Skip to main content

ကြေးအိုးပူပူလေး

ကြေးအိုးစားချင်တဲ့ရောဂါကတော်တော်ဆိုးပါတယ်။ ဘယ်လောက်ထိလဲဆို ရန်ကုန်ပြန်ဖို့လက်မှတ်ချောင်း နေတဲ့အထိပါဘဲ။ ခရီးစဉ်တွေကလဲ ရန်ကုန်နဲ့ဘယ်လိုမှမအပ်စပ်လို့ငြိမ်နေရပေမယ့် google မှာ ကြေးအိုး လို့ ရိုက်ပီး သူများစားထားတာတွေလိုက်ငမ်းနေတာတစ်ပတ်ရှိပီ။
ကြေးအိုးကို ၀က်သားနဲ့ချက်တာအကောင်းဆုံးဘဲလို့ပြောကြတယ်။ ကူးကူးရန်ကုန်မှာတုန်းက ကြေးအိုး YKKO မှာသွားစားတယ်.. The Prome မှာစားတယ်...  YKKO ကြေးအိုးကိုတော့အကြိုက်ဆုံးဘဲ...
သူတို့ကတော့ ကြေးအိုးစပယ်ရှယ်လစ် ဆိုတော့ ပိုကောင်းတာလားတော့မသိဘူး။ The Prome မှာတုန်းက သူငယ်ချင်းကစတယ်... အရည်က ၀က်ရိုးပြုတ်ရည်နဲ့အတူတူဘဲတဲ့... အဖြစ်က ဆိုင်မန်နေဂျာကိုတောင်ခေါ် ပီး သေချာမေးယူရတယ်... သူတို့က ကြက်သားနဲ့လုပ်တယ်ပြောတာပါဘဲ။
မနေ့ကတော့ အွန်လိုင်းမှာ မမလုလု ကို သူလုပ်ပြထားတဲ့ကြေးအိုးကို ကြက်သားနဲ့ revised လုပ်ပေးဖို့ တောင်းဆိုရပါတယ်... သူကလဲစိတ်ရှည်လက်ရှည်ရှင်းပြပေးပါတယ်...
ကြက်ရိုး ကနေစတယ်... ကြက်ကဒီမှာအရိုးချည်းဘဲဝယ်လို့မရဘူး.. ပေါင်တစ်ခြမ်းလုံးကိုယ်တစ်ခြမ်းလုံးဝယ် လဲ အရိုးသတ်သတ် အသားသတ်သတ်လုပ်ခိုင်းလို့မရဘူး။ အဲဒါကြောင့် ၀ယ်ပီး နဲနဲလေး ခဏ ပြုတ်လိုက်တယ်။ ပီးမှဘဲ အသားတွေလှီးထုတ်၊ အရိုးတွေကို စတီးသံတုံးထုတဲ့ဟာလေးနဲ့ထုထုပီး  ...
ဂျင်းအရည်ရည်၊ ကြက်သွန်ဖြူညက်ညက်ထောင်းပီးထည့်၊ ဆားနဲနဲရယ်.. Knorr chicken cube ကို သကြားအစားထည့်ပီး အကြာကြီးတည်ထားလိုက်တယ်.. မမလုက အဖြူရည်ထွက်တဲ့အထိတည်လို့ ပြောတာ ဘဲ။ အခု ဗိုက်ဆာနေပီ... အရည်ကတော့မဖြူလာသေးဘူး။
တည်ထားတုံးမှာ... လှီးထားတဲ့အသားဖတ်လေးတွေကို နဲနဲသေးအောင်ထပ်လှီးပီး ဆား၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူနဲ့ ဂျင်းညက်ညက်ကြိတ်ထားတဲ့အရည်ကို ရောပီး သမအောင်နှပ်ထားလိုက်တယ်...
မုန်ညှင်းစိမ်းကိုတော့ ရေဆေးပီး အဆင်သင့်လှီးထားလိုက်တယ်။
ငုံးဥလဲပြုတ်ပီး ခွာထားတယ်။ အသည်းအမြစ်လေးတွေလဲရေဆေးပီးအဆင်သင့်လှီးထားတယ်။
chicken ball လုပ်ထားတာတွေ့လို့ အဲဒါဘဲဝယ်လာလိုက်တယ် (အစကတော့ကိုယ့်ဘာသာကိုယ် ဘောလ် လုပ်မလို့ပါ၊ မတတ်နိုင်တော့ဘူး၊ ပင်ပန်းတယ်ဟ)
ဖက်ထုပ်ကြော်...(ဂျုံမှုန့်ကို နယ်... အပြားလေးတွေလုပ်ပီး အထဲမှာ ဂေါ်ဖီ နဲ့ကြက်သွန်နီ တောက်တောက်စင်း ထည့်လိပ်ပီးကြော်ထားလိုက်တယ်၊ နဲနဲတော့ ရုပ်ဆိုးတဲ့ ဖက်ထုပ်လေးပါ)
တွဲစားမယ့် ဆော့စ် ငရုတ်ဆီကိုတော့ တစ်ခါတည်း ဗြောင်းဆန်အောင်စပ်တဲ့ဟာ ၀ယ်လာလိုက်တယ်.. ငရုတ်သီးစိမ်းအဆင်သင့်မရှိတာကြောင့်လှီးထည့်ဖို့မဖြစ်နိုင်တော့ဘူး...
ဂေါ်ဖီနဲနဲကျန်တာကို ရှလကာရည်နဲ့နှပ်ထားလိုက်တယ်... အချဉ်လိုရင်ထပ်ထည့်စားလို့ရအောင်ရယ်ဒီ..
ကြာဇံကိုတော့ မမလုက corn vermicelli ၀ယ်ပါလို့ပြောပေမယ့်ရှာမတွေ့ဘူး၊ corn starch vermicelli ဘဲရှိတယ်။ အဲဒါတွေက ပြုတ်လိုက်ရင် ကပ်စီးကပ်စီးနဲ့မို့ မ၀ယ်ခဲ့ဘူး၊ ရိုးရိုးတရုတ်ကလာတဲ့ ကြာဇံဘဲရေစိမ်ထားတယ်။ 
စားဖို့အတွက်ပြင်ဆင်ဖို့ကတော့....
နှပ်ထားတဲ့ကြက်သားတွေကို အိုးထဲထည့်အရင်လှော်လိုက်တယ်.. (အသားလေးနဲနဲအပေါ်ယံတင်းပီညိုညို လေးဖြစ်အောင်လို့)
ပီးရင်တော့ ကြက်ရိုးပြုတ်ရည်ကို ထည့် ပွက်ပွက်ဆူရင် ကြာဇံထည့်၊ chicken ball လေးတွေထည့်၊ အသည်းအမြစ်လေးတွေလှီးထားတာကိုထည့်၊ ငုံးဥလေးတွေထည့်.. ကဲ...
ကြေးအိုးဖြစ်ပီမဟုတ်လားနော်...း)   
** ကြာဇံကလုံးဝအဆင်မပြေပါဘူး..စားလို့တော့ကောင်းတယ်..ဒါပေမယ့် ဒီလိုကြာဇံထက် မြန်မာပြည်က ကြာဇံမျိုးရှာဝယ်လို့ရရင်ပိုကောင်းမှာ...

