မနက်ကနိုးနိုးခြင်း မြူးစ် ဘလော့မှာ နှုတ်ဆက်တယ် တွေ့လို့ message ချန်ထားစရာနေရာလဲမရှိလို့ပါ။
မြူးစ် .. ဘာဖြစ်လဲတော့ ကူးကူးစ် အသေချာမသိပါဘူး.. ဒါပေမယ့် မြူးစ် အဲလိုနောက်ဆုတ်သွားဖို့ မလိုပါဘူးနော်။ မြူးစ် ချစ်တဲ့ ဘလော့လေးမှာ စိတ်ချမ်းသာတာလေးတွေရေးပီးဘယ်သူ့ကို မှ အနှောက် ယှက်ပေးတာမဟုတ်.. ကိုယ်မှန်ရာကိုယ်လုပ်နေတာမို့ စိတ်မကောင်းမဖြစ်ပါနဲ့...
မြူးစ်ရေးထာတာတော့ ကူးစ် သေချာနားမလည်လို့ ဘယ်လောက်ထိခံစားစိတ်ထိခိုက်မလဲဆိုတာ ကာယကံရှင် ကိုယ်တိုင်သာသိမှာပါ.. ကူးစ်ကိုယ်ချင်းစာပါတယ်..
ဘလော့လေးတော့မဖျက်ပါနဲ့.. မြူးစ် စီဘောက် နဲ့ ကောမန့်ဖြုတ်ထားလို့ရပါတယ်..
တစ်ခါတစ်လေ... ဖြောင့်ဖြောင့်လေးလျှောက်လို့မရတဲ့အခါတွေရှိတယ်..မြူးစ် ရေ..ကျမ်းစာထဲမှာ လူသားချင်း အပြစ်သားတွေချင်းမို့ နားလည်ခွင့်လွှတ်ပေးပါလို့ ကူးစ်တို့သင်ကြားခဲ့ရတယ်မဟုတ်လား..
ကိုယ်ကရိုးသားစွာနေထိုင်ပြောဆိုတဲ့အခါ မကောင်းတဲ့အမြင်နဲ့ကြည့်ရင် မကောင်းတာဘဲမြင်နေမှာမို့ လူ ထောင်သောင်းပေါင်းများစွာရဲ့ အမြင်ကိုလိုက်တည့်မတ်ပေးဖို့ ကိုယ်တို့မတတ်နိုင်ဘူးလေး..
အကောင်းဆုံးက သူတို့အတွက်ဆုတောင်းပေးရုံဘဲရှိတယ်...
ကူးစ်ပြောချင်တာက ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့.. ဘယ်လောက်အပြောဆိုခံခဲ့ရပေမယ့်.. ကိုယ့်အတွက် စိတ်ထိခိုက် တွေးမိတိုင်းဝမ်းနည်း အောင် စိတ်ထဲမှာမှတ်မထားပါနဲ့နော်..
သူတို့ကိုခွင့်လွှတ်ပီး မေ့ပစ်လိုက်ပါ...ကိုယ့်ကိုထိခိုက်နာကျင်စေတဲ့အရာမှန်မသမျှကို မေ့ပစ်လိုက်တာ အကောင်းဆုံးပါ..
ကိုယ်မှန်တယ်ဆိုရင် ရဲရဲဝံ့ဝံ့ဆက်လျှောက်သွားပါ... ကိုယ်စိတ်ချမ်းသာလို့ ဘယ့်သူမှမထိခိုက် လုပ်နေတဲ့ အရာတစ်ခု ဘာမဟုတ်တဲ့အထင်လွဲမှုတွေကြောင့် ပျော်ရွှင်မှုတစ်ခါးလေးတစ်ချပ်မပိတ်မိပါစေနဲ့နော်..
မြူးစ်ကို ညီမလိုလဲချစ်တယ်..သူငယ်ချင်းလိုလဲခင်တယ်..
