ကျွန်မငယ်ငယ်တုန်းက မန္တလေးမှာ မမေ့နိုင်တဲ့အရာတွေထဲမှာ ဘောစကိုင်းသီးနဲ့ သီးသီး ပေါ့..
သီးသီး ပြောမှ ချစ်သူက အသဲသန်ငြင်းဖူးသေးတယ်။ ဘာလဲသီးသီး၊ အဲဒီအသီးမရှိဘူးဆိုပီးတော့လေ.. မန္တလေးမှာတုန်းကတစ်ပါတ်တစ်ခါဘုရားကျောင်းအပြီး လူကြီးမိတ်ဆွေစုံကြတဲ့အခါ သံရုံးမှာ အလုပ်လုပ်တဲ့လူပျိုကြီးဦးလေးတစ်ယောက်က သီးသီးထောင်း ပုံမှန် ယူလာတတ်ပီးတော့ မြို့သစ်က အန်ကယ်နဲ့ အန်တီကတော့ ဘောစကိုင်းသီးတို့စရာ၊ နဲ့ အခြားဟင်းလျာ တွေယူလာလေ့ရှိတယ်။ အိမ်ကတော့ ဒိုင်ခံ ပဲကုလားဟင်းချက်တယ်.. ငါးကြော်တယ်.. အခုလက်ရှိ
ကျွန်မနေတဲ့ခြံထဲမှာ အပင်အမြင့်ကြီးရှိတယ်.. သရက်ပင်ကြီးဘေးမှာပေါ့.. အသီးတွေအများကြီးသီးတယ်။ ရင့်တယ်၊ ကြွေသွားတယ်.. အရမ်းနှစ်သက်တာတော့မဟုတ်ပေမယ့် အလွမ်းပြေစားကြည့်ချင်နေတာ...
အပင်ကတော်တော်မြင့်တော့ ၀ါးမြင့်မြင့်တစ်လုံးရှာပီး အသီးလေးတွေနုနေတုန်းမနေ့ညက တစ်ခိုင်နှစ် ခိုင်ချူလိုက်တယ်.. ငပိချက်လေးနဲ့ တို့စားတာ ကောင်းမှကောင်း...
သရက်ကင်းလေးတွေလဲ ၃ လုံးလောက်တွေ့လို့ တစ်ခါတည်းခူးလာလိုက်တယ်...
ဘောစကိုင်းရွက်ကိုရေနွေးဖျောတို့စားလဲအရမ်းကောင်းတာပါ။ ဒါပေမယ့် အညွန့်နုလေးတွေခူးဖို့ မလွယ် တာကြောင့် အသီးနုလေးတွေနဲ့ဘဲ ကျေနပ်လိုက်တယ်..
အရသာကတော့ ဒညင်းသီးနဲ့ခပ်ဆင်ဆင် အဲလောက်တော့အနံ့မပြင်းပေမယ့် စားပီးရင် ခံတွင်းမှာ အနံ့နဲနဲ ကျန်ခဲ့ပါတယ်... ကျွတ်ကျွတ်လေးနဲ့ တို့စရာအဖြစ်အရမ်းစားလို့ကောင်းပါတယ်...
မနေ့ညနေက ဘောစကိုင်းသီးနုနုလေးတွေတို့စားရင်း မန္တလေးမြို့သစ်ဖက်ကို ရောက်သွားသလို ခံစား ကြည့်နူး အောက်မေ့မိပါသေးတယ်...
