုးစား နေရာ ဒေသကွဲပီး ရောင်းတာမို့ မျက်နှာလိမ်းအသုံး ဆောင်တွေယူလာရင် အဆင်မပြေဖြစ်ပီး တင်းတိပ်..ဝက်ခြံနဲ့အမဲစက်တွေထွက်လာ တတ်တာမို့ သတိထားကြပါလို့။ 

Comments

  1. ကျေးဇူးအများကြီးတင်ပါတယ်မမကူးကူးရေ အကုန်မှတ်သွားပါတယ်နော်

    ReplyDelete
  2. ပညာပေးလေးတွေအတွက် ကျေးဇူး ကူးကူးရေ..

    ReplyDelete
  3. ဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
    ကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
    ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
    ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။

    *မင်းရဲ့ချစ်သူကို ပြန်ရဖို့။
    * ပြန်လည်ညှိနှိုင်းရန်
    *ကိုယ်ဝန်ဆောင်ရန်
    *ကင်ဆာကို ကုသရန်
    *လက်စားချေရန်
    *စီးပွားရေးကိုမြှင့်တင်ရန်
    * သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
    *HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
    သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
    Whatsapp- +2349046229159

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ...