Skip to main content

ဆမခြောက်

ဆမ ခြောက်ကို ၂၀၀၉ ဒီဇင်ဘာရန်ကုန်ရောက်တုန်း စိမ်းလမ်းစိုပြေမှာ စားဖူးတာပါ။ ၂၀၀၈ တုံးက ဆမခြောက်သုပ် စားမလားလို့သူငယ်ချင်းကပြောတော့... ပင်လယ်စာ ထင်လို့ မစားဖူးလို့ငြင်းခဲ့သေးတယ်။  အဲတစ်ခါတော့ စားမိတော့ အင်မတန်ကို ကြိုက် သွားတာဘဲ။  ကျွန်မအကြိုက်ဆုံးငါးခြောက်ကတော့ အာဗြဲခြောက်ပါ။ ဘယ်လိုစား စားမရိုးနိုင်ဘူး။  ဆမခြောက်လေးတွေ အရင်နှစ် ငွေဆောင်သွားတုံးက၀ယ်ခဲ့တာ တွေ တစ်ရက် အိမ်မှာ သူငယ်ချင်းအင်ဒိုကောင်လေးက စားမိတော့ အရမ်းကြိုက်သွား တော့ တစ်ချိန်လုံး လှမ်းမှာခိုင်းတယ်..  ကျွန်မက သုပ်စားတာကြိုက်တယ်။ သူက ကြော်ပီးသားစားတာကိုကြိုက်တယ်။  သူ့တို့ နိုင်ငံက တူနာကို အကောင်လိုက် အစာ သွပ်ကင်တာကျွန်မကကြိုက်တယ်.. ဒါကြောင့် ခဏခဏ လဲ စားဖြစ်တယ်။  ဆမ ခြောက် နဲ့ တူနာ ကင် လဲစားတယ်ဆိုပါတော့..။ ဒါပေမယ့် ဆမ ခြောက်က ကြော်ပြီး ဖဲ့၊ ဆီစိမ်းမွှေးမွှေးလေး၊ ကြက်သွန်နီလှီး၊ ငရုတ်သီးစိမ်းလေး၊ နံနံပင်လေးထည့်သုပ် အရမ်းကိုကောင်းတာ..  သံပုရာလေးဆမ်းလိုက်အုံး..ရှယ်..
အသုပ်တော့အသုပ်ဘဲ ဒါပေမယ့် ငါးခြောက်ကပျော့မသွားဘူး... 
ဒါကတော့လောလောလတ်လတ်ကြော်ထားတဲ့ ဆမခြောက်ကြော်ပါ။
ဒါလေးက တော့စိမ်းလမ်းဆိုပြေက ဆမခြောက်သုပ်ပါ။  ရေနွေးကြမ်းလေးနဲ့ဆိုသိပ်လိုက်တာ။ 
ဆမခြောက် အကြောင်းသိတဲ့သူများရှိရင် ဝေဌသွားပါအုံး.. အဲဒီ ငါး ဘယ်လို ရုပ်မျိုးလဲ ဆိုတာသိပ်သိချင်လို့ပါ။


Comments

  1. စားဖူးဘူးထင်တယ်.။
    သုပ်တာ ပိုကြိုက်မယ်ထင်တယ်..။
    သုပ်ရင် ကြော်ရသေးလား.ဒီအတိုင်းသုပ်ရတာပဲလား.။


    ပေါက်

    ReplyDelete
  2. ဆမခြောက်ကြော်တော့စားဖူးတယ်...ချောင်းသာတို့ဘာတို့သွားရင် ဈေးထဲမှာ ရောင်းကြတာတွေ့တယ်...။ သုပ်စားလည်းကောင်းမယ့်ပုံပဲ...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  3. တခါမှတောင် တွေ့ဖူးဘူးရယ်
    စားကောင်းတယ်ဆိုတော့ စားကြည့်ချင်တယ်
    ကိုယ်လည်း အာပြဲခြောက်ကြိုက်တယ်

    ReplyDelete
  4. တော်တော်လေး လွန်ခဲ့တဲ့ နှစ်တွေက စားဖူးတယ်
    ကြိုက်တယ်
    ကြော်တာဘဲ စားဖူးတာ သုပ်တာ စားဖူးဘူး
    ကူးကူးရဲ့ ပုံကြည့်ပြီး သုပ်စားကြည့်ချင်စိတ်ပေါက်လာတယ်

    ReplyDelete
  5. စားဖူးနေတာလဲကြာပြီ ကြိုက်လဲကြိုက်တယ်
    ထိုင်းက၀ယ်လို့ ထိုင်းငါးခြောက်လို့ ကိုယ့်ဘာသာနာမည်ပေးထားတာ :-)
    ဆမခြောက်လို့ ခေါ်တာအခုမှသိတယ်.ကျေးဇူးပါရှင်

    ReplyDelete
  6. ဘာဖြစ်လို့ ဆမခြောက်လို့ ခေါ်တာလဲ မသိဘူးနော်။ နာမည်က အဆန်းလေး။ တစ်ခါစားဖူးတယ်။

