Pages

Thursday, August 13, 2009

မြန်မာ့မြေမှ တိုင်းတပါးသို့ (၁)

ကျွန်မမြန်မာပြည်ကထွက်လာတုန်းက ကြောက်ရွံစိတ်တစက်ကလေးမှမရှိပါဘူး။ ကျွန်မချစ်သူက ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ နိုင်ငံရက်ခြားမှာကြုံတွေ့ရမယ့်အခက်ခဲတွေကိုဘယ်လိုရင်ဆိုင်ရမယ်ဆိုတာရယ်၊ လေယဉ်စီး ရင်ဘယ်လိုနေရမယ်၊ ခါးပတ်ကိုဘယ်လိုသတိထားရမယ်၊ အိတ်တွေကအစ၊ ပတ်စပို့..ကိုမိတ္တူကူးထားဖို့၊ လူများ စကားလာပြောတိုင်းမယုံဖို့ အချက်လက်တွေအများကြီးကို အသေးစိတ်ရေးထားပေးတဲ့ ၄ မျက်နှာစာရွက်ကို print ထုတ်ပီး ခပ်တည်တည်နဲ့ထွက်လာခဲ့တာပါ။ ဘန်ကောက်အထိသူငယ်ချင်းတစ်ယောက်အဖော်ပါလို့ check-in လုပ် တဲ့အခါ အဆင်ပြေပေမယ့် ကီလိုပိုလို့ ၄၀၀၀၀ လောက်ထပ်ပေးခဲ့ရသေးတယ်။ luggage အကြီးကြီးတစ်လုံး၊ အလတ် တစ်လုံး၊ ကွန်ပြူတာအိတ်တစ်လုံး၊ မှတ်မှတ်ရရ နန်းထိုက်တော်ဝင် က အင်းလေးချည်သားကို လက်ပြတ် လေးချုပ်ထားတာရယ်၊ ဘောင်းဘီရှည်အမဲ အဖြူစင်းကျားနဲ့ ၄ လက်မ ဒေါက်ဖိနပ်နဲ့ပါ၊ ဆံပင်က ကောက်ထားတာ ကိုပြန်ဖြောင့်ထားတဲ့ ကြွက်စုတ်ကေလေးနဲ့၊ TG နဲ့ လေယဉ်စတက်တော့ ပျော်လိုက်သည်ဖြစ်ခြင်း၊ ပေးသမျှအစာတွေစား၊ ရေတွေသောက်၊ မကြာလိုက်ပါဘူး ဘန်ကောက်ရောက်ရော... ဘန်ကောက်ရောက်တော့ သူငယ်ချင်းက သူ့လမ်းသူသွား၊ ကျွန်မက ဘန်ကောက်မှာ ကျောင်းတက်နေတဲ့ညီမလေးကလာစောင့်နေမှာဆိုတော့ အပြင်ခဏထွက်ပီး သွားတွေ့ပါတယ်။ ကိုးရိုးကားရား နိုင်ပါတယ်၊ ဖိနပ်အမြင့်နဲ့လျှောက်ရတာအဆင်မပြေသလို. သူတို့ပြောတဲ့ထိုင်သံဝဲ၀ဲအင်္ဂလိပ်စကားကို နားလည် အောင်ကြိုးစားရတာလဲ တစ်မျိုး၊ အပြင်ထွက်တော့ ညီမလေးနဲ့တွေ့ပါတယ်၊ သူက ငိုလို့... မတွေ့တာလဲ ၃ နှစ်လောက်ရှိပီကိုး... ကျွန်မကတော့မငိုပါ။ အိတ်ထဲက မာမီထည့်ပေးလိုက်တဲ့သူ့အတွက်ပစ္စည်းတွေပေးပီး၊ အချိန်သိပ်မရတော့ အထဲပြန်ဝင်ရပါတယ်။ အထဲရောက်ပီး လေယဉ်ဆက်စီးဖို့စောင့်နေတဲ့အခါမှာတော့ တစ်ယောက်တည်း၊ မငိုရဲသေးဘူး.. ကြောင်တောင်တောင်နဲ့လိုက်ကြည့်နေတုန်း၊ လေယဉ်ပေါ်ရောက်မှ ဘာမှန်း မသိ အဲဒီအချိန်မှမျက်ရည်တွေ စီးကျလာတော့တာပါဘဲ။ မကြာဘူး..အစားသောက်လာကျွေးတော့ အငိုရပ်ပီး ဆက်စားပါတယ်။ ပီးတော့ mp3 လေးထဲက မြန်မာသီချင်းတွေကို နားထောင်လိုက်၊ မှေးခနဲ့အိပ်ပျော်လိုက်၊ လေယဉ်က ရမ်းခါပီး အောက်ကိုနဲနဲနိမ့်သွားတော့ ရင်ထဲမှာ ဟာ ကနဲ့ဖြစ်သွားတယ်.. အပေါ်ကနေ အသက်ရှုဖို့
