Skip to main content

ကြောင်လျှာသီး craving

အရင်နှစ်ပတ်လောက်ကဘလော့တစ်ကာလိုက်လည်ရင်း ကြောင်လျှာသီးကြော်၊ ဖုတ်၊ တင်ထားတာတွေ့တော့ စိတ်ကထိမ်းလို့မရဘူး.စားချင်တာအရမ်းဘဲ။ ဒါ..နဲ့ဘဲ.. မာမီက လူကြုံနဲ့ဘာထည့်ပေးရမလဲမေးတော့ jungle food တွေထည့်ပေးလိုက်ပါ လို့.. ကြောင်လျှာသီးလဲမမေ့ပါနဲ့လို့ မှာလိုက်တော့ သတင်းစာရွက်နဲ့ ထုပ်ထားတဲ့ ကြောင်လျှာသီး ၂ချောင်း၊ ဖန်ခါးသီး၊ ဇီးဖြူသီး၊ ဒညင်းဝက်ကြော် နဲနဲ နဲ့ ဆားမပါတဲ့ နေကြာစေ့ တွေရောက်လာ ပါတယ်။
ကြောင်လျှာသီးကိုတွေ့တွေ့ချင်းပျော်လိုက်သည်ဖြစ်ခြင်း၊ ရုံးကိုယူသွားပြီး..သူငယ်ချင်းတွေကိုအသီးရှည်နဲ့ နောက်က လိုက်ထိုးပီးစနေတာ.. သူတို့ကလဲ ဘာအသီးမှန်းမသိတော့အရမ်းကိုစိတ်ဝင်စားပီး ၀ိုင်းအုံနေကြ တာ။ တစ်ယောက်ပီးတစ်ယောက်ဝိုင်းကိုင်လို့ STOP လို့ပြောထားရတယ်။ သူတို့ကမှ jungly countries.. တွေက လာကြာတာ.. :P..
ကြောင်လျှာသီးတော့လူတိုင်းကြော်တတ်ကြတယ်ဆိုတော့ ဘယ်လိုကြော်လဲတော့မရေးတော့ပါဘူး။
၎ပိုင်းလောက် ၁ လက်မအတိုလေးတွေကိုတော့ microwave ထဲထည့်ပီး ဖုတ်လိုက်ပါသေးတယ်..
ထမင်းနဲ့စားမလားလို့ ဒီတိုင်းဘဲ ကိုက်စားပစ်လိုက်တော့တာပါဘဲ...း)
ကြောင်လျှာသီးလေးနဲ့ ထမင်းလေးနဲ့ ပဲဟင်းပူပူလေးရယ်.. ငရုတ်သီးထောင်းလေးရယ်နဲ့ စားရတာ ကောင်းမှကောင်းး..း)
အခုတစ်လော စိတ်တွေရှုတ်နေတယ်၊ မနက်ဆိုမထချင်ဘူး၊ ညဆိုမအိပ်နိုင်ဘူး...
ကျွန်မသီချင်းလေးတွေနဲ့ ကိုယ့်စိတ်ကိုယ် မြှင့်လေ့ရှိတယ်.. ဟိုကြည့်ဒီကြည့်နဲ့ Blueberry ဆိုလားကောင်မလေး တွေ သီချင်းဆို၊ အိကျီဆင်တူဝတ် ပီး က နေတာလေးက ချစ်စရာလေးတွေ... ရုပ်တွေကခပ်ဆင်ဆင် ဆိုတော့ အမွှာနဲ့တောင်တူတယ်။ (စကားချပ်၊ ကူးကူးယောက်ျားယူရင်လဲ ကလေးဆို အမွှာဘဲလိုချင်ပါတယ်)
နောက်တော့ တွင်ကယ်လ် Twinkle သူ့အသံလေးကိုကြိုက်တယ်၊ ချောင်းသာသွားခဲ့တုန်းက ဟော်တယ်တစ်ခု တည်းမှာ အတူတည်းဖူးတယ်.. ချစ်စရာလေး... ပုပုလေး..
ကတာလဲ လုံးလုံးလေးနဲ့ ချစ်ဖို့ကောင်းတယ်.. တော်ပါတယ်.. မကြည့်ရသေးသူတွေအတွက် ပါတင်ပေးလိုက် တယ်... (အကသင်ရင်ကောင်းမလားဘဲ..)

