Pages

Sunday, August 16, 2009

ကြောင်လျှာသီး craving

အရင်နှစ်ပတ်လောက်ကဘလော့တစ်ကာလိုက်လည်ရင်း ကြောင်လျှာသီးကြော်၊ ဖုတ်၊ တင်ထားတာတွေ့တော့ စိတ်ကထိမ်းလို့မရဘူး.စားချင်တာအရမ်းဘဲ။ ဒါ..နဲ့ဘဲ.. မာမီက လူကြုံနဲ့ဘာထည့်ပေးရမလဲမေးတော့ jungle food တွေထည့်ပေးလိုက်ပါ လို့.. ကြောင်လျှာသီးလဲမမေ့ပါနဲ့လို့ မှာလိုက်တော့ သတင်းစာရွက်နဲ့ ထုပ်ထားတဲ့ ကြောင်လျှာသီး ၂ချောင်း၊ ဖန်ခါးသီး၊ ဇီးဖြူသီး၊ ဒညင်းဝက်ကြော် နဲနဲ နဲ့ ဆားမပါတဲ့ နေကြာစေ့ တွေရောက်လာ ပါတယ်။
ကြောင်လျှာသီးကိုတွေ့တွေ့ချင်းပျော်လိုက်သည်ဖြစ်ခြင်း၊ ရုံးကိုယူသွားပြီး..သူငယ်ချင်းတွေကိုအသီးရှည်နဲ့ နောက်က လိုက်ထိုးပီးစနေတာ.. သူတို့ကလဲ ဘာအသီးမှန်းမသိတော့အရမ်းကိုစိတ်ဝင်စားပီး ၀ိုင်းအုံနေကြ တာ။ တစ်ယောက်ပီးတစ်ယောက်ဝိုင်းကိုင်လို့ STOP လို့ပြောထားရတယ်။ သူတို့ကမှ jungly countries.. တွေက လာကြာတာ.. :P..
ကြောင်လျှာသီးတော့လူတိုင်းကြော်တတ်ကြတယ်ဆိုတော့ ဘယ်လိုကြော်လဲတော့မရေးတော့ပါဘူး။
၎ပိုင်းလောက် ၁ လက်မအတိုလေးတွေကိုတော့ microwave ထဲထည့်ပီး ဖုတ်လိုက်ပါသေးတယ်..
ထမင်းနဲ့စားမလားလို့ ဒီတိုင်းဘဲ ကိုက်စားပစ်လိုက်တော့တာပါဘဲ...း)
ကြောင်လျှာသီးလေးနဲ့ ထမင်းလေးနဲ့ ပဲဟင်းပူပူလေးရယ်.. ငရုတ်သီးထောင်းလေးရယ်နဲ့ စားရတာ ကောင်းမှကောင်းး..း)
အခုတစ်လော စိတ်တွေရှုတ်နေတယ်၊ မနက်ဆိုမထချင်ဘူး၊ ညဆိုမအိပ်နိုင်ဘူး...
ကျွန်မသီချင်းလေးတွေနဲ့ ကိုယ့်စိတ်ကိုယ် မြှင့်လေ့ရှိတယ်.. ဟိုကြည့်ဒီကြည့်နဲ့ Blueberry ဆိုလားကောင်မလေး တွေ သီချင်းဆို၊ အိကျီဆင်တူဝတ် ပီး က နေတာလေးက ချစ်စရာလေးတွေ... ရုပ်တွေကခပ်ဆင်ဆင် ဆိုတော့ အမွှာနဲ့တောင်တူတယ်။ (စကားချပ်၊ ကူးကူးယောက်ျားယူရင်လဲ ကလေးဆို အမွှာဘဲလိုချင်ပါတယ်)
နောက်တော့ တွင်ကယ်လ် Twinkle သူ့အသံလေးကိုကြိုက်တယ်၊ ချောင်းသာသွားခဲ့တုန်းက ဟော်တယ်တစ်ခု တည်းမှာ အတူတည်းဖူးတယ်.. ချစ်စရာလေး... ပုပုလေး..
ကတာလဲ လုံးလုံးလေးနဲ့ ချစ်ဖို့ကောင်းတယ်.. တော်ပါတယ်.. မကြည့်ရသေးသူတွေအတွက် ပါတင်ပေးလိုက် တယ်... (အကသင်ရင်ကောင်းမလားဘဲ..)

တွင်ကယ်လ် - သွားလိုရာသွားပေတော့

9 Comments:

Anonymous said...