အောက်စီဂျင်ပိုက်တွေပြုတ်ကျလာတယ်... ကျွန်မခါးပတ်ကိုတင်းတင်းဆွဲလိုက်ပီး ပြတင်းပေါက်လေးအပြင်ကို လှမ်းကြည့်တော့မဲမှောင်ပီး တစ်ချက်ချက် လျှပ်စီးလက်တဲ အနီရောင်အလင်းတန်းတွေတွေ့တယ်။ လေယဉ်က ခါလိုက် ပြန်ထိုးတက်လိုက်..အောက်နဲနဲနိပ်လိုက်နဲ့.. ကျွန်မမကြောက်ဖူး..ပျော်တောင်နေသေး..သူများတွေကို လှမ်းကြည့်တော့ မျက်စိမျက်နှာတွေပျက်နေကြတာများ.. ကျွန်မရီတောင်ရီချင်သေး.. (ဒါပေါ့ မျက်ကန်းတစ္ဆေမ ကြောက်ဆိုတာ).. နောက်တော့လေနဲနဲငြိမ်သွားတယ်ထင်ပါတယ်... ကျွန်မနဲနဲထပ်မှေးလိုက်သေးတယ်။ ဒီဘက် လေယဉ်ကွင်းရောက်ရင်ဘာလုပ်ရမလဲဆိုတဲ့ အညွှန်းကိုထပ်ဖတ်လိုက်တယ်၊ white card ဖြည့်ပီး.ပီ..
လေယဉ် အတက် ဘီးမြေပေါ်က အကြွနဲ့..ဘီးမြေပေါ်အချ..အချိန်ကိုကျွန်မအကြိုက်ဆုံးဘဲ.. အဲဒီခံစားမှုလေး ရဖို့အတွက် အချိန်ယူပီး check-in လုပ်နေရတာ၊ လေယဉ်မထွက်ခင်စောင့်နေရတာ၊ လေယဉ်ပေါ်က အနံ့တစ်မျိုး ပါနေတဲ့အစားတွေစားနေရလဲ.. လဲရတာတန်ပါတယ်လေ..(ဒါကြောင့်လဲနောက်ပိုင်းမှာလေယဉ် စီးရမယ်ဆို လာထားဘဲ) ပစ္စည်းတွေတွန်းလှဲပေါ်တင်ပီး ထွက်လာ တယ်။ ပထမ immigration ကောင်တာဖြတ်၊ နောက်အထပ် ကောင်တာတစ်ခုထပ်ဖြတ်၊ ပီးတော့ အဆောက်ဦးထဲကထွက်ပီး လမ်းမပေါ်တန်းရောက်တာနဲ့ ခပ်တည်တည်နဲ့မတ်တပ်ရပ် စောင့်နေလိုက်တယ်၊ ဘယ်သူမှမတွေ့ဘူး.. တစ်ခြားခရီးသည်တွေက လမ်းမကိုဖြတ် နောက်အဆောက်ဦးထဲထပ်ဝင်သွားတာ တွေ့တော့ ကျွန်မလဲ သူတို့နဲ့ ရောလိုက်သွားလိုက်တယ်။ နောက်ဆုံးမှာ တော့ ကုန်းဆင်းလိုမျိုးလုပ်ထားတဲ့ နေရာမှာ ကျွန်မတွန်းလှဲအလေးချိန်နဲ့ စီးထားတဲ့ဖိနပ်နဲ့.. ပိန်ညောင်ညောင် ခန္တာကိုယ်က အင်အားနဲ့ မနိုင်တော့ ပါဘူး၊ အလုပ်သမားတစ်ယောက် သဘောကောင်းစွာ..