Skip to main content

ဘာလီလိပ်ကျွန်းသို့

တရက်နားတဲ့နေ့မှာတော့ Tour ကားစီစဉ်ထားတာကြောင့် လိုက်သွားတယ်။ ဘယ်သွားမယ်မှန်းလဲမသိဘူး။ ကားစထွက်တော့ tour guide က ကားပေါ်ကနေ salamat pagi, ဆိုပီးစပြောပါတယ်။
တစ်လုံးမှနားမလည်ပါဘူး။ ဒါနဲ့ ကားတစ်စီးလုံးက ကျွန်မတို့အဖွဲ့က English please လို့ လှမ်းအော် ကြပါတယ်..အဲဒီတော့မှ ကောင်မလေးက သနားပါတယ်၊ သူက local tour group ကိုဘဲ တာဝန် ယူတာကြောင့် အင်္ဂလိပ်လိုမပြောတတ်ပါဘူးတဲ့။ အမှန်က စီစဉ်တဲ့ tour operator က ကားမှားပီးထည့်လိုက် တာပါ။ အဲတော့ တစ်လမ်းလုံးသူပြောလဲဘာမှနားမလည်ကြမယ့်အတူတူ..တစ်ယောက်က သီချင်းဆိုတတ် လားလို့မေးတော့ သူက ဆိုတတ်တယ်တဲ့။ ဒါနဲ့ဘဲ tour guide လဲဘာမှမရှင်းပြဘဲ သီချင်းဘဲဆိုပီးလိုက်လာ ပါတော့တယ်။ သူက နဲနဲလေးမှမပြောတတ်တာ sorry ကလွဲလို့။  သူ့ကိုမေးစရာရှိရင်တော့ ဒရိုင်ဘာက တဆင့်မေးရတယ်၊ ဒရိုင်ဘာက နဲနဲနားလည်တယ်။ ဒါပေမယ့် သူက ကျွန်မတို့ပြန်ခါနီးမှာ သူ အင်္ဂလိပ်စာ ကိုကြိုးစားသင်ပါတော့မယ်တဲ့၊ အခုလမ်းတစ်လျှောက်အဖြစ်ပျက်သူ့ကို အမြဲအမှတ်ရနေစေမှာ ပါတဲ့လေ။ သူလေးကတော့ ချစ်စရာလေးပါ။  အဲတော့ လေ့လာရေးသွားတဲ့နေ့ ကားပေါ်သီချင်းတစ်ကြော် ကြော်နဲ့ ....



လိပ်ကျွန်းကိုသွားမှာတဲ့။ မော်တော်ဘုတ်စီးပီး ငါးတွေအစာကျွေးတာကြည့်မယ်တဲ့၊မော်တော်ဘုတ်လေးက ခြေထောက်ချတဲ့နေရာလေးမှာ မှန်ကြည်ကြည်လေးနဲ့ကာထားတာ... ရေထဲဆင်းရမယ်လို့အစက မထင်ထား ဘူးနောက်တော့ မော်တော်စီးဖို့ ရေထဲနဲနဲဆင်းပီး ပြေးတက်ရတာ..ကျွန်မလဲရေကျတဲ့အချိန် အမြန်ပြေးရတာ ပေါ့။ ရေစိုမှာလဲကြောက်သေးတယ်။ အထူးသဖြင့်ဆားငံရေ။



ခပ်ဝေးဝေးရောက်တော့ ရေက ကြည်နေတာ..ငါးလေးတွေဝိုင်းလာတယ်..အစာကြွေးကျတယ်။
အရမ်းလှတဲ့ငါးလေးတွေပါ.. စက်လှေဝမ်းက မှန်ကာထားတဲ့နေရာကနေ ပင်လယ်ရေအောက်ကို လှမ်း တွေ့ ရတယ်။