Comments

  1. အဲဒီမှာ ယိုးဒယားဆိုင်ရှိရင် ကြေးအိုးကြာဇံ ရှာလို့ရမယ်ထင်တယ်။ rice vermicelli (米粉) လို့ ခေါ်တယ်။ တရုတ်က လာတာလဲ ရှိမယ်ထင်တယ်။ အိမ်မှာတော့ ကြေးအိုးချက်တဲ့ကြာဇံ / ကြော်စားတဲ့ကြာဇံဆို "ဆန်ကြာဇံ"လို့ခေါ်တယ်။ ကြာဇံချက် ချက်ရင်တော့ အခုချက်ထားတဲ့ ကြာဇံအကြည်ရောင် "ဂျုံကြာဇံ"ကို သုံးတယ်။ လက်ရှိအိမ်မှာရှိနေတာက ယိုးဒယားကလာတဲ့ HOW HOW rice vermicelli ပါ။ http://www.ai-thailand.com/SHOP/2570.html

    ReplyDelete
  2. ဟုတ်ပါတယ်။ကြေးအိုးက ၀က်သားနဲ.လုပ်စားတာအကောင်းဆုံးပါ။
    ကြက်သားနဲ.လဲစားလို.တော.ရပါတယ်၊ဒါပေမယ်.၀က်သားနဲ.လုပ်စားတာလောက်မလေးသလိုဘဲ။
    နောက်ပြီး ဆိုင်တွေမှာက ၀က်သားရည်ပါကိုပါတယ်ထင်ပါတယ်။

    ReplyDelete
  3. ကြေးအိုးကတော့ ဆန်ကြာဆံနဲ့ လုပ်တာပေမယ့် ဒီလို ပဲကြာဇံပြုတ်ချိုလေးလဲ တမျိုးစားလို့ ကောင်းလို့ ကြိုက်ပါတယ်။

    ReplyDelete
  4. ညီမကြာဆံက ပဲကြာဆံ..အဒြါ ကြာဆံချက် ချက်စားတဲ့ ကြာဆံ ညီမ။

    ReplyDelete
  5. ကူးက ပဲကြာဇံနဲ့ ချက်လိုက်တာမလို့။ ကြေးအိုးက ဆန်ကြာဇံနဲ့မှ ကောင်းတာ။ ဝက်သားနဲ့က အကောင်းဆုံး :) စားချင်ထှာ

    ReplyDelete
  6. ကူကူးရယ် ကြာဇံချက် ချက်သောက်လိုက်တာမှဟုတ်ဦးမယ် ကြေးအိုးကြေးအိုးဒုက္ခ ဒုက္ခ

    ReplyDelete
  7. မကူးကြေးအိုးက ပဲကြာဇံ ဖြစ်နေတယ် ဒါပေမဲ့ ကျနော် ကြိုက်တာ ကလည်း ပဲကြာဇံ ဘဲ...ကြေးအိုး သောက်ရင် ဆန်ပြား နဲ့ဘဲသောက်တယ်

    ReplyDelete
  8. နောက် ၁ ရက်ဆို YKKO စားလို့ ရပြီ ...
    တူ နှယ် တူ နှယ် .. နှယ် .. :P

    ReplyDelete
  9. အဟမ်း... အဟမ်း ... မနက်ဖြန် ကြေးအိုးချက်စားမယ် ... သွားရေကျအောင် ရေးထားတော့လေ ....

    ReplyDelete
  10. စားဖိုမှူးချစ်အုန်းဖေFebruary 26, 2010 at 5:10 PM

    ကျွန်တော်တော့ Steel အိုးနဲ့ ပဲချက်စားလိုက်တယ်။

    ReplyDelete
  11. စားချင်စရာလေးတော့

    ReplyDelete
  12. ဘာကြာဆံနဲ့ပဲဖြစ်ဖြစ် ကြိုက်တယ် :D

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါကြောင့် မှိုလေးတွေနဲနဲတက်ေ

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