လာတွန်းပေးပါတယ်.. နောက်သူများတွေတန်းစီလက်ပြ နေတဲ့နေရာလဲရောက်တော့ ဘယ်သူလာကြိုမလဲမသိပေမယ့် ကျွန်မရုံးက treasurer ကို သူများကြားမှာ banner ကြီးကိုင်ပီးရပ်နေတာလှမ်းတွေ့လိုက်ပါတယ်။ နဲနဲတော့ရှက်ပေမယ့် လာကြိုတဲ့သူရှိတော့ စိတ်ချမ်းသာ သွားတယ်။ သူပစ္စည်းတွေလာသယ်ပေးပီး၊ ကားပေါ်တင်၊ ကားကြီးကအကြီးကြီး၊ ကျွန်မ၀မ်းကွဲရဲ့ ယောက်ျား၊ ကျွန်မကိုတစ်ခါမှမမြင်ဖူးသေးတဲ့သူကိုပါ သူကခေါ်လာသေးတယ်။ တစ်လမ်းလုံးစကားတစ်ပြောပြောနဲ့ ၃ နာရီ လောက်တော့ကြာမယ်ထင်တယ်၊ ၀င်းခြံကြီးတစ်ခုထဲကို ၀င်ခါနီး ကားရပ်လိုက်တော့၊ ကျွန်မအပြင်ကိုလှမ်းစပ်စု ကြည့်လိုက်တာ သေနတ် အကြီးကြီးတွေကိုင်ထားတဲ့ လူ ၃ ယောက်ကိုတွေ့တော့ ရဲစခန်းများလား လို့ထင်မိသေး တယ်။ နောက် ခြံထဲကိုကုန်းစင်းလေးဝင်ပီး...ဘယ်ကွေ့၊ ကုန်းတက်လေးပေါ်ရောက်တော့ အိမ်တစ်လုံးရှေ့မှာ ကျွန်မကိုချပေးပါတယ်။ ပစ္စည်းတွေအထဲထိလိုက်ပို့ပေးပီး၊ အနားယူဖို့၊ အစားသောက်တွေ ရေခဲသေတ္တာထဲ မှာရှိ ကြောင်း၊ ညတော်တော်နက်နေလို့ ပြန်တော့မယ်အကြောင်းပြောပီး.. ကားပြန်ထွက်သွားပါတယ်...
ကျွန်မရောက်နေတဲ့အိမ်ကို တစ်ခန်းဝင်တစ်ခန်းထွက်လိုက်ကြည့်ပီး၊ ပစ္စည်းတွေချ၊ ပေါင်မုန့်ထုတ်ချပေးထား တော့ အဲဒါနဲ့ butter အတုံးသေးတစ်ခုယူပီးစား၊ tv ဖွင့်ပီး.... channel တွေအများကြီးဆိုတော့ ပျော်သား... Fashion tv ကို အကြာကြီးထိုင်ကြည့်နေသေးတယ်။ ပီးမှအိပ်ပျော်သွားတယ်။
နောက်နေ့ ကျွန်မ passport ကိုလာယူပီး၊ immigration officers တွေက work permit တွေနဲ့ ခတ္တနိုင်ငံသား ကတ်တွေလုပ်ပေးတယ်၊ လက်ဗွေနှိပ်တဲ့အချိန်ကလွဲလို့ immigration ရုံးတစ်ခါမှမသွားဘူး။ မြန်မာသံရုံးကို တော့ရောက်ပီး ၂ ပတ်လောက် မှာ ရုံးကကားမနက်အစောကြီးကျွန်မကိုခေါ်သွားတယ်၊ သွားချင်တဲ့နေရာသွား၊ လိုက်ပို့ပေးတယ်။ မြန်မာသံရုံးမှာကျွန်မရောက်နေတယ်ဆိုတာအကြောင်းကြား၊ passport မိတ္တူပေး ပီး ဟို သွားဒီသွာလုပ်၊ လိုတဲ့ပစ္စည်းလေးတွေဝယ် ကားဆရာကနောက်ကတစ်ကောက်လိုက်ပီးကူသယ်ပေးပါတယ်။ ပီးတော့ ကားပေါ်တင်ပီ ကျွန်မကိုပြန်ခေါ်လာတယ်။ ရောက်ကတည်းက လိုလေသေးမရှိအောင် ရုံးကစီစဉ်ထား ပေးပါတယ်။ အစားသောက်က နေ့တိုင်း schedule ချထားတဲ့ အတိုင်း ကျွန်မနဲ့အလုပ်တွဲလုပ်မယ့်သူတွေနဲ့ ခင်မင်မှုရအောင် အတူစားရပါတယ်။ နောက်အပတ်မှာတော့ ထမင်းနဲ့ငပိရည်နေ့တိုင်းညားတော့တာပါဘဲ။ ဘာချက်ရမှန်းလဲမသိ၊ မျက်နှာသစ်နေရာသစ်မှာ ကြောင်တောင်တောင်ဖြစ်နေတော့၊ ဘာမှမချက်တတ်တာ လဲပါတယ်၊ မာမီကြော်ပေးလိုက်တဲ့ ချဉ်ပေါင်ကြော်ကို ငပိရည်ကြိုပီး နေတိုင်းအဲဒါနဲ့ပဲစားတာ ၂ပတ်တိတိ၊ မှတ် မှတ်ရရပါဘဲ၊
