Pages

Friday, August 7, 2009

ပဲပြားခရမ်းသီးကင်နှပ်

သတ်သတ်လွတ် ပဲပြားနဲပခရမ်းသီးရောချက်ရအောင်...
potluck ရှိရင်ထုံးစံအတိုင်းခေါင်းစားရပါတယ်။ သတ်သတ်လွတ်ပဲယူသွားခွင့်ရှိတဲ့အတွက် စဉ်းစားရတာအမြဲပါပဲ။
အစဉ်သင့်ဖြစ်အောင် ညဖက်မှာပဲပြားလေးတွေအပြားရှည်လေးတွေကြော်ထားလိုက်ပါတယ်။
မနက်မှခရမ်းသီးကိုပြားပြားလှီးပီး အိုးပူပူမှာကပ်ပီးကင်တော့မယ်ဆိုမှ တစ်ကယ်ချက်မယ့်မနက်မှာ gas ကုန်သွား လို့ဗျာများခဲ့ရပါသေးတယ်။
လျှစ်စစ်မီးဖိုနဲ့ပဲ အိုးထူထူ non-stick ကိုအပူပေးပီး ခရမ်းသီးတွေကိုပါးပါးလှီးနဲနဲအညိုရောင်သန်းအောင်ကင်လိုက်
ပါတယ်။
ကြော်ပီးသားပဲပြားတွေကိုတော့ တြိဂံပုံလေးတွေဖြစ်အောင် ကတ်ကြေးနဲ့ကန့်လတ်ဖြတ်ညှပ်လိုက်ပါတယ်။
အနှစ်အတွက်ကိုတော့ ခရမ်းချဉ်သီး (၄)လုံး၊ ငရုတ်သီးအနီတောင့် ၁ တောင့်၊ ဂျင်းအနဲငယ်၊ ကြက်သွန်ဖြူနီ
အကုန် ဘလန်ဒါထဲထည့်မွှေလိုက်ပါတယ်။
ပီးရင်တော့ ဆီနဲနဲနဲ့ မွှေးကြိုင်လာအောင်ကြော်ပါတယ်။ နနွင်းနဲ့ အရောင်တင်လေးလဲထည့်ဖို့မမေ့နဲ့အုံး..
ဟင်းထည့်မယ့်ပန်ကန်လုံးကြီးမှာ ညှပ်ထားတဲ့ပဲပြားတွေရယ်၊ ကင်ထားတဲ့ခရမ်းသီးတွေရယ်ကိုစီပြီးထည့်ထား လိုက်ပါနယ်။
ဲပြီးရင်တောင့် ခရမ်းချဉ်သီး ချဉ်စပ်မွှေးမွှေးကိုအပေါ်ကနေလောင်းချလိုက်ပါတယ်။
ကြွက်နရွက်မှိုလေးတွေကိုရေစိမ်ပါးပါးလှီးပီး... ပဲငံပြာရည်လေးနဲ့ နဲနဲလှော်လိုက်ပါတယ်။။ပီးရင်အပေါ်ကဖြူးထား လိုက်ပါ...
အဆင်သင့်ဖြစ်ပီဆိုရင်တော့ ကားပေါ်တင်ပီး... potluck ကိုသွားပါတယ်... အရင်တစ်ခါပဲသီးစုံဟင်းချက်တာ အများကြီး ကျန်ပေမယ့်ဒီတစ်ခါတော့ ကိုယ်တောင်မစားလိုက်ရပါဘူး..း)

5 Comments:

မိုးစက်အိမ် said...

ထမင်းစားချိန်ရောက်မှ ကျွန်တော်ဖွင်.
ကြည်.တာ မှားတာဘဲဗျာ...စားများ
စားလိုက်ရရင်တော. ဖြင်.ဗျာ..ရှလွတ် ရှလွတ် :)

rose of sharon said...

ကောင်းလိုက်တဲ့သက်သက်လွတ်ဟင်းလေး..

subuueain said...

ကောင်းလိုက်တဲ့သတ်သတ်လွတ်ဟင်းလေးနော်

ဂျာမုန်းဒန် said...

စားမယ်၊၀ါးမယ်။
အားလုံးကွယ်။
ခင်တဲ့အစ်မ
ဂျာမုန်း

မိုးကောင်းသူ said...

ပုံမြင်မြင်ချင်း ကြွက်နားရွတ်မှိုရှည်ရှည် လှီးထားတာကို ကျောက်ကျောချောင်းထင်နေတာ။ သတ်သတ်လွတ်ဟင်းလေး စားကောင်းလိုက်တာ။

Post a Comment

ကူးကူးရေ...

 
Powered by Blogger