သီးသီး ပြောမှ ချစ်သူက အသဲသန်ငြင်းဖူးသေးတယ်။ ဘာလဲသီးသီး၊ အဲဒီအသီးမရှိဘူးဆိုပီးတော့လေ.. မန္တလေးမှာတုန်းကတစ်ပါတ်တစ်ခါဘုရားကျောင်းအပြီး လူကြီးမိတ်ဆွေစုံကြတဲ့အခါ သံရုံးမှာ အလုပ်လုပ်တဲ့လူပျိုကြီးဦးလေးတစ်ယောက်က သီးသီးထောင်း ပုံမှန် ယူလာတတ်ပီးတော့ မြို့သစ်က အန်ကယ်နဲ့ အန်တီကတော့ ဘောစကိုင်းသီးတို့စရာ၊ နဲ့ အခြားဟင်းလျာ တွေယူလာလေ့ရှိတယ်။ အိမ်ကတော့ ဒိုင်ခံ ပဲကုလားဟင်းချက်တယ်.. ငါးကြော်တယ်.. အခုလက်ရှိ
ကျွန်မနေတဲ့ခြံထဲမှာ အပင်အမြင့်ကြီးရှိတယ်.. သရက်ပင်ကြီးဘေးမှာပေါ့.. အသီးတွေအများကြီးသီးတယ်။ ရင့်တယ်၊ ကြွေသွားတယ်.. အရမ်းနှစ်သက်တာတော့မဟုတ်ပေမယ့် အလွမ်းပြေစားကြည့်ချင်နေတာ...
အပင်ကတော်တော်မြင့်တော့ ၀ါးမြင့်မြင့်တစ်လုံးရှာပီး အသီးလေးတွေနုနေတုန်းမနေ့ညက တစ်ခိုင်နှစ် ခိုင်ချူလိုက်တယ်.. ငပိချက်လေးနဲ့ တို့စားတာ ကောင်းမှကောင်း...
သရက်ကင်းလေးတွေလဲ ၃ လုံးလောက်တွေ့လို့ တစ်ခါတည်းခူးလာလိုက်တယ်...
ဘောစကိုင်းရွက်ကိုရေနွေးဖျောတို့စားလဲအရမ်းကောင်းတာပါ။ ဒါပေမယ့် အညွန့်နုလေးတွေခူးဖို့ မလွယ် တာကြောင့် အသီးနုလေးတွေနဲ့ဘဲ ကျေနပ်လိုက်တယ်..
မနေ့ညနေက ဘောစကိုင်းသီးနုနုလေးတွေတို့စားရင်း မန္တလေးမြို့သစ်ဖက်ကို ရောက်သွားသလို ခံစား ကြည့်နူး အောက်မေ့မိပါသေးတယ်...
တို့ လည်းအရမ်းကြိုက်တယ် ဘောစကိုင်းအရွက်တို့ စားရတာ
ReplyDeleteမမြင်ဖူးလို့ ဓါတ်ပုံလေးပါ တွဲတင်ပေးပါလား
ReplyDeleteဘောစကိုင်းရော သရက်သီးလေးရော စားချင်တယ်...
ReplyDeleteဘောစကိုင်းသီးဆိုတာ ပုံရဲ့ ညာဖက်နားက အသီးသေးသေးလေတွေကို ပြောတာလားဟင်။ တခါမှမမြင်ဘူးလို့
ReplyDeleteဘောစကိုင်းသီးဆိုတာ ကြားတောင်မကြားဖူးဘူး... စားကြည့်ချင်လိုက်တာ
ReplyDeleteရှည်မြောင်းမြောင်းနဲ့ ဘောစကိုင်းသီး..
ReplyDeleteဘေးကအရွက်နဲ့ အဖူး/အပွင့်...
အလုံးတွေကသရက်သီး...
