Bandung သွားရတဲ့အကြောင်းကတော့ sightseeing သတ်သတ်မဟုတ်ပါဘူး။ အလုပ်ကိစ္စလေးနဲ့ နဲနဲ နွယ် နေလို့ပါ။ အဲဒီမှာရှိတဲ့ ကျွန်မအလုပ်လုပ်နေတဲ့အဖွဲ့စည်းက ဖွင့်ထားတဲ့ University တစ်ခုကိုသွားတာပါ။ တောင်ပေါ်ဒေသ အေးအေး လေးမှာ ကျောင်းသားတွေ အယောက် ၁၅၀၀ လောက်ရှိပါတယ်။ လူငယ်တွေချည်းဘဲ၊ သူတို့ဘာသာသူတို့ ပျော်နေကြတာ။ စည်းကမ်းကြီးသလိုအ၀တ်စားလဲသတ်မှတ်ချက်အတိုင်းဝတ်ရလို့ ကျွန်မလဲ အိကျီင်္လက် ပြတ်မ၀တ်ရ၊ စကတ် ခြေသလုံးတစ်ဝက်အပေါ်မရောက်ရမို့ မထွက်ခင်ကတည်းက အဲဒီကျောင်းမှာဝတ်ဖို့ တစ်ကူးတစ်က တစ်စုံယူသွားရပါတယ်။
တောင်ကုန်းပေါ်ကကျောင်းဝင်းကြီးမှာ ထင်းရှုးပင်တွေမိုးထိုးအောင်ပေါက်နေတာတွေ လိုက်ကြည့်ရင်း စိတ် အေးချမ်းကြည်နူးရပါတယ်။ bandung ကနေ တောင်ပေါ်ဆက်တက်ရပါသေးတယ်။ တောင်နှစ်လုံးကြားထဲ မှာဆောက်ထားတဲ့ကျောင်းလေးပါ။ ကျွန်မတစ်ညလုံး လေယဉ်စီး၊ပီးတော့ ကားစီးနဲ့ အတော့်ကိုအိပ်ချင် နေတာပါ။ ဒါကြောင့် မညီမညာပုံလေးတွေ အိပ်ချင်မူးတူးရိုက်ခဲ့ပါတယ်။ dandelion လေးတွေ့ခဲ့သေးတယ်။
ဝါ၀ါလေးနဲ့ချစ်စရာလေးနော်။
နေ့လည်ပိုင်းမှာတော့ နေ့လည်စာ စားပီး တောင်ပေါ်ခေါ်သွားမယ်ဆိုပီး ကားထပ်စီးရပြန်ပါတယ်။
ကားပေါ်မှာအိပ်ပျော်သွားတဲ့အတွက် ခန့်မှန်းခြေ (၂) နာရီလောက်ကြာတော့ တောင်တစ်ဝက်ကားရပ်နား စခန်းကိုရောက်ပါတယ်။ ဈေးသည်တွေအများကြီးရှိတယ်။ စတော်ဘယ်ရီတွေဈေးပေါလိုက်တာ...
အန်ကလုံးလေးတွေလဲရောင်းတယ်..အစုံလိုက်မှ ဒေါ်လာ ၁၀ လောက်ဘဲကျတယ်။ ၀ယ်ချင်တာ လက်ယား နေတာ၊ ဥပုသ်မထွက်သေးတော့ စိတ်လျှော့ထားရတယ်။ အဲဒီနေရာကနေ ကားသေးလေးတွေက တောင် ထိပ်အထိဆက်ခေါ်သွားတယ်။ တောင်ပေါ်ရောက်ကတည်းက စူးစူးဝါးဝါးအနံ့ စိတ်ပျက်ဖို့ကောင်းတယ်၊ လေများသင့်လို့ ပျောက်မလားအောက်မေ့တယ်..တောင်ထိပ်ရောက်မှ အလယ်ရေအိုင်ချိုင့်က ထွက်လာတဲ့ မီးခိုးတွေအနံ့မှန်းသိရတယ်၊ ကန့် အနံ့လေ.. တော်တော်စူးတာ... မီးတောင်ကိုး.. အငွေ့တွေကထွက်နေတုန်း။
တောင်ထိပ်မှာတော့ မာဖလာလေးတွေရောင်းတယ်.. ကျောင်းသူကျောင်းသားတွေလေ့လာရေးခရီးလာ တာလဲအများကြီးဘဲ...
တောင်ထိပ်တစ်ဝက်တစ်စွန်းမှာတော့ တိမ်တွေမြူခိုးတွေဖုံးနေတယ်။ အေးလဲအေးစိမ့်နေတယ်။
မီးတောင်တွေစိတ်ဝင်စားရင်လင့်ခ် ပေးထားတယ်သွားဖတ်ကြည့်နော်။
တောင်ပေါ်လည်လို့ပီးတော့ bandung ကိုပြန်ဆင်းလာတယ်။ ညနေ (၅း၃၀) မှာတော့ bandung ကိုပြန် ရောက်ပါတယ်။ ဆက်သွားရမယ့်နေရာက တော့ bandung မှာဖွင့်ထားတဲ့ ကျွန်မတို့ ရုံးက ဆေးရုံကြီး တစ်ခု ကိုပါ။

Comments
Post a Comment
ကူးကူးရေ...