Skip to main content

မိုးဦး မျှစ်စိမ်းတာလပေါ့

နွေ၊မိုး၊ဆောင်း ပုံမှန်ရာသီလိုမရှိပေမယ့် မိုးစရွာတဲ့ရာသီကိုမိုးဦးရာသီလို့ဘဲသတ်မှတ်လိုက်ပါတယ်။ အခုရက်ပိုင်းမှာမိုး က တရစပ်ကိုရွာနေတာမို့ အပြင်ထွက်ရလဲခက်ပါတယ်။ ခါတိုင်းတော့အမြဲလိုလို မိုးရွာနေပူ မုန်တိုင်းတွေဖြစ်နေ ပေမယ့် ပီးခဲ့တဲ့ အပတ်ကတည်းက ရွာလိုက်တဲ့မိုးရယ်တစ်ခါမှမစဲတော့ပါဘူး။ အိမ်ကိုလဲသတိရတယ်၊ မြန်မာပြည် ကအစာတွေလဲလွမ်းတယ်။ လုံးဝရှာမရတဲ့အစာတွေအထူးသဖြင့် ကြောင်လျှာသီး၊ ဇီးဖြူသီး၊ ဖန်ခါးသီး၊ ကတက် ချဉ်၊ အင်ဥ၊ မျှစ်... အကုန်ကိုစားချင်နေတော့တာပါပဲ။
မျှစ်ကတော့ကြံဖန်လုပ်လို့ရတဲ့အရာဆိုတော့ ကျန်တဲ့ဟာတွေကိုတော့အိမ်ကလှမ်းမှာရတာဘဲ။ မိုးဆက်တိုက်ရွာ နေတဲ့အချိန် မိုးလေးနဲနဲစဲတော့ ခြံထဲက အလှစိုက်ထားတဲ့ဝါးရုံတွေအောက်ခြေမှသွားချောင်းချောင်းနေတာ.. မနေ့ ညနေက ၀ါးပေါက်စို့လေး ၂ ခုတွေ့တော့ဝမ်းသာအားရ ဒီနေ့ ၀ါးရုံအောက်သွားမျှစ်သွားချိုးလာခဲ့ပါတယ်။
ရင်ကခပ်ခုန်ခုန်ရယ်၊ ၀ါးရုံကြီးကလေတိုက်တိုင်းကျိ ကျိကျိ နဲ့အော်နေတော့ သရဲခြောက်သလိုလို၊ အထဲကအကောင်ရှည်များ ထွက်လာမလားခပ်ကြောက်ကြောက်ရယ်။ စားချင်လွန်းလို့သာအရဲစွန့်ရသပ။
ဝါးပင်အခွံအဖတ်လေးတွေကိုခွာပီး အထဲကအနုလေးတွေရေစိမ်ပီး၊ တစ်ရေလောက်ပြုပ်လိုက်ပါတယ်။
ဆန်လှော်၊ ကြေအောင်ဘလန်ဒါနဲ့မွှေပီး မျှစ်နုနုလတ်လတ်ဆတ်ဆတ် တာလပေါ့ဟင်းလေးချက်စားဖြစ်တယ်။
လတ်ဆတ်လို့လားတော့မသိ..အရသာလဲရှိ၊ ချိုလဲချို၊ မျှစ်လေးတွေဆတ်ဆတ်လေးနဲ့မိုးအေးအေးမှာ အရမ်းသောက်လို့ ကောင်းပါတယ်။ ကျမ်းမာရေးလိုက်စားသူများအတွက်သင့်တော်မှာပါ..ဆီလဲမပါပါဘူး။
တာလပေါ့ချက်ဖို့ကတော့ထုံးစံအတိုင်း
ဆန်မှုန့်
စိမ်းစားငပိအနည်းငယ်
ကြက်သွန်ဖြူနီ
ငါးပြုပ် (အသား)
ငါးငံပြာရည်အနဲငယ်... ဆိုရပါပီ..း)
ချစ်ပေါက်စ်.. ကတာလပေါ့ချက်နည်းလေးရေးပါပြောလို့ထပ်ရေးလိုက်တယ်။ ချက်နည်းကတော့ တူချင်မှတူ မှာပါ။ ဒါပေမယ့်ခြုံကြည့်ရင်တော့အတူတူပါဘဲ..
ပထမဆုံး
၁။ ရေနွေးကိုပွက်ပွက်ဆူအောင်တည်ထားပါ
၂။ ဆန်ကိုလှော်ပီးညက်နေအောင်ထောင်းပီး.. ရေနွေးလေးနဲ့ ခွက်တစ်ခုတည်းမှာအရေဖျော်ထားပါ။
၃။ ရေနွေးပွက်ပွက်ဆူထဲကိုဆန်လှော်မှုန့်အရည်ကိုလောင်းထည့်ပါ။(အများကြီးမလိုပါဘူး..ဆန်ကပွလာအုံးမှာမို့)
၎။ ငါးကိုငံပြာရည်လေးနဲ့ပြုပ်ပီးအသားနွှာထားပါ၊ အနည်းငယ်ကိုဟင်းအိုးထဲခတ်ပါ။
၅။ ကြက်သွန်ဖြူ၊နီ ကိုမညက်တစ်ညက်ထောင်းပီး ဟင်းရည်အိုးထဲထည့်ပါ၊ ဆားထည့်ပါ
၆။ စိမ်းစားငပိအနည်းငယ်ကိုအရည်ဖျော် လောင်းထည့်ပါ။
၇။ မျှစ်အစိမ်း (သို့)အပြုပ် ((သို့) ပိန္နဲသီးအနု၊ ကင်ပွန်းချဉ်၊ ပတတ်စာ၊ ကြိုက်ရာဟင်းရွက်) ကိုပါးပါးလှီးထည့်ပါ။
၈။ ဆန်မှုန့်လဲပျစ်လာပီ၊ မျှစ်လဲကျက်လောက်ပီဆိုရင်တော့ အရသာမြည်းပီး ပူပူနွေးနွေးသောက်လို့ရပါပီ။