ပီးတော့ ကျွန်းလေးတစ်ကျွန်းရောက်တယ်။ အဲဒီမှာ လိပ်တွေအများကြီး..အချို့လိပ်တွေများအ ကြီးး ကြီး တွေ။
နိုင်ငံခြားသားတွေကတော့ အဲဒါကြီးတွေကိုင်ပီးဓာတ်ပုံရိုက်တယ်။ ပီးတော့ ဌက် အောက်ချင်းဌက်ထင်တာဘဲ၊ ဖွတ် လားပတတ်လား မသိ၊ အဲဒါလဲရှိတယ်၊ ရှဥ့်ကလေးမောင်ညို၊


ဒီခွေးကိုတော့ ကျွန်းကိုလာတဲ့ အခြား tour group တရုတ် နဲ့ ဂျပန်တွေအကုန်ဓာတ်ပုံဝိုင်းရိုက်ကြတာဘဲ..  အမှန်ကတော့ ကျွန်းပေါ်ကပြတဲ့တရိစ္ဆာန်ထဲမှာ သူမပါဘူး။
သူက အဲဒီကျွန်းက ခွေး..အရမ်းပူလို့ထင်ပါတယ် သူလဲသဲကိုယက်ပီး အိပ်နေရှာတာ။
ကျွန်မလဲ အကောင်တွေအစုံဓာတ်ပုံရိုက်မလို့ ကြံစည်တာဘဲ၊ ကျွန်းပေါ်ရောက်တော့ အစည်းဝေးလာတတ် တဲ့အခြားနိုင်ငံတွေရဲ့ကိုယ်စားလှယ်တွေက ဓာတ်ပုံရိုက်ဖို့လာခွင့်တောင်းတာနဲ့ ထပီး ပါးစပ်ညောင်းလောက် အောင်ပြုံးနေရတာနဲ့အချိန်ကုန်ပါတယ်။ တစ်ယောက်ပီးတစ်ယောက်မပီးနိုင်တော့ဘူး၊ ကျွန်မပြောတယ် အဖွဲ့လိုက်ရိုက်ပါလား၊ မဟုတ်ဘူးး တစ်ယောက်ချင်းတဲ့။။။ ဒါနဲ့ဘဲနေပူပူ သဲပူပူနဲ့..ပြန်ရောက်တော့ ငါးခြောက်ဖြစ်သွားပီလားအောက်မေ့ရပါတယ်။
 စိတ်ဝင်စားတဲ့သူများအတွက် လင့်ခ်လေးပါ..
Turtle Island Tour - Glass Bottom Boat 

Comments

  1. ပျော်စရာကြီးဘဲ ကူးကူးစ်
    လာလည်မယ်လေ လိုက်ပို့မလားးးးး

    ReplyDelete
  2. ကူးကူး ငါးခြောက် ကတော့ မသိဘူး တခြားငါးခြောက်တွေ ကတော့ အတော် ကောင်းတယ်

    ရွှေစင် (လှတယ် ပုံတွေ ကျေးဇူး)

    ReplyDelete
  3. ဓါတ်ပုံလေးတွေ ကြည့်ပြီး လိပ်လေးတွေကို သဘောကျ သွားတယ် ကူးကူးရေ။

    ဘယ်လောက်ဘဲလှလှ ဓါတ်ပုံဆရာတော်လို့  ပိုလှတာ။
း)

    ReplyDelete
  4. မေလေးစ်..ကူးလဲသွားလည်တာလေ.. ဧည်သည်.. ဟီဟီး.. ချိန်းပီးအတူသွားကြတာပေါ့.

    ရွှေစင်.. ကူးကူးငါးခြောက်က ငါးဖောင်ရိုးခြောက်နဲ့ ခပ်ဆင်ဆင်ရယ်..အရသာကတော့ ကောင်းမှာသေချာတယ်။

    ကျောပိုးအိတ်လေး... ကျေးဇူးပါ.. ကျေးဇူးပါ

    ReplyDelete
  5. ကူးကူး ငါးခြောက်စားချင်တယ် ဝယ်ကျွေး ၀ယ်ကျွေး

    ဟင့်..ဟင့်

    ညီမ ရေ စတာနော်

    ချစ်တဲ့
    ရွှေစင်

    ReplyDelete
  6. Its Great blog post and photos

    ReplyDelete

Post a Comment

ကူးကူးရေ...