Skip to main content

အမဲရိုးစွပ်ပြုပ်


နံရိုးစွပ်ပြုပ်လုပ်သောက်ဖို့အတွက် အမဲ နံရိုးနုလေးတွေကို ၁ နာရီလောက်ကားမောင်းရတဲ့ တောင်ပေါ်တက် ပီး သွားဝယ်ရပါတယ်။ စူပါမားကတ်တွေနဲ့၊ အသားဆိုင်တွေမှာလဲရောင်းပေမယ့် ၀က်သားနဲ့ တွဲတွဲထားလို့ ကျွန်မစား လို့မရတာကြောင့်မ၀ယ်ဖြစ်ပါဘူး။ အသားစားချင်ရင်တစ်ကူးတစ်က တောင်ပေါ်မှာသွားသွားဝယ်ရပါတယ်။
အဲဒီမှာတော့ အမဲသားအကုန်သီးသန့်ရောင်းတာမို့ ခေါင်းကနေ အမြီးအဆုံး အကုန်ဝယ်လို့ရပါတယ်... ၀က်သားတွေ ရောင်းတဲ့ဆိုင်မှာ ၀က်နားရွက်လေးတွေရောင်းတာတွေ့ဖူးတယ်။ ကျွန်မချစ်သူပြောခဲ့ဖူးတဲ့ နွားနရွက် သုပ်စားချင်တယ် စကားကြောင့် ဒီလို စုံတဲ့နေရာမှာ နွားနားရွက်လေးများရောင်းတာရှိမလားလို့ မျက်လုံးဝေ့ လိုက် ရှာကြည့်သေးတယ်။ မရှိဘူး။ အမြီးတော့တွေ့တယ်..း) ခေါင်းအရေခွံတွေလဲတွေ့တယ်.. ရာဘာလိုအပြားတွေ...
ကဲဒါနဲ့ဘဲ လိုရင်းကမရောက်ဘူး။ ရင်နူးရိုး၁ ကီလိုဝယ်လိုက်တယ်။ အရိုးကလေးတော့ ၁ကီလိုကနဲနဲဘဲရပါတယ်။
အသားတွေလဲ ကပ်ပါနေသေးတယ်... နောက်တော့ အသားနဲနဲထပ်ဝယ်ပီး ပြန်လာခဲ့တယ်...
ရေနဲ့သေချာဆေး..အချွဲအသားလေးတွေလှီးထုပ်ပီး... ဆားနဲ့ နယ်ပီး ၅ မိနစ်နောက်ထားထားလိုက်တယ်။ နောက်မှ ပြုပ်မယ့်အိုးကို ပူအောင်တည်ပီး အရိုးတုံးတွေထည့် အရေခွံတင်းလာအောင်ခဏ မွှေလိုက်ပါတယ်။
ဲပီးရင်တော့ ရေ ထည့်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ကြက်သွန်နီ အတုံးကြီးလှီး ပီ တော့ ထည့်ပြုပ်ပါတယ်။
မီးအေးအေးနဲ့ အချိန်ကြာကြာပြုပ်တော့ ဆီထည့်စရာမလို အဆီထွက်ပါတယ်... ကြက်သွန်နီတွေလဲနူး..
စွပ်ပြုပ်အရသာမွှေးလာပီဆိုရင်တော့ ကျွန်မအကြိုက်.. ကုလားပဲနဲနဲရေစိမ်ထားတာ ထည့်ပီး ၁ နာရီလောက် ထပ်ပြုပ်လိုက်ပီးတဲ့အခါမှာတော့ မွှေးကြိုင်ပီး အရသာ နင့် နေအောင် ကောင်းတဲ့ အမဲရိုးစွပ်ပြုပ်လေးတစ်ခွက် ရပါပီ..... ငရုတ်ကောင်းလေးနဲ့ ပူတီနံလေး သောက်ခါနီးမှာခပ်ဖို့မမေ့နဲ့အုံး...း)

Comments

  1. ကောင်းလိုက်တာ
    လိုက်လုပ်သောက်ဦးမှ

    ReplyDelete
  2. အမဲသားမစားဘူး။ ဆိတ်ခြေထောက်ကလည်း ဈေးကြီး။ အင်း ဒုက္ခဒုက္ခ ငမ်းပြီးပြန်ပြီ။

    ReplyDelete
  3. နံရိုးစားဖို့ တော်တော်ဝေးဝေးသွားဝယ်ရတယ်နော်။ အသားထက်အရိုးတွေကို ပိုကြိုက်တယ်။ အကုန်စားတယ်။ :D ပူတီနံထပ်ခပ်ဖို့မသိဘူးတော့။ ငရုတ်ကောင်းတော့ ထည့်ခပ်တတ်ပါတယ်။

    ReplyDelete
  4. ခေါက်ဆွဲဖတ်လေးပါထည့်စားလိုက်မယ်နော်

    ReplyDelete
  5. ကူကူးးးးးးးးးးစ်

    ကြိုက်ပါ့တော် ရှင်လေးက မြူးးးးးစ်လေး
    အကြိုက်သိပါ့ စွပ်ပြုပ်ကြိုက်တယ်သိလား

    ချစ်တဲ့
    မြူးလေးးးးးးးးးးးးးစ်

    ReplyDelete
  6. ကူးလေးရဲ့အမဲ့ဆွတ်လေးသောက်လိုက်လို့
    မမဂျာမုန်းအားရှိသွားပြီ။
    အရမ်းကောင်းတယ်သိလား။
    ချစ်တဲ့မမ

    ReplyDelete
  7. ရင်နှူးရိုး ဆိုတဲ့ အခေါ်အဝေါ်လေးနဲ့ ဝေးနေရတာ ကြာပါပြီ..
    ကူးကူးတို့အဆင်ပြေလိုက်တာ..
    အမဲရိုး အမဲသား လတ်ဆတ်တာဝယ်စားရတယ်..။
    ရေခဲရိုက်မဟုတ်ဘူး


    ပေါက်

    ReplyDelete
  8. အမရေ အလည်လာတာ ဟင်းနဲ့ လာတိုးသွားတယ်။း) ပူတီနံလား ကျနော့်တို့ဆီမှာခေါ်တာကတော့ ပူစီနံဆိုလား သိဘူးပဲ

    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  9. အမဲရိုးနဲ့ ဟင်းအိုးမှ အားမနာ ပြောရအောင်လည်း အမဲရိုးလေးတွေက နုနုထွတ်ထွတ်လေးနဲ့။ ၁ နာရီလောက် ကားမောင်းသွားရကျိုး နပ်မှာပါလေ။ အမဲရိုး စွတ်ပြုတ် ချက်နည်းလည်း လိုချင်သေးတယ်။ ရန်ကုန်က ဆိုင်တွေမှာ ရောင်းသလို အရိုးအကြီးကြီးတွေလေ။ အထဲက ချဉ်ဆီတွေ စုတ်စားလို့ ကောင်းတယ်။

    ReplyDelete
  10. ဓါတ်ပုံရိုက်ချင်လိုက်တာ ပြင်ဆင်ထားလိုက်တာများ။
    အယ်...။ စားလည်း စားချင်တယ်နော်။

    ReplyDelete
  11. ဟင်းချက်နည်းတွေ လာဖတ်တယ်၊ အကိုကတော့ ဟင်း
    မချက်တတ်သလောက်ပဲ၊ အိမ်က မိန်းမ ချက်ကျွေးတာပဲ
    စားတယ်၊ အားပေးလျက်ပါ ညီမရေ။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ...