Pages

Monday, August 31, 2009

အမဲရိုးစွပ်ပြုပ်


နံရိုးစွပ်ပြုပ်လုပ်သောက်ဖို့အတွက် အမဲ နံရိုးနုလေးတွေကို ၁ နာရီလောက်ကားမောင်းရတဲ့ တောင်ပေါ်တက် ပီး သွားဝယ်ရပါတယ်။ စူပါမားကတ်တွေနဲ့၊ အသားဆိုင်တွေမှာလဲရောင်းပေမယ့် ၀က်သားနဲ့ တွဲတွဲထားလို့ ကျွန်မစား လို့မရတာကြောင့်မ၀ယ်ဖြစ်ပါဘူး။ အသားစားချင်ရင်တစ်ကူးတစ်က တောင်ပေါ်မှာသွားသွားဝယ်ရပါတယ်။
အဲဒီမှာတော့ အမဲသားအကုန်သီးသန့်ရောင်းတာမို့ ခေါင်းကနေ အမြီးအဆုံး အကုန်ဝယ်လို့ရပါတယ်... ၀က်သားတွေ ရောင်းတဲ့ဆိုင်မှာ ၀က်နားရွက်လေးတွေရောင်းတာတွေ့ဖူးတယ်။ ကျွန်မချစ်သူပြောခဲ့ဖူးတဲ့ နွားနရွက် သုပ်စားချင်တယ် စကားကြောင့် ဒီလို စုံတဲ့နေရာမှာ နွားနားရွက်လေးများရောင်းတာရှိမလားလို့ မျက်လုံးဝေ့ လိုက် ရှာကြည့်သေးတယ်။ မရှိဘူး။ အမြီးတော့တွေ့တယ်..း) ခေါင်းအရေခွံတွေလဲတွေ့တယ်.. ရာဘာလိုအပြားတွေ...
ကဲဒါနဲ့ဘဲ လိုရင်းကမရောက်ဘူး။ ရင်နူးရိုး၁ ကီလိုဝယ်လိုက်တယ်။ အရိုးကလေးတော့ ၁ကီလိုကနဲနဲဘဲရပါတယ်။
အသားတွေလဲ ကပ်ပါနေသေးတယ်... နောက်တော့ အသားနဲနဲထပ်ဝယ်ပီး ပြန်လာခဲ့တယ်...
ရေနဲ့သေချာဆေး..အချွဲအသားလေးတွေလှီးထုပ်ပီး... ဆားနဲ့ နယ်ပီး ၅ မိနစ်နောက်ထားထားလိုက်တယ်။ နောက်မှ ပြုပ်မယ့်အိုးကို ပူအောင်တည်ပီး အရိုးတုံးတွေထည့် အရေခွံတင်းလာအောင်ခဏ မွှေလိုက်ပါတယ်။
ဲပီးရင်တော့ ရေ ထည့်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ကြက်သွန်နီ အတုံးကြီးလှီး ပီ တော့ ထည့်ပြုပ်ပါတယ်။
မီးအေးအေးနဲ့ အချိန်ကြာကြာပြုပ်တော့ ဆီထည့်စရာမလို အဆီထွက်ပါတယ်... ကြက်သွန်နီတွေလဲနူး..
စွပ်ပြုပ်အရသာမွှေးလာပီဆိုရင်တော့ ကျွန်မအကြိုက်.. ကုလားပဲနဲနဲရေစိမ်ထားတာ ထည့်ပီး ၁ နာရီလောက် ထပ်ပြုပ်လိုက်ပီးတဲ့အခါမှာတော့ မွှေးကြိုင်ပီး အရသာ နင့် နေအောင် ကောင်းတဲ့ အမဲရိုးစွပ်ပြုပ်လေးတစ်ခွက် ရပါပီ..... ငရုတ်ကောင်းလေးနဲ့ ပူတီနံလေး သောက်ခါနီးမှာခပ်ဖို့မမေ့နဲ့အုံး...း)

11 Comments:

စူးနွယ် said...

