ဖြစ်ရပ်မှန်ပုံပြင်လေးတစ်ခုပါ။ ဘုန်းကြီးနှစ်ပါးအကြောင်းပေါ့။ ၀ါရင့်ဘုန်းကြီးတစ်ပါးနဲ့ ဘုန်းကြီးအသက်ရွယ် အလတ်ပိုင်း တစ်ယောက်တို့ တောအုပ်တစ်ခုကိုဖြတ် ခရီးသွားရင်း လမ်းခုလတ်တစ်ခု မြစ်ကမ်းပါး မှာ အကူညီမဲ့စွာရပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကိုတွေ့တယ်.. မြစ်ကိုဖြတ်ကူးဖို့ မိန်းမသားတစ်ယောက်အနေနဲ့အခက်ခဲတွေ့နေတာမို့ ဘုန်းကြီးနှစ်ပါးကိုတွေ့တော့ ၀မ်းသာအား ရအကူညီတောင်းတယ်။ ဘုန်းဘုန်းအကြီးတစ်ယောက်က ချက်ချင်းဘဲ.. ကောင်းပါပီ ကူညီပါ့ မယ့်ဆိုပီး အမျိုးသမီးကို သူ့လက်မောင်းနဲ့ပွေ့ချီပီး မြစ်တံတားငယ်ကို ဖြတ်ကူး တစ်ဖက်ကမ်းရောက်တော့ ချပေး လိုက်တယ်။ ဘုန်းဘုန်းအငယ်တစ်ယောက်က ဇဝေဇ၀ါနဲ့ကြည့်နေတယ်.. ဒီဘုန်းဘုန်း ဘယ်လိုများလုပ်လိုက်တာပါလိမ့်.. ငါတို့တွေ အမျိုးသမီးတွေကိုထိလို့မရဘူးမဟုတ်လား...ဟင်း...ပိုဆိုးသေး အမျိုးသမီးကလဲချောတောတောနဲ့ သူက လက်မောင်းမှာတောင်ပွေ့ချီပီး သွားလိုက်သေးတယ်.. ဒါပေမယ့် သူ့စိတ်ထဲမှာသာပြောနေတာပါ.. ဘုန်းဘုန်းအကြီးကိုလှမ်းကြည့်လိုက် သူ့စိတ်ထဲမှာ မတင်မကျနဲ့ ဆက်ပီး လမ်းလျှောက်ခရီးသွားနေကြတယ်.. (၈)နာရီလောက်နီးပါးကြာတော့ သူ့စိတ်ထဲမှာ မကျေနပ် ဖြစ်နေ တာကိုဆက်ပီး ထိန်းထားမရတော့ စိတ်တိုတိုနဲ့ထ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။