Skip to main content

မာလာဟင်း

မာလာဟင်းပါ။
အထင်မကြီးနဲ့အုံး၊ ready-made အထုပ်နဲ့ချက်တာပါနော်။  မာလာဟင်းစားချင်နေတာကြာပီ။
၂၀၀၆ ကမန္တလေးရောက်တုန်း သူငယ်ချင်းတစ်ယောက်ခေါ်ကြွေးလို့သွားစားဖူးတယ်၊ အစပ်နဲနဲလျှော့ ဆို ပီးသူမှာလိုက်တာ၊ တစ်ကယ်တမ်းမစားနိုင်ခဲ့ဘူး။စပ်လွန်းလို့...ဒါပေမယ့် ဒါပေမယ့်ပေါ့..အဲဒီကတည်းက မာလာဟင်းကိုစွဲသွားတာ... ရန်ကုန်က ဆိုင်တွေက မန္တလေးက မာလာဟင်းဆိုင်တွေကိုမမှီဘူး။
မာလာဟင်းနဲ့အကင်လေးနဲ့ဆိုကောင်းမှကောင်း၊ ပဲညွန့်တွေ အရွက်စုံပါရင်ပိုတောင်ကောင်းသေး။
မာလာဟင်းအစအဆုံး ကိုယ်တိုင်စမ်းကြည့်ချင်ရင်တော့ မမလုဘလော့မှာ မာလာဟင်းအနှစ်လုပ်နည်း အသေးစိတ် သွားဖတ်ကြည့်နိုင်ပါတယ်။
ကူးကူးလိုအလွယ်နည်းလိုက်ချင်ရင်တော့ ရန်ကုန်က မာလာဟင်းထုတ် ready-made မှာပါ။ ပီးရင်တော့ ဆီသတ်ပီး ဟင်းအနှစ်ထည့်ချက် ကြက်သွန်နီနဲနဲနဲ့၊ ဂျင်းနဲနဲထည့်လိုက်သေးတယ်။
အစပ်ကဲချင်ရင် ငရုတ်သီးထပ်ထောင်းထည့်ပါ။ မြေပဲနဲနဲထည့်ထည့်သလို နှမ်းနဲနဲထပ်ကဲလိုက်ပါသေးတယ်။
စားချင်တဲ့ဟင်းသီးဟင်းရွက်တွေနဲ့ အထုပ်ထဲက ပဲလိပ်တွေ၊ မှိုခြောက်တွေ၊ ခေါက်ဆွဲတွေ၊ ကြွက်နရွက်မှိုတွေ အကုန် ရေနွေးဖျောလိုက်ပါ။ ပီးရင်ဟင်းအနှစ်နဲ့ရောမွှေလိုက်ရုံပါဘဲ။ လွယ်တယ်နော်။
စားရတာလဲ စပ်စပ်လေးနဲ့အရမ်းအရသာရှိတာပါ။
ကူးကူးသုံးထားတာကတော့
ဂေါ်ဖီစိမ်း broccoli
ပြောင်းဖူးသေးသေးလေး
ပဲသီး
ခါကြက်ဥနီ နဲ့
အနံ့မွှေးတဲ့ Parsley ရွက်အနဲငယ်ပါ။

Comments

  1. နှိပ်စက်ပါပေ့ကွယ်။

    ReplyDelete
  2. လားရှိုးက မာလာဟင်းဆိုင် မာလာကင်းကို သတိရလိုက်တာနော်။ ရှလွတ်.....တောက် (သရေကျသံ) :P

    ReplyDelete
  3. Ready Made မလုပ်နဲ့ကွာ ..
    ကိုယ်တိုင်ပြန်ချက် ...
    သူ့လက်ရာ စားပါမယ်ဆိုမှ ..
    နောက် တစ်ခေါက် ပြန်လာစားမယ် ..

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  4. အနှစ်လုပ်ဖို့အချိန်ကြာမှာမို့ပါ။
    ပီးတော့လဲ ပဲလိပ်တို့... ကြွက်နရွက်တို့၊ မှိုခြောက်၊ နဲ့ ပန်းခြောက်တွေက ဒီမှာဝယ်ရတာ ခက်တယ်လေ... တစ်ကူးတစ်က အဝေးကြီးသွားဝယ်ရတာ... အနှစ်ကိုယ်တိုင်လုပ်ဖို့ အချိန်မပေးနိုင်တာရယ်၊ အထုပ်ထဲအဆင်သင့်အားလုံးရောထားတာရယ် အဲဒါသုံးတာပိုအဆင်ပြေလို့ပါနော်။

    ReplyDelete
  5. ကူးကူးလေးရေ့ 
    မာလာဟင်းစပ်စပ်လေး စားချင်လိုက်တာ။
    အရမ်းစားကောင်းမှာပဲနော်။
    ၁၀ ရက်နေ့ ရန်ကုန်ပြန်ရောက်ပြိ ဟိ
    မြန်မာအစားအစာတွေ အ၀စားရတော့မယ်။
    ကူးချက်ထားတဲ့မာလာဟင်းချက်လေးကို ထမင်းဖြူ ပူပူလေးနဲ့ စားချင်လိုက်တာ သားရည်ကျသွားတယ်နော်။
    ချစ်ခင်စွာဖြင့်
    မမလု

    ReplyDelete
  6. Good post. I learn something new and challenging on
    sites I stumbleupon everyday. It will always be interesting to
    read content from other authors and practice something from their sites.



    Also visit my blog post malvinasargentinas.info

    ReplyDelete
  7. Excellent way of explaining, and pleasant post to take information on the topic of my presentation subject matter,
    which i am going to convey in university.

    Also visit my blog post :: http://www.simibap.org

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။