Comments

  1. စားချင်လိုက်တာ
    မျှစ်စိမ်းချက်စားခဲ့တာသတိရသွားပြီ

    ReplyDelete
  2. ကူးကူးရေ..
    တာလပေါ ဆိုတာကြားဖူးတယ်..
    မစားဖူးဘူးး
    ချက်နည်း သေချာပြောပြပါအုန်းး

    ReplyDelete
  3. မျှစ်ဆတ်ဆန်လှော်ဟင်း မစားရတာတောင်ကြာပေါ့။ ဒီက ယိုးဒယားဈေးမှာ မျှစ်စိမ်းလေးတွေတွေ့တယ်။ လတ်ဆတ်နေတာဘဲ။ဒါပေမယ့်ဈေးကြီးတယ်။ ကူးကူးဆီကဘဲ ယူစားသွားတော့မယ်။

    ReplyDelete
  4. ကူးကူးရေ

    မြွေပါးကင်းပါးသတိထားဦးနော်။
    တာလပေါ့ဟင်းလေးလာစားသွားတယ်။
    အတော်ဘဲဝိတ်ချနေတာနဲ့ အဆီမပါဘူးဆိုလို့ အားရပါးရစားသွားတယ်

    ReplyDelete
  5. စူးနွယ်... မျှစ်စိမ်းချက်စားဖူးတယ်လား..ပြောပြပါအုံး.. ကူးကအခုမှအစိမ်းစားဖူးတာ..

    ပေါက်စ်...
    ကူးရေးထားပေးပီနော်.. ချက်နည်း

    စုဘူး...
    ဈေးမှာဝယ်စားရတာပိုသက်သာမယ်ထင်တယ်..ဒီမှာ မရောင်းလို့ရင်တမမနဲ့သွားချိုးရတာ..ဟီးးးး

    ကျောပိုးအိတ်..
    ကျေးဇူး... မြွေတွေ့ရင်လန့်သေမလားမသိဘူး..တီကောင်တောင်ဒီလောက်ကြောက်တား(

    ReplyDelete
  6. my favourite !!! ကူးကူးရယ်ရက်စက်ပ ..ငါအရမ်းစားချင်တာ ..မေကြီးကတော.မြစ်အစိမ်းကိုပေါက်ပြီးရေတညစိမ်တယ်
    ပြီးမှချက်တာ မပြုတ်ဘူး ဒီမှာ မတွေ.သေးဘူးအစိမ်းကို
    ( မြွေတွေ.ရင်မလန်.နဲ. ငါရှိတယ် ဟိဟိ )

    ReplyDelete
  7. ကရင်ရိုးရာဟင်းလေးတွေ့လိုက်ရလို့ ကရင်မတယောက်အနေနဲ့ အတိုင်းမသိဝမ်းသာမိပါတယ် ချက်မစားဖြစ်တာအတော်ကြာပြီ ကျေးဇူးကူးကူးရေ...

    ReplyDelete
  8. ညကတည်းက ရောက်တာဗျ မန်.ချင်တာလေး
    မန်.မရလို. ခုမှ ပြန်လာတာ ... ညကတော. ချက်နည်း
    မတင်ထား ဘူး ခုတင်ထားတယ် ဆိုတော.ကောင်း
    တာပေါ. လျောက် ကလိလို.ရတာပေါ.ဗျာ...အဲ
    မျှစ်ရော ၀က်သားနဲ. ချက်စားလို.ရလား မကူးကူး
    အမ ချက်တဲ.ဟင်းကတော. ကောင်းပြီးသားဆိုတော.
    ပြောဖို.မလိုပါဘူး :)

    ReplyDelete
  9. vista.. အချွန်နဲ့မပီ..မြွေကိုက်ပီးမှ ပေါ်လာမလားမသိဘူး...
    rose of sharon... ကရင်မလေးပေါ့..ဒုံးယိမ်းညလေးတစ်ည.. ကူးကူးလဲကရင်မ.. ၄ပုံ၁ပုံ..သွေးပါတယ်.. ဟိ

    မိုးစက်... ၀က်သားနဲ့ဆိုပိုကောင်းရင်ကောင်းမှာပေါ့ နော်.. ကူးကတော့ဝက်သားမစားလို့သိဘူးရယ်..း)

    ReplyDelete
  10. မျှစ်ကို ဒီလိုချက်တာ အရမ်းကြိုက်တာ ဟီးဟိ သရေကျပြီး ပြန်သွားတယ် :PP

    ReplyDelete
  11. အိမ်မှာ အဲလို မျှစ်စိမ်းနဲ့ချက်စားတယ်။ ဟိုနေ့ကတော့ မျှစ်ပြုတ်နဲ့ဆန်လှော်ဟင်းရည် လုပ်စားလိုက်သေးတယ်။ စုဘူးပြောသလို မျှစ်စိမ်းက ဈေးကြီးလို့ ၀ယ်စားဘူး။ ကူးကူးဆီက ငမ်းသွားတယ်နော့်။

    ReplyDelete
  12. တာလပေါ့ စားချင်တာကြာပီ ကျေးဇူးဘဲ ကူးကူးရေ

    ReplyDelete
  13. သြော်ဒါနဲ့ မျှစ်စိမ်းကြော်စားတာ ကောင်းတယ် ကြွပ်တယ် ပြောရ မလား ထုတ်ထုတ် ထုတ်ထုတ်နဲ့ 

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