ဒီတစ်ခေါက်ရန်ကုန်က ပြန်လာပီးဘာမှကိုချက်ချင်အသစ်ထွင်ချင်တဲ့စိတ်မရှိတော့ဘူး။ ဘာကြောင့်လဲတော့မသိဘူးဖြစ်နိုင်တာကတော့ ကိုယ့်ကိုယ်ကိုစိတ်ပျက်တာဖြစ်မယ်.. အိမ်မှာဟင်းချက်မယ်လုပ်တော့လဲ ကျွန်မချက်တဲ့ဟင်းကအရာမ၀င်ဘူး။ ဘာလို့လဲသိလား... အိမ်မှာကောင်မလေးချက်တာတောင်ကျွန်မထက်ပိုကောင်းတယ်လေ.. မာမီကနဲ့ပါးပါး ဒိုင်ခံလုချက်နေကြတော့ ကျွန်မလဲ ချက်သမျှ ဘဲစား...စားမှဘဲကိုယ်တစ်နှစ်လုံးစားခဲ့တဲ့ကိုယ့်လက်ရာကို ကိုယ်ပိုနားလည်လာတယ်.. သူငယ်ချင်းတွေလိုက်ကျွေးတဲ့ဆိုင်တွေ မှာ စားတဲ့အစားသောက်တွေလဲကောင်းမှကောင်း... အင်း...ဒီလိုနဲ့ဘဲ..ငါချက်တဲ့ဟာတွေက ထမင်းပွဲတန်းမ၀င်ဘူးလို့ လက်ခံလိုက် ပီး (၁၁)ကျပ်ကျသွားတာ...
အိမ်ကပြန်လာ..ခရီးထွက်..ပြန်ရောက်တော့ အိမ်ကယူလာတဲ့အခြောက်ခြမ်းတွေနဲ့ဘဲ ဖြစ်သလိုစားနေတာ..
ချက်ချင်စိတ်ကိုမရှိတော့ဘူး..
အချဉ်စားချင်လို့ သရက်သီးစိမ်းသွားဝယ်ပါတယ်..မချဉ်ဘူး.. Indian mangoes လို့ခေါ်တယ်တဲ့...
ဒါနဲ့ဘဲချဉ်တဲ့သရက်သီးလိုက်ရှာတော့ သရက်သီးမှည့်ထက်ဈေးပိုကြီးတဲ့ အမှည့်ထားမယ့်အသီးတွေကိုဝယ်မှချဉ်စုတ်စုတ်လေးရတယ်။
အရာရာကမောက်ကမဖြစ်နေတာတော့အမှန်ဘဲ..
အလုပ်က နှစ်လစာလောက်ပုံနေတယ်..overtime မလုပ်လဲမရတော့ဘူး..အလုပ်မှမပီးနိုင်တော့တာ..ရှင်းလိုက်ရတဲ့ ဇယားတွေ လဲတစ်နေ့တစ်နေ့မူးနောက်နေတာ.. ရုံးပိတ်ရက် လေးနားရမလားမှတ်တယ်.. အလုပ်ကမပြတ်ဘူး...အရေးထဲမှာ အိမ်မှာအလုပ် လုပ်တဲ့ အမကြီး ယောက္ခမသေလို့ ပျောက်နေတာ ပြန်ရောက်ကတည်းက.. အိမ်ရှင်းဖို့အချိန်ကိုမရှိဘူး.တစ်ပတ်တစ်ခါရှင်းလိုက်ပြန်ရှုပ်လိုက်.. အလုပ်မှာခေါင်းစားပီးပြန်လာလိုက် နဲ့ လုံးချာလည်ခဲ့တာ တစ်လရှိပီ... မနေ့က အိမ်မှာအလုပ်လုပ်ပေးတဲ့အမကြီးပြန်လာတယ်..၀မ်းသာလိုက်တာ အ၀တ်တွေ လျှော်စရာတွေ..လျှော်ထားပီးသားမီးပူတိုက်စရာတွေတစ်ပုံကြီး.. မီးဖိုချောင်ရှင်းရင်ဘဲ တစ်ညနေကုန်တယ်..မီးပူတိုက်ဖို့ ဆိုဝေး။
ညနေဆိုလဲပြန်ရောက်ရင် လူကနုံးချိနေပီ.. ခြံထဲကအလုပ်ကြမ်းသမားတွေတောင် ကိုယ့်လောက်ပင်ပန်းမယ်မထင်ဘူး..
စိတ်ရော ဦးနှောက်ရော..ပင်ပန်းတော့ တစ်ကိုယ်လုံးနုံးခွေတာဘဲ..
အရေးထဲမှာစိတ်ဆင်းရဲအောင်လုပ်လုပ်နေတဲ့သူရှိသေးတယ်..
အရင်ကတော့ ခေါက်ဆွဲကိုအပျော်စားပေမယ့်အခုတော့ အတည်စားဖြစ်နေပီ..
ညနေဆို ခေါက်ဆွဲနဲ့ဘဲ နှစ်ပါးသွားနေတာကြာပေါ့.. ခေါက်ဆွဲ ချဉ်စပ်ကို သရက်သီးသုပ် နဲ့ရောစားတယ်..
ဒီခေါက်ဆွဲအမျိုးစားကတော့ ကောင်းတယ်လို့ပြောလို့ရတယ်.. အခြားဟာနဲ့ယှဉ်ရင်ပါ.. supermarket တွေမှာ ကိုးရီးယား ခေါက်ဆွဲတွေရောင်းတဲ့အတန်းမှာရှာလို့ရပါတယ်.. အရသာထပ်ထည့်စရာမလိုအောင်ကို အစပ်အဟပ်တည့်ပါတယ်။ ပြုတ်ပီးသွားရင် မှိုဖတ်လေးတွေ.. မုန်လာဥနီဖတ်လေးတွေပါ တွေ့ရတယ်..
ခေါက်ဆွဲပြုတ်..ကြက်ဥဖောက်ထည့် ကြက်ဥက ခေါက်ဆွဲရည် အပူချိန်နဲ့ သူ့ဘာသူကျက်သွားပါလိမ့်မယ်.. ကြက်ဥညှီမှာကြောက်သူတွေအတွက်း))) .. မုန်ညှင်းစိမ်းနဲနဲထည့် စားလို့ရပီ။

ခေါက်ဆွဲ မကြိုက်ပေမဲ့
ReplyDeleteမစားရင် မြန်မာ မဟုတ်ဘူးလို့ အထင်ခံရမှာ ဆိုးလို့ စားသွားပြီနော်
ခင်တဲ့
ရွှေစင်
ကူးကူးရေ...
ReplyDeleteခေါက်ဆွဲလေးက စားချင်စရာလေး...
This noodle brand is very famous in Korea too.
ReplyDeleteရှင်း လာမြောင် ပါလား။
ReplyDeleteအရမ်းနာမည်ကြီးသလို အရသာလည်း အရမ်းရှိတယ်နော်။
စားချင်တယ်ဗျို့။
နေ့ တိုင်စားနေရလို့ မုန်းနေတာ ဒီအထုပ်မျိုးလေတော့မစား
ReplyDeleteဖူးသေးဘူး စားတော့စားချင်သား ဂလု :P
ခေါက်ဆွဲခြောက် သိပ်မစားဖြစ်ဖူး.။
ReplyDeleteစားမယ်ဆိုလဲ...
ကိုရီးယားခေါက်ဆွဲခြောက်ပဲ လက်တကမ်းမှာရှိနေတတ်တယ်။
ချိစ်က သူတို့ထည့်စားနေကျ..။
ပေါက်