Skip to main content

မယ်ဇလီဖူးသုပ်

တန်ဆောင်မုန်းလပြည့်ကျော် ၂ရက် သန်းခေါင်းကျော်ပီမို့..ဆေးပေါင်းခအောင် မယ်ဇလီဖူးသုပ်ကျွေးပါမယ်။


ကူးသူငယ်ချင်းတွေအကုန်လုံး blogger ညီမလေးများ၊ အမများအားလုံး မွေးနေ့အတွက်လာဆုတောင်းအား ပေးကြလို့ကျေးဇူးတင်ပါတယ်နော်။ ကူးလဲ ရန်ကုန်မှာနေတုန်းကတော့ ရန်ဖန်ရန်ခါ မယ်ဇလီဖူးသုပ်စားလေ့ ရှိပေမယ့် ရက်အတိကျနဲ့တော့မစားဖူးပါဘူး။ ဒီတစ်ခါတော့ လူကြုံရောက်မယ့်ရက်နဲ့အဆင်ပြေနေလို့ မာမီက တစ်ကူးတစ်က လှမ်းပို့ပေးလိုက်ပါတယ်။ ဘယ်အချိန်အတိကျလဲဆိုတာတောင်ပါလာသေးတယ်။ နိုဝင်ဘာ (၂)ရက်နေ့ ညသန်းခေါင်ကျော် ၁း၁၅မိနစ်တိတိမှာစားရမယ်ဆိုပဲ။
လေယဉ်နှစ်ဆင့်စီးလာရတဲ့ မယ်ဇလီဖူးလေးတွေက အနံ့လေးတစ်မျိုးဖြစ်နေလို့ ရေအေးနဲ့စိမ်ထားလိုက်ပါတရ်။ ညနေတော့ ရေပွက်ပွက်ထဲထည့်ဖျောပီးအဖူးလေးတွေကိုချွေထားလိုက်ပါတယ်။
မနေ့ညနေကတော့ မမလုလုဘလော့ မှာ မယ်ဇလီဖူးသုပ်နည်းလေးရေးထားပေးပီးပါပီ။
ကူးအတွက်တော့ သတ်သတ်လွတ်လေးသုပ်ဖို့အတွက်ရိုးရိုးလေးဘဲပြင်ဆင်ထားလိုက်ပါတယ်။
ကြက်သွန်ဆီချက်
မြေပဲထောင်း
ပဲမှုန့်
ဆား၊ အချိုမှုန့်အနည်းငယ်နဲ့
အချဉ်နဲနဲပါ... (မန်ကျည်းမှည့်လေးနဲ့ဆိုပိုကောင်းမှာ) အချဉ်ညှစ်ရင်အခါကိုပို ဆွပေးသလိုခါးလာ တတ်ပါတယ်။ အခါးအရမ်းကြိုက်တဲ့ကျွန်မအတွက်တော့အဆင်ပြေပါတယ်။
အားလုံးရောပီးသမအောင်နယ်လိုက်ရင် မယ်ဇလီဖူးသုပ်လေးရပါပီ..
အချို့တွေလုပ်စားဖြစ်ချင်မှဖြစ်မယ်၊ အလွမ်းပြေလေးဖြစ်ချင်ဖြစ်မယ်၊ ဒီညမယ်ဇလီဖူးသုပ်လေးမစားဖြစ်ခဲ့ရင်တောင် ဆေးပေါင်းခပီး ကျမ်းမာ ရွှင်လန်းကြပါစေနော်။

ကူးကူးမေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်...း)

စားပီးရင် ရန်ကုန်ပွဲဈေးတန်းလည်းလိုက်ခဲ့အုံး..
(ဓာတ်ပုံတစ်ကူးတစ်က လိုက်ရိုက်ပေးတဲ့ ဦးလေးလူပျိုကြီးကျေးဇူးပါ၊ ဒီဝါကျွတ်မှာလဲ သူမကျွတ်သေးဘူးရယ် ဟီဟိ)

Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket

Comments

  1. အာ..မယ်ဇလီဖူးသုပ် လေး..စားလိုက်ရပြီကွယ်...အချိန်လဲ အတိအကျပဲ...ကောင်းလိုက်တာ...ကူးစ် တောင်းပေးတဲ့ ဆုနဲ့ ပြည့်ပါစေ...။ ကူးစ်လဲပဲ..တကယ်စားရတော့ ဆေးပေါင်းတကယ်ခပီး ကျန်းမာရွှင်လန်းပါစေနော်....း)

    ကျေးဇူးပါ.။

    ReplyDelete
  2. ကထိန်ပုံရိပ်လေးတွေမြင်ရတာ ကြည်နူးတယ်ဗျာ
    မယ်ဇလီဖူးသုတ်တော့ ချားရဲဘူးဗျ :D

    ReplyDelete
  3. မနေ့ ကစီးတီးဟောမှာမယ်ဇလီဖူးတွေတွေ့ တယ်
    ဘာလို့ ရောင်းမှန်းမသိဘူး အဲဒီလောက်တော်တာ ဟိဟိ
    ရန်ကုန်မှာဆိုလည်း ဘာရက်မှစိတ်ထဲမရှိဘူး မားသားကြီးပြောမှ သုတ်ကျွှေးမှစားလိုက်တာ
    သုတ်ကျွေးတာကျေးဇူးစ် ...ကူးစ်..

    ReplyDelete
  4. တကယ်စားချင်ထှာ ကူးကူးရာ
    ပူပူလာရင်သုတ်ကျွေးးးးးး

    ReplyDelete
  5. ရန်ကုန်ပွဲဈေးတန်း makes me hungry. :)
    Thanks for sharing it.. I really enjoy your blog.
    Cheers !!

    ReplyDelete
  6. သူများသွားရည်ကျအောင် တော်တော်လုပ်တတ်တယ်....

    ReplyDelete
  7. မယ်ဇလီဖူးသုပ်လေး စားချင်လိုက်တာ...

    ReplyDelete
  8. မယ်ဇလီဖူးသုတ်လဲ စားချင်တယ်။ ပွဲဈေးတန်းက မုန့်တွေလဲ စားချင်တယ်။ အမှတ်တရ ဓာတ်ပုံလေးတွေ ရှယ်ပေးတာ ကျေးဇူးပဲ ညီင်္မလေး။

    ReplyDelete
  9. ချစ်အုန်းဖေNovember 3, 2009 at 2:27 AM

    သတိ....
    အုန်းရေနှင့်စားမိပါက ပန်းကမ္ဘာရောက်တတ်
    (သို့ မဟုတ်) မော်တော်စီးရတတ်ပါသည်။

    ReplyDelete
  10. ပွဲဈေးတန်းကို လာလည်သွားပါတယ်။
    ဒီမှာဝယ်လို့ ရတဲ့ မယ်ဇလီဖူးက အရွက်တွေ များနေလို့ 
    မယ်ဇလီရွက်သုပ်ဖြစ်နေတယ်။

    ReplyDelete
  11. ချစ်အုန်းဖေNovember 4, 2009 at 3:25 AM

    ဆေးပေါင်းခရင်ခ၊ မခရင်ဆေးခြောက်ချပြီးအိပ်တော့မယ်။

    ReplyDelete
  12. မယ်ဇလီဖူးသုပ်နဲ့ အလွမ်းပြေဓာတ်ပုံတွေအတွက်အမကိုကျေးဇူးတင်ပါတယ်ခင်ဗျ

    ဏီ(န်)ကင်း

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။