မြူးစ် အပေါ်ထိခိုက်ခံခဲ့ရတာတွေ ခွင့်လွှတ်ပီးမေ့ပစ်လိုက်ပါနော်..
ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းချမ်းသာသာနေပါမြူးစ် ....
ဟုတ်တယ်ကူးရေ
ReplyDeleteခုဘဲမမရှရွန်ဆီမန့်ခဲ့တာ
ဆက်လျှောက်ပါညီမလေးရေ
မကောင်းတဲ့သူမကောင်းတဲ့လမ်းသွားမှာပါ။
ကူးရေ... ဒို့တွေရေးထားတာ မြူးလေးဖတ်မိပါစေလို့ ဆုတောင်းမိတယ်....
ReplyDeleteဟုတ်တယ်ကိုယ်လည်းစိတ်မကောင်းဖြစ်မိတယ်
ReplyDeleteဘာလို့ အဲလိုဖြစ်ရမှာလည်းကွာ
ဂရုစိုက်လို့ ..
ပြန်လာပါရုံလေး။။
ရုံလေး ဘာဖြစ်လို့လဲဟင်...မရောက်တာကြာပြီ သူ့ ဆီသွားလိုက်ဦးမယ်... .. ကူးစ် ပြောသလို.... ခွှင့်လွှတ်ပြီး မေ့ပစ်လိုက်ပါ...။
ReplyDeleteမကူးပြောတာ မှတ်တယ် မြူး...
ReplyDeleteကိုယ့်ကိုယ်ကို အထိခိုက်မခံပါနဲ့...
ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးဆိုတဲ့ စကားလည်း ရှိပါတယ်...
းဝ)
ဒီနေ့မနက် မမလည်း ညီမလေးမြူးအိမ်ကိုရောက်ပါတယ်။မက်စိပ်ချန်ထားလို့မရလို့ ဘာမှ မရေးခဲ့ရဘူး။
ReplyDeleteညီမလေးမြူးရေ..ဘလော့ဂ်ကို မဖျက်ပါနဲ့ ညီမရေ.
စီဘုံးနဲ့ ကွန်မန့်တော့ ဖြုတ်ထားချင်ထားပေါ့နော်.
ကိုယ်ကောင်းတယ် ၊ကိုယ်မှန်တယ်လို့ ယုံကြည်ရင်
ကိုယ့်ကိုမလိုလို့ပြောတဲ့စကားတွေကို ဂရုစိုက်ပြီးခံစားမနေပါနဲ့ ညီမငယ်..
အိမ်လည်မရောက်ဖြစ်ပေမယ့် ညီမလေးတွေကို အမြဲခင်မင်သတိရမိနေပါတယ်.
အဆင်ပြေပျော်ရွှင်ပါစေ.
မမ၀ါ
စံ>>>မနောဖြူလေးသို့
ReplyDeleteမြူးလေး...ဒီလိုလုပ်စရာလိုလို့လား...ပြန်လာခဲ့
ဟင်းချက်တာ သွားကြည့်နေကျဘလော့လေးပါ။ ဘလော့တော့ ဖျက်မပစ်ပါနဲ့။
ReplyDeleteစီဘောက်စ်တွေ ကောမန့်တွေ ပိတ်ထားရင် ရတာပဲဟာ...
ဟုတ်ပါတယ် တစ်ခါတစ်လေကျတော့လည်း အဲ့ဒီလို ပြောတတ်တဲ့ သူတွေကြောင့် တော်တော် စိတ်ရှုပ်ရပါတယ် ဟင်းတော့ ဆက်ချက်ပေါ့ မန့်လို့ မရတော့ရင် နားအေးသွားမှာပါ
ReplyDeleteRose ဆီက သတင်းကြားလို့ လိုက်လာတာ...
ReplyDelete“မြူး”လေးကိုမသိပေမယ့် စာရေးသူအချင်းချင်း
ထပ်တူ ခံစားရပါတယ်...
အားလုံးကို မေ့ပစ်ပြီး ပြန်လာခဲ့ပါ ညီမလေးရယ်...