ပထမဦးဆုံး ဘုရားကျောင်သွားတဲ့ အပတ်မှာ ဆရာတစ်ယောက်က မြန်မာတွေ potluck ရှိတယ်၊ လာခဲ့ပါခေါ် တော့ ကျွန်မလဲပျော်ပျော်ရွှင်ရွှင်သွားပါတယ်၊ ငတ်နေတာကိုးလေ.. ဘာမှမချက်တတ်၊ အစားအသောက်တွေ လဲ လွမ်းနေပီ၊ အဲဒီနေ့မှာ မြန်မာတွေအများကြီးတွေ့..ပျော်မှာဘဲလို့စိတ်ကူးက အချိန်ရောက်လို့ မိသားစု ၂ စုနဲ့ မြန်မာ ၄ ယောက်လောက်ထပ်တွေ့တော့... အော်.. ဒီလောက်ပဲလားလို့..
အဲဒီနေ့က ကြက်ဥချဉ်ဟင်း၊ ငရုတ်သီးစိမ်းချင်းထောင်း (မညက်အောင်ထောင်းပါသည်)၊ အမဲသားဟင်း၊ ပဲပုပ်ကြော် နဲ့ စားကောင်းလိုက်သည်ဖြစ်ခြင်း..... နောက်ဆို မြန်မာအနဲစုလေး..စုကြမယ်ဟေ့ဆို မပျက်မ ကွက်ကိုသွားပါတော့တယ်။
သေနတ်ကြီးတွေတစ်ကားကားနဲ့ ရပ်နေတဲ့ခြံဝကအစောင့်တွေကို စိတ်ထဲမှာကြိတ်လှောင်လိုက်သေးတယ်။ မြန်မာတုန်းက တွေ့ဖူးတယ်၊ သေနတ်သာကိုင်တာ ကြည်ဆံမှမရှိတာ.. ..တစ်ရက်၊ လူတစ်ယောက် ခြံစည်းရိုး ကျော်ပီးဝင်လာတာ.... သေနတ်သံပြင်းပြင်းတစ်ချက်ကြားမှ တစ်ကယ့်သေနတ်တွေဆိုတာ သိတော့တယ်..
ခိုးဝင်လာတဲ့သူကို မပစ်ပါဘူး၊ သူ့ကိုခြောက်ပီး နံရံကိုပစ်တာ ဖြစ်ချင်တော့ သူက နှလုံးရောဂါရှိတော့ ဆေးရုံရောက်တော့ နှလုံးရောဂါနဲ့လန့်ပီးသေနေပီလေ..
ညဖက်ဆိုတံခါးပိတ်ပီးအပြင်ကိုလှမ်းကြည့်ရင်.. မှုန်ပြပြ လျှောက်လမ်းလေးတွေကိုသာ ထွန်းထားတဲ့ မီးဆိုင်း လေးတွေနဲ့... အချိန်နဲ့ လှည့်နေတဲ့ အစောင့်တွေကိုတစ်ခါတစ်ခါတွေ့ရတယ်။
ကြယ်ဆိုတာလဲ မမြင်ရပါဘူး...
မနက်လင်းလို့တံခါးဖွင့်ရင်.. ခပ်ပြင်းပြင်းတိုးဝင်လာတဲ့ လေတွေနဲ့ တစ်ခါတစ်လေနှင်းမှုန်လေးတွေ မြူလေးတွေ
ပါလာတတ်တယ်..
အိပ်နေရင်းကုတင်ပေါ်က ပြုတ်ပြုတ်ကျတဲ့ ညတွေရယ်၊ လမ်းလျှောက်တာနဲနဲများသွားလို့ ကြွက်တက်တဲ့ညတွေ ရယ်.. အိပ်မက်ထဲမှာ မြွေ၊ ဖား၊ တီကောင်၊ လူသေတွေလိုက်တယ်လို့ မက်တဲ့ညတွေရယ်..မှာ ညသန်းခေါင် ထထိုင် မာမီရေ...လို့အော်ငိုနေတာကလွဲလို့.. ကျန်တာတွေအားလုံး...ကိုယ့်အားထုတ်မှုပြောပလောက်အောင် မပါဘဲ..အားလုံးအဆင် ပြေနေခဲ့ပါတယ်...

