မနက်စာစားပီးတာနဲ့ taman mini ကိုထွက်လာခဲ့ပါတယ်။ နေကလဲတော်တော်အရှိန်ပြင်းတယ်။ စိတ်ဝင်စား စရာတွေများနေပေမယ့် လမ်းဆင်းလျှောက်ဖို့ကို အားမရှိတော့ဘူး။ ကားနဲ့ဘဲ လှည့်ပတ်တယ်။ တစ်နေရာ အရောက်တော့ မျောက်လေး တစ်ကောင်တွေ့လို့ ၀မ်းသာအားရနဲ့ ကားပေါ်က ဆင်း မျောက်လေးရှိတဲ့နေရာ ရောက်သွားတယ်။ သနားပါတယ်။ ခွက်ကလေးကိုင်ပီး ပိုက်ဆံလိုက်တောင်းနေရှာတာ။
နောက်တော့ လူမျိုးနွယ်တစ်စုတစ်စုရဲ့အိမ်တွေကို ကားနဲ့လှည့်ပီး ဓာတ်ပုံလေးတွေရိုက်လာခဲ့တယ်။ ရုံးပိတ် ရက်တွေဆိုရင် သူတို့လူမျိုးတွေရဲ့ရိုးရာယဉ်ကျေးမှုအကသင်တန်းတွေ အိမ်တွေထဲမှာဖွင့်ထားတယ်။ အလကား သင်ပေးတယ်။ ချက်ပြုတ်နည်း၊ ဘာသာစကား၊ အနုပညာ အစုံပါဘဲ။ လေးလဲလေးစားမိတယ်။ သူတို့ယဉ်ကျေးမှု မပျောက်ပျက်အောင်ထိမ်သိမ်းတတ်တဲ့အမူကျင့်ကိုပါ။
လေယဉ်ချိန်နီးပီမို့.. ပြန်တော့မယ်.. လေယဉ်ကွင်းဆင်းရအုံးမယ်ဆိုပီး ပြန်အထွက်မှာ ဖွတ် လိုလို အဆောက် ဦးတစ်ခုထပ်တွေ့တာနဲ့စိတ်ဝင်စားပီးသွားကြည့်မိပါတယ်။ မိကျောင်းရှိတယ်..အထဲမှာ ၊ မိကျောင်းဥ တွေရော၊ ဖွတ်လိုလို အကောင်ကြီးရော..သူများကိုင်ပီး ဓာတ်ပုံရိုက်တယ်..ကျွန်တော့အသေကြောက်.. အမြီး နားတောင်မသွားရဲဘူး။
မြွေလဲရှိတယ်။ ကြက်နှစ်ကောင်ယူလာပီး မြွေရှိတဲ့နေရာကို အလုပ်သမားက ပစ်လိုက်တာ မြွေက ဖမ်းပီးတော့လေ... အီးးးးးးး ပြောရင်းနဲ့အသည်းယားတယ်.. မြိုတာ... သနားပါတယ် ကြက်ကလေးက။
ပြန်အထွက်မှာတော့ နေလဲစောင်းနေပီ... ပြည်တွင်းလေယဉ်ကွင်းကို အမြန်သွားရပါတယ်။ သူတို့လေယဉ် ကွင်းက ပန်းခြံနဲ့ပိုတူနေတယ်။ လေယဉ်နဲနဲနောက်ကျတယ်။ သိပ်မကြာပါဘူး။ ဘာလီ (ဒီပန်ဆာ) လေဆိပ် ကိုရောက်ပါတော့မယ်။

ညီမ ကူးကူး ရေ
ReplyDeleteညီမ ရဲ့ ဗဟုသုတ လေးတွေလာဖတ်သွားတယ်နော် ပုံလေးတွေလည်းကောင်းတယ်
ကျေးဇူး
ရွှေစင်
ပထမပုံမှာ မျောက်ကဘယ်နားမှာထိုင်နေတာလဲဟင်။ တွေ့ ရတာ ခြေထောက်ပုံ၊ဖိနပ်နဲ့ ပြီးတော့အဲဒီအမွေး တွေနဲ့ က ဘာကြီးလဲ????? စဉ်းစားလို့ မရပါလားနော်။
ReplyDelete