Pages

Tuesday, August 18, 2009

မှိုဂျင်းမုန်ညှင်းစိမ်း

အခုတစ်ပတ်ကတော့နေရာပြောင်းတော့ ချက်ပြုတ်တဲ့တိုလီမုတ်စလေးတွေဘယ်အထုပ်ထဲ ထည့်မိမှန်းမသိဘူး။ ဟင်းချက်မယ်လုပ်မှ ကြက်သွန် ဖြူနီ လဲမတွေ့၊ ငရုတ်ဆုံလေးလဲမတွေ့၊ ဆားလဲမတွေ့ နဲ့အဆင်မပြေဖြစ်လိုက် တာ။ အိမ်ပြောင်းတော့လဲဒီလိုပါဘဲ။ ခဏပေါ့။ မြူးစ်ရဲ့ဘလော့ကမုန်ညှင်းဟင်းချိုလေးတွေ့တော့အားတက်သွား တယ်...
ဈေးနေ့က တောင်ပို့မှိုလား၊ တောမှိုတွေတောင်ပေါ်က အသည်တွေလာဆင်းရောင်းကြတာတွေ့လို့ဝယ်ထားတာ၊ သေချာတိုက်ချွတ်ဆေးကြောပီးရေခဲတဲ့အကန့်ထဲမှာထည့်ထားတာရှိတယ်။ မုန်ညှင်းစိမ်းလေးဝယ်ထားတာနဲနဲရှိ တာနဲ့၊ အမြန်ချက်လို့ရ၊ အဆင်လဲပြေမယ့်ဟင်းတစ်မယ် ဒီနေ့ နေ့လည်စာအဖြစ်စီစဉ်လိုက်ရပါတယ်။
ရုံးက function hall /cafe ထဲဝင်ပီး ကြက်သွန်ဖြူတစ်လုံးနဲ့ ဆားနဲနဲသွားတောင်းလာခဲ့တယ်။ မှိုကိုတော့ မနေ့ ညကတည်းက ရေနည်းနည်းနဲ့နွမ်းအောင် ဂျင်းအပြားလှီးထည့်ပီး နူးအောင်လုံးထားပီးသားမို့ မုန်ညှင်းကိုဘဲ ရေစင်စင်ဆေး၊ အနေတော်လှီးပီး..
ကြက်သွန်ဖြူကို ဟင်းချက်သုံးတူအသေးလေးနဲ့ ထုထားလိုက်ပီး ဆီသတ်၊ မုန်ညှင်းစိမ်း (အခါးမျိုးမဟုတ်) တွေကို ထည့် ရေထည့်၊ အရသာဆား၊အချိုမှုန့်ထည့်ပီး...ပွက်ပွက်ဆူလို့ နွမ်းရင်တော့ လုံးထားတဲ့ မှိုအကောင်လိုက် တွေကို မုန်ညှင်းဟင်းချိုထဲကိုထည့်လိုက်ပါတယ်။ မှိုအကောင်လိုက်ဆိုတာက မှိုတွေကသန်သန်မာမာတွေ၊ မနွှာတော့ဘူး..ခေါင်းကနေခြေထောက်အထိအကုန်ထည့်ပြုပ်ထားလိုက်တာ။ အခုဆိုရင်တော့ လွယ်လဲလွယ်၊ မြန်လဲမြန်တဲ့ မုန်ညှင်းနှင့်မှို ဟင်းရည်သောက်လေးတစ်ခွက်ရပါပီ။ ငရုတ်ကောင်းလေးပါဖြူးလိုက်ပါအုံး...

10 Comments:

subuueain said...

မှိုတွေအများကြီးပါလား။ ဟင်းချိုလေးသောက်ချင်တယ်။ မှိုလေးတွေက ချိုမဲ့ပုံလေးနော် သွားရည်ကျသွားပါတယ်

မိုးစက်အိမ် said...

အလိုဟင်းချို စာဘူးဖူးဘူး ... စားချင်လိုက်တာဗျာ ...

Anonymous said...

စားချင်တယ် စားမယ် ပို့ ပေး
၂၇ ရက်နေ့ နော်မှတ်ထားတယ်သိလား
ဟီဟီ ဘူဒူမှပြေားနဲ့သိလား
တို့ ၂ယောက်ထဲသိတာနော့်

ချစ်တဲ့
မြူးလေး

Shinmin said...

ကူးကူးရေ..
လည်လည်လာပါတယ်။
ရှင်မင်း က ဒီလိုဟင်းချို၊အရည်သောက်တွေဆို
တအားကြိုက်တယ်။ ခုလဲ အဲဒီမှိုမျိုး ဒီမှာမရှိ
ပေမယ့် ကူးကူးချက်သလိုလေး တခြားမှိုနဲ့
စမ်းချက်ဦးမယ်။
အာဘွားနော်။
Miss u!

မိုးကောင်းသူ said...

:D မှိုရတဲ့မျက်နှာ............ အားပါးတရ သောက်သွားတယ် ကူးကူးရေ။

rose of sharon said...

လာကြည့်ပြီးမှတ်သွားတယ်

လုလု said...

ကူးစ်လေးရေ့ 
မှိုရော မုန်ညင်းရော အကြိုက်ပဲ။
တကယ့်ကိုကြိုက်တာ။
တကယ်စားချင်နေတာ။
ချစ်တဲ့ မမလု

မျက်မှန်လေး said...

စားမှာဘဲ စားမှာဘဲ
ငါ့ကိုလာမတားနဲ့
ရှလွတ်

ဂျာမုန်းဒန် said...

ကူးလေးရေ။
အရမ်းကိုစားလို့ကောင်းမဲ့ပုံပဲ။
ကြည့်လိုက်တာနဲ့ကိုစားချင်နေတာ။
အရမ်းကြိုက်တယ်ကွာ။
အ၀စားလိုက်တယ်
ချစ်တဲ့မမ
ဂျာမုန်း

စူးနွယ် said...

အဲဒီတောမှိုလေး စားချင်လိုက်တာ

Post a Comment

ကူးကူးရေ...

 
Powered by Blogger