ကူးကူးးးးးးးးးးးးးးးးးးစ်

ကြောင်လျှာသီးအရမ်းကြိုက်တာပဲ
ဟင့် လာပို့ ပေးခုပဲနော် စားချင်တယ်သိလား
အက၀ါသနာပါလား ဟီဟီ
တူနေပြီ မြူးဆိုဒေါသထွက် ရင်ကတယ်
ရှကီးရာကြိုက်လား မြူးရဲ့အကြိုက်ဆုံးပေါ့
ဟီဟီ ပြေားတာများသွားပြီ သိလား
မွေးနေ့ က အောက်ဆိုဘာ ဘယ် ၂ရက်လဲ ပြေားအုံးလေ မေးလ်ချန်ခဲ့တယ်သိလား ဟိုနေ့ ကလေ



ချစ်တဲ့
မြူးလေး

Anonymous said...

ဟီးးးးးးးးးးးးးးး
မွေးနေ့ က အောက်တိုဘာဘယ် ၂ ရက်နေ့ လဲရေးတာနော်
အောက်ဆိုဘာဖြစ်သွားလို့ ပြန်ပြင်တယ်သိလား


မြူးလေး

subuueain said...

ဒီရာသီမှာတော့ ကြောင်လျှာသီးတော်တော်စားဖြစ်တယ် ကူးကူးရေ။ ဘယ်လိုဖြစ်ဖြစ်ကြိုက်တာဘဲ။ အကလေးကို ခံစားသွားတယ်။ သူများကတာ ကြည့်တာဘဲကောင်းပါတယ်။ကိုယ့်ဘာသာကတော့ ကဗျာလွတ်တောင်စည်းဝါးမကိုက်။ ဟီးဟီး

မိုးကောင်းသူ said...

ကြောင်လျှာသီး ကြောင်လျှာသီး လာစားပါတယ်။ အကပါ ၀င်ကသွားတယ်။ ဟီးဟီး ......... ကတတ်ပါဘူးနော်။ စတာ။

rose of sharon said...

ကူးကူးလေးရေ.... ကြောင်လျှာသီး မစားရတာကြာပြီ.... အလွမ်းပြေ အကြာကြီးငေးသွားတယ်.... တွင်ကယ်လ် ကိုလည်းပြီးအောင်ကြည့်သွားတယ်... ကြည့်လို့ကောင်းတယ်

T T Sweet said...

ညီမရဲ့ ကြောင်လျာသီးကြော်က တကယ်ကို စားချင်စဖွယ်ပဲ ... စားချင်ရက် လက်တို့တော့ဖြစ်နေပြီ ... နောက်တစ်ပတ် ပင်နစူးလားမှာ ၀ယ်လို့ရရင် ကြော်စားဦးမယ် ...

မေလေး said...

ကူးစ် မေလေးကကြောင်လျှာသီး မစားဘူးဘူးတော့။
ဘယ်လိုချက်ထားတာလဲဟင်။ ရွာမှာတုန်းကတော့ ကြောင်လျှာသီး ချဉ်ပတ်ထည့်ထားတာတော့ စားဖူးတယ်။
သီချင်းလေးလဲလာနားထောင်တယ်နော်။

ချစ်သူမောင် said...

ဟီးကြောင်လျှာသီးဆိုလို့နက်(က)တိုင်လ်ကိုပြေးမြင်တယ်
တချိန် (ပြည်ပမှာတုန်းက) သင်္ဘောသီးတို့
ကြောင်လျှာသီးတို့....ပုံးတို့ခေါ်ခဲ့တာတွေအမှတ်တရ

ကျောပိုးအိတ် said...

ခုဘဲ ကြောင်ရှာသီးချဉ်ဖတ် သူများဆီကနေ တောင်းလာခဲ့တာ။

ကြိုက်တယ်သိလား ကြောင်ရှာသီးကိုလေ။ ဘယ်လိုလုပ်လုပ် ခါးသက်သက် အရသာကိုကြိုက်တာ။

ကူးကူးလေးတောင်းထားတဲ့ဆုပြည့်ပါစေ။ အမွှာလေးရပါစေရှင်။

တကယ်တော့ ကျောပိုးအိတ်လဲ အမွှာလေးတွေ သိပ်ချစ်တာ။ ဆင်တူလေူတွေနဲ့ ကြည့်ရတာ ပျော်တယ်။

Post a Comment

ကူးကူးရေ...

 
Powered by Blogger