ဆောင်း..ပုံတင်ထားပေးတယ်လေ
သိဖူးတော် ရုံလေးလည်းခုမှကြားဖူးတာ ကူးစ်ရဲ့
ReplyDeleteဒညှင်းသီးနဲ့ အနံ့ တူတာတော့ ထိုင်းမှာစားဖူးတယ်
ဒီမှာလည်းကမ္ဘောဒီးယား ဆိုင်တွေမှာရတတ်တယ်
စိမ်းစိမ်းလေး ဈေးကြီးတယ် ထိုင်းတွေက ကြက်စားနဲ့ 
အစပ်ကြော်ကြတယ် အဲ့ဒါလားမသိဖူးနော် ကူးးးးးးးးးစ် သီးသီးကတော့ ကြားဖူးတယ် သိနေတယ် ဒါပေမဲ့
ဘယ်အသီးမျိုးလည်း စဉ်းစားမရဖူးဖြစ်နေတယ် ကူးးးးးးးးစ်ရဲ့ ပုံလေးပြပေးနော် နောက်ပြီး
ကူးးးးးးးးးးးးးးးးစ် ရဲ့ပုံလေးကလေ မြင်ရဖူးရယ်လေ
ရုံလေးနောက်တခါလာကြည့်မယ်သိလား
ရအောင်တင်ထားပေး သိလား ရုံလေးကသိချင်ရင်လေ
မြန်မြန်ပြေားပြသိလား :P
ချိတ်ချိုး နဲ့ ပေါ့ ချစ်လို့ ပူဆာတာ သိလား
သီးသီး သိတယ်..။။
ReplyDeleteသီးသီးမှည့်ရင် ထန်းလျက်နဲ့ နယ်စား
ကောင်းမှ ကောင်းး..။
ဥသျှစ်သီးလည်း စားချင်လာပြီ။။
ဘော့စကိုင်းတော့ မသိဘူး ။
ဒီတခါ တို့အကုန်သိတယ် ဘောစကိုင်းရော သီးသီးရော (ငါကွ)
ReplyDeleteသီးသီးတော့ မကြိုက်ဘူး။ ဘောစကိုင်းတော့ ကြိုက်တယ်။ ငပိချက်နဲ့ အရမ်းလိုက်တယ်။
=)
၂ခုလုံးမသိဘူး ..မမြင်ဖူးတာ.. ကြားဖူးတယ်
ReplyDeleteငယ်ငယ်ကဆော့တော့ သ နဲ့ ဘနဲစတာလေ.. ဟဲဟဲ
သရက်ပင်စိုက်တာ.. အမေရိကားမှာလားဟင်..
ဘယ်လိုစိုက်တာလဲဟင်..သိခွင့်ပေးပါ..။
သရက်သီး ကို စိတ်ကူးနဲ့ စားလိုက်တယ်နော်
သီးသီးကို အမှည့်ဆို ထန်းလျက်နဲ့ ပေါက်စား၊ အစိမ်းဆို ချဉ်ငန်စပ် အချဉ်ပေါင်းလုပ်စား၊ ကြိုက်မှကြိုက်။ ဘောစကိုင်းရွက်နုလည်း ကြိုက်ပါတယ်။ ရေနွေးဖျောပြီး တို့လည်းစားသလို တခါတရံ ဆီချက်နဲ့ မြေပဲဆီမှုန့်ထောင်းလေးနဲ့ သုပ်စားတယ်။ ကြောင်လျှာသီးသုပ်နဲ့ တူတယ်။ တို့ဒေသမှာ ဘောစကိုင်းနဲ့တူတဲ့ ဆိပ်ဖြေဆိုတဲ့ အပင်တွေလည်း ရှိသေးတယ်။
ReplyDeleteဘောစကိုင်း သီးစား ရင် သန်ကျပါတယ် ရွှေပဲသီးနဲ တူတဲ အသီးကို ခွါပီး အထဲက ပဲစေလေး တွေလို အဆံ လေးတွေ ကို စားရ ပါတယ်..။နဲနဲတော့ စိမ်ရွှေရွှေ ရှိတယ်
ReplyDeleteသီးသီး က တော့ သီးပင် ကသီးတဲ့ အသီးပါ။ အခွံမာတယ်.. အထဲက မန်ကျီးသီး လိုချဉ်တယ်... မန်ကျီးသီးနှစ်လို ညိုမဲတယ်။ သီးပင် ရဲ့ အခေါက်က သနပ်ခါးနဲ့ ခပ်ဆင်ဆင်ရယ်။ အညာမှာ တောသူတောင်သားတွေ ယာထဲဆင်းရင် သနပ်ခါး မလိမ်းနိုင်တော့ သီးပင်ရဲ့အခေါက်.. သီးခေါက်ကို လိမ်းရပါတယ်။ သီးခေါက် ကလဲ သနပ်ခါး လောက်မမွှေးပေမယ့်... အသားအရေကို အထူးအေးစေပါတယ်။ ထူပြစ်နေအောင်လိမ်းပြီး နေပူထဲ ဆင်း အလုပ်လုပ်... ဘာ Sunscreen မှ မလိုဘူး...အဆီလဲမပြန်ဘူး... အေးလို့။
ReplyDelete