တွင်ကယ်လ် - သွားလိုရာသွားပေတော့

Comments

  1. ကူးကူးးးးးးးးးးးးးးးးးးစ်

    ကြောင်လျှာသီးအရမ်းကြိုက်တာပဲ
    ဟင့် လာပို့ ပေးခုပဲနော် စားချင်တယ်သိလား
    အက၀ါသနာပါလား ဟီဟီ
    တူနေပြီ မြူးဆိုဒေါသထွက် ရင်ကတယ်
    ရှကီးရာကြိုက်လား မြူးရဲ့အကြိုက်ဆုံးပေါ့
    ဟီဟီ ပြေားတာများသွားပြီ သိလား
    မွေးနေ့ က အောက်ဆိုဘာ ဘယ် ၂ရက်လဲ ပြေားအုံးလေ မေးလ်ချန်ခဲ့တယ်သိလား ဟိုနေ့ ကလေ



    ချစ်တဲ့
    မြူးလေး

    ReplyDelete
  2. ဟီးးးးးးးးးးးးးးး
    မွေးနေ့ က အောက်တိုဘာဘယ် ၂ ရက်နေ့ လဲရေးတာနော်
    အောက်ဆိုဘာဖြစ်သွားလို့ ပြန်ပြင်တယ်သိလား


    မြူးလေး

    ReplyDelete
  3. ဒီရာသီမှာတော့ ကြောင်လျှာသီးတော်တော်စားဖြစ်တယ် ကူးကူးရေ။ ဘယ်လိုဖြစ်ဖြစ်ကြိုက်တာဘဲ။ အကလေးကို ခံစားသွားတယ်။ သူများကတာ ကြည့်တာဘဲကောင်းပါတယ်။ကိုယ့်ဘာသာကတော့ ကဗျာလွတ်တောင်စည်းဝါးမကိုက်။ ဟီးဟီး

    ReplyDelete
  4. ကြောင်လျှာသီး ကြောင်လျှာသီး လာစားပါတယ်။ အကပါ ၀င်ကသွားတယ်။ ဟီးဟီး ......... ကတတ်ပါဘူးနော်။ စတာ။

    ReplyDelete
  5. ကူးကူးလေးရေ.... ကြောင်လျှာသီး မစားရတာကြာပြီ.... အလွမ်းပြေ အကြာကြီးငေးသွားတယ်.... တွင်ကယ်လ် ကိုလည်းပြီးအောင်ကြည့်သွားတယ်... ကြည့်လို့ကောင်းတယ်

    ReplyDelete
  6. ညီမရဲ့ ကြောင်လျာသီးကြော်က တကယ်ကို စားချင်စဖွယ်ပဲ ... စားချင်ရက် လက်တို့တော့ဖြစ်နေပြီ ... နောက်တစ်ပတ် ပင်နစူးလားမှာ ၀ယ်လို့ရရင် ကြော်စားဦးမယ် ...

    ReplyDelete
  7. ကူးစ် မေလေးကကြောင်လျှာသီး မစားဘူးဘူးတော့။
    ဘယ်လိုချက်ထားတာလဲဟင်။ ရွာမှာတုန်းကတော့ ကြောင်လျှာသီး ချဉ်ပတ်ထည့်ထားတာတော့ စားဖူးတယ်။
    သီချင်းလေးလဲလာနားထောင်တယ်နော်။

    ReplyDelete
  8. ဟီးကြောင်လျှာသီးဆိုလို့နက်(က)တိုင်လ်ကိုပြေးမြင်တယ်
    တချိန် (ပြည်ပမှာတုန်းက) သင်္ဘောသီးတို့
    ကြောင်လျှာသီးတို့....ပုံးတို့ခေါ်ခဲ့တာတွေအမှတ်တရ

    ReplyDelete
  9. ခုဘဲ ကြောင်ရှာသီးချဉ်ဖတ် သူများဆီကနေ တောင်းလာခဲ့တာ။

    ကြိုက်တယ်သိလား ကြောင်ရှာသီးကိုလေ။ ဘယ်လိုလုပ်လုပ် ခါးသက်သက် အရသာကိုကြိုက်တာ။

    ကူးကူးလေးတောင်းထားတဲ့ဆုပြည့်ပါစေ။ အမွှာလေးရပါစေရှင်။

    တကယ်တော့ ကျောပိုးအိတ်လဲ အမွှာလေးတွေ သိပ်ချစ်တာ။ ဆင်တူလေူတွေနဲ့ ကြည့်ရတာ ပျော်တယ်။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