    ReplyDelete
  7. စားချင်သွားပြီ။ အဲဒီ ငါးခြောက်လေးတွေယိုးဒယားဈေးမှာတွေ့တာ ကြာပြီ။ ဒါပေမယ့် မ၀ယ်ဖြစ်ဘူး။ ခုတော့ ၀ယ်စားချင်စိတ်ပေါက်သွားပြီ

    ReplyDelete
  8. ငါးလိပ်ကျောက်အငယ်လေးတွေကိုခြောက်ထားတာလို့ ကြားဖူးတယ်

    ReplyDelete
  9. ပေါက်ရေ.. သုပ်စားချင်ရင်လဲ အရင်ကြော်ရသေးတယ်..
    မဟုတ်ရင်တော်တော်ညှီမှာ..း)

    ReplyDelete
  10. အဲဒါတခါမှတောင်မကြားဖူးဘူး။ စားဖူးကြည့်ချင်လိုက်တာ။ ကောင်းမဲ့ပုံလေး။ အမက အသုပ်ကြိုက်တတ်တော့ သုပ်တာကိုပိုနှစ်သက်လိမ့်မယ်ထင်တယ်။ ခြောက်ထားတဲ့ပုံလေးကလည်း ပန်းပွင့်လေးတွေလိုဘဲနော်။ စိတ်ဝင်စားစရာ...

    ReplyDelete
  11. ရေစိမ်ပြီးကြော်ရမှာလား ဒီအတိုင်းကြော်ရမှာလားဟင်။ ကြော်ရင်တော်တော်ညှော်လားမသိဘူး။ ယိုးဒယားဆိုင်တွေမှာတွေ့ ဖြစ်ပေမယ့် ဘယ်လိုချက်စားရမှန်းမသိလို့ မ၀ယ်ဖြစ်ဘူး။

    ReplyDelete
  12. ငါးခြောက်ကြိုက်တော့ ကိုယ်လည်းစားရင်ကြိုက်ပါတယ်။ ဒါပေမဲ့ ဘာကောင်မှန်းသေချာမသိလို့ သိပ်မစားဖြစ်ဘူး။ စားရင်လည်း မရပ်တော့ဘူး ရေနွေးကြမ်းနဲ့ တောင်စားတယ်။

    ReplyDelete
  13. ငါးလိပ်ကျောက် အငယ်လေးတွေကို ခေါင်းဖြတ်..အမြီးဖြတ်ပါတယ်..ပြီးတော့ အမြောင်းလိုက် ခွဲပြီး အခြောက်လှမ်းပါတယ်...အရိုးကနုပြီးတော့ အရိုးပါစားလို့ရပါတယ်...တစ်ချို့ကတော့ ပြုတ်ပြီးသုတ်စားကြတယ်...

    ReplyDelete
  14. ငါးအရုပ်တော့ မသိဘူး ကျနော်လည်း ယောင်းမပေးမှ စားဖူးတာ အတော်ကြိုက်တယ် အိမ်မှာတောင် ၁ ထုပ်ကျန်သေးတယ်

    ReplyDelete
  15. ထားဝယ်နေတုန်းကတော့ အတော်လေးစားမိဖူးတယ် အစ်မ အကောင်ကိုတော့ သိပ် မစပ်စုမိလိုက်ဘူး။ သိပ်မနေလိုက်ရလို့ ပါ။ အနေကြာရင်တော့ မြိတ်ကျွန်းစု အကြောင်း ဘလော့ပေါ်ရောက်လာစေရမှာ။

    ReplyDelete
  16. http://en.wikipedia.org/wiki/Batoidea

    ငါးလိပ်ကျောက် ပုံ...
    ဆမခြောက်ဆိုတာ ငါးလိပ်ကျောက်ကိုအခြောက်လုပ်ပြီး ပြန်ကြော်ရောင်းတာ၊
    မြန်မာက ဘီယာဆိုင်တွေမှာလည်း မှာစားလို့ရတယ်၊ မြန်မာမှာ အဲ့ဒါလေးတွေလုပ်ပြီး ဇျေးကွက်သွင်းနေတာ နဲနဲကြာပြီ...စားကောင်းပါတယ်..အခန့်မသင့်ရင် ကိုယ်တွေယားပြီးသွေးမတည့်မှုဖြစ်တတ်တယ်...

    ReplyDelete
  17. Greetings! I know this is somewhat off topic but I was wondering which blog platform are you using for
    this website? I'm getting tired of Wordpress because I've had problems with hackers and I'm looking at options for another platform. I would be great if you could point me in the direction of a good platform.

    Also visit my website: ford ranger forum

    ReplyDelete
  18. Wow, incredible weblog layout! How long have you ever been running a blog for?
    you make blogging look easy. The entire glance of your web site is magnificent, as neatly as the content!


    my web-site - http://infa2.site40.net/wiki/index.php?title=Every_One_Of_New_Ford_Ranger_Related_Articles

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။