တရက်နားတဲ့နေ့မှာတော့ Tour ကားစီစဉ်ထားတာကြောင့် လိုက်သွားတယ်။ ဘယ်သွားမယ်မှန်းလဲမသိဘူး။ ကားစထွက်တော့ tour guide က ကားပေါ်ကနေ salamat pagi, ဆိုပီးစပြောပါတယ်။ တစ်လုံးမှနားမလည်ပါဘူး။ ဒါနဲ့ ကားတစ်စီးလုံးက ကျွန်မတို့အဖွဲ့က English please လို့ လှမ်းအော် ကြပါတယ်..အဲဒီတော့မှ ကောင်မလေးက သနားပါတယ်၊ သူက local tour group ကိုဘဲ တာဝန် ယူတာကြောင့် အင်္ဂလိပ်လိုမပြောတတ်ပါဘူးတဲ့။ အမှန်က စီစဉ်တဲ့ tour operator က ကားမှားပီးထည့်လိုက် တာပါ။ အဲတော့ တစ်လမ်းလုံးသူပြောလဲဘာမှနားမလည်ကြမယ့်အတူတူ..တစ်ယောက်က သီချင်းဆိုတတ် လားလို့မေးတော့ သူက ဆိုတတ်တယ်တဲ့။ ဒါနဲ့ဘဲ tour guide လဲဘာမှမရှင်းပြဘဲ သီချင်းဘဲဆိုပီးလိုက်လာ ပါတော့တယ်။ သူက နဲနဲလေးမှမပြောတတ်တာ sorry ကလွဲလို့။ သူ့ကိုမေးစရာရှိရင်တော့ ဒရိုင်ဘာက တဆင့်မေးရတယ်၊ ဒရိုင်ဘာက နဲနဲနားလည်တယ်။ ဒါပေမယ့် သူက ကျွန်မတို့ပြန်ခါနီးမှာ သူ အင်္ဂလိပ်စာ ကိုကြိုးစားသင်ပါတော့မယ်တဲ့၊ အခုလမ်းတစ်လျှောက်အဖြစ်ပျက်သူ့ကို အမြဲအမှတ်ရနေစေမှာ ပါတဲ့လေ။ သူလေးကတော့ ချစ်စရာလေးပါ။ အဲတော့ လေ့လာရေးသွားတဲ့နေ့ ကားပေါ်သီချင်းတစ်ကြော် ကြော်နဲ့ .... လိပ်ကျွန်းကိုသွားမှာတဲ့။ မော်တော်ဘုတ်စီးပီး ငါးတွေအစာ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။