ကောင်းလိုက်တာ
လိုက်လုပ်သောက်ဦးမှ

subuueain said...

အမဲသားမစားဘူး။ ဆိတ်ခြေထောက်ကလည်း ဈေးကြီး။ အင်း ဒုက္ခဒုက္ခ ငမ်းပြီးပြန်ပြီ။

မိုးကောင်းသူ said...

နံရိုးစားဖို့ တော်တော်ဝေးဝေးသွားဝယ်ရတယ်နော်။ အသားထက်အရိုးတွေကို ပိုကြိုက်တယ်။ အကုန်စားတယ်။ :D ပူတီနံထပ်ခပ်ဖို့မသိဘူးတော့။ ငရုတ်ကောင်းတော့ ထည့်ခပ်တတ်ပါတယ်။

rose of sharon said...

ခေါက်ဆွဲဖတ်လေးပါထည့်စားလိုက်မယ်နော်

Anonymous said...

ကူကူးးးးးးးးးးစ်

ကြိုက်ပါ့တော် ရှင်လေးက မြူးးးးးစ်လေး
အကြိုက်သိပါ့ စွပ်ပြုပ်ကြိုက်တယ်သိလား

ချစ်တဲ့
မြူးလေးးးးးးးးးးးးးစ်

ဂျာမုန်းဒန် said...

ကူးလေးရဲ့အမဲ့ဆွတ်လေးသောက်လိုက်လို့
မမဂျာမုန်းအားရှိသွားပြီ။
အရမ်းကောင်းတယ်သိလား။
ချစ်တဲ့မမ

Anonymous said...

ရင်နှူးရိုး ဆိုတဲ့ အခေါ်အဝေါ်လေးနဲ့ ဝေးနေရတာ ကြာပါပြီ..
ကူးကူးတို့အဆင်ပြေလိုက်တာ..
အမဲရိုး အမဲသား လတ်ဆတ်တာဝယ်စားရတယ်..။
ရေခဲရိုက်မဟုတ်ဘူး


ပေါက်

တောင်ပေါ်သား said...

အမရေ အလည်လာတာ ဟင်းနဲ့ လာတိုးသွားတယ်။း) ပူတီနံလား ကျနော့်တို့ဆီမှာခေါ်တာကတော့ ပူစီနံဆိုလား သိဘူးပဲ

လေးစားလျက်
တောင်ပေါ်သား

Andy Myint said...

အမဲရိုးနဲ့ ဟင်းအိုးမှ အားမနာ ပြောရအောင်လည်း အမဲရိုးလေးတွေက နုနုထွတ်ထွတ်လေးနဲ့။ ၁ နာရီလောက် ကားမောင်းသွားရကျိုး နပ်မှာပါလေ။ အမဲရိုး စွတ်ပြုတ် ချက်နည်းလည်း လိုချင်သေးတယ်။ ရန်ကုန်က ဆိုင်တွေမှာ ရောင်းသလို အရိုးအကြီးကြီးတွေလေ။ အထဲက ချဉ်ဆီတွေ စုတ်စားလို့ ကောင်းတယ်။

Everest said...

ဓါတ်ပုံရိုက်ချင်လိုက်တာ ပြင်ဆင်ထားလိုက်တာများ။
အယ်...။ စားလည်း စားချင်တယ်နော်။

ကိုအောင်(ပျူနိုင်ငံ) said...

ဟင်းချက်နည်းတွေ လာဖတ်တယ်၊ အကိုကတော့ ဟင်း
မချက်တတ်သလောက်ပဲ၊ အိမ်က မိန်းမ ချက်ကျွေးတာပဲ
စားတယ်၊ အားပေးလျက်ပါ ညီမရေ။

Post a Comment

ကူးကူးရေ...

 
Powered by Blogger