8 Comments:

မေဇင် said...

ဘုရား ဘုရား သတ္တိခဲပဲ ၊ လေယဉ်ကြီး နိမ့်မြင့်ဖြစ်ပြီး လျှပ်စီးတွေနဲ့ကို မကြောက်ဘူးတဲ့....း)

rose of sharon said...

ကူးကူးရဲ့နိုင်ငံခြားခရီးစဉ်လေးကအစဉ်ကိုပြေ လို့ဘဲနော်
ဘုရားကျောင်းသွားတယ်ဆိုတော့ ခရစ်ယာန်လား
May God bless you.

စူးနွယ် said...

အားလုံးအဆင်ပြေတယ်ဆိုတာ ကောင်းတာပေါ့
ဘာလို့ သေနတ်ကြီးတွေနဲ့ ကင်းစောင့်တာလဲဟင်

မိုးကောင်းသူ said...

ကူးကူးကတော့ သတ္တိခဲမလေးပဲ။ အစ်မတော့ လေယာဉ်စီးရတာကြောက်တယ်။ သူမှ မသိစေနဲ့နော် ရှူးတိုးတိုး။

စန္ဒကူးမေ said...

အေးပေါ့မေဇင်ရဲ့.. မျက်ကန်း သရဲမကြောက် ဆိုတာ အဲလို..ဟိဟိ

စန္ဒကူးမေ said...

rose of sharon: ဟုတ်ကူးကူး ခရစ်ယန်ပါ..
စူးနွယ်။... သိဘူးလေ..ဒီမှာသေနတ်ဈေးပေါလို့ နေမှာပေါ့.. ဟိဟိ
မမမိုးကောင်းသူ... ရူးးတိုးတိုး..သူမှပြောဘူး..စိတ်ချ..း)

subuueain said...

ကူးကူးရေ တို့တုန်းကတော့ ကြောက်ကြောက်နဲ့လာရတာ။ ချန်ဂီလေဆိပ်ကတော့ လူရှိန်ပါတယ်။

စန္ဒကူးမေ said...

စုဘူး ...ကြောက်တာကတော့အတွင်းစိတ်ထဲမှာကိန်း အောင်းနေမလားတော့မသိဘူး.. စနစ်ကျတဲ့ ပြောဆိုဆက်ဆံရလွယ်တဲ့လေဆိပ်တွေကိုသဘောကျတယ်။ ချန်ဂီလဲကြိုက်တယ်... immigration ရောက်ဖို့အဝေးဝေးကြီးလျှောက်မသွားလို့...

Post a Comment

ကူးကူးရေ...

 
Powered by Blogger