ကြိုက်နှစ်သက်ရာ အရိုးတစ်မျိုးမျိုး၊ ဒီမှာတော့ ရင်နူးရိုးခေါ်မလား အဲဒါကို သုံးထား ပါတယ်။
ပေါင်းအိုးနဲ့ နူးအောင်တည်ပြီးမှ အိုးကြီးကြီးထဲကိုထည့် ပြီး စွပ်လုပ်မှာပါ။
ပထမအဆင့်ပေါင်းတဲ့အခါ ဂျင်းနဲ့ ကြက်သွန်ဖြူကို ထည့်အရိုးဘေးနားက အသားတွေ နူးအိနေတဲ့အထိပေါင်းပေးပါ။
ပြီးရင်တော့အိုးကြီးကြီးထဲ ထည့်၊ ရေထည့်ပြီး knorr အမဲသား stock cube လေး တစ်ဝက် ကို အချိုမှုန့်အစားထည့်၊ ဆား ထည့် မီး အေးအေးနဲ့ ဆက်တည်ထားပါမယ်။
ဒါတွေကို ခပ်ထုပ်ပါ။။ ခဲနေတော့ ခပ်ထုပ်ရတာမြန်ပါတယ်။ ပြီးမှ နောက်တစ်ခေါက် ဆက်တည်ပါ.. ဒီတစ်ခါတော့ ဟင်းရည်နဲနဲနွေးတာနဲ့ ကြက်ဟင်းခါးသီး၊ မုန်လာထုပ် နဲ့ ဘိုစားပဲ၊ ငရုတ်သီးစိမ်း တို့ကိုထည့်ပြီး ဆူအောင်ထပ်တည်ပြီး အရွက်တွေ နွမ်း လောက် ပြီဆိုရင် အိုးကိုချလို့ရပါပြီ။
အဲဒါကိုအရင်က ကျောင်းလာတက်တဲ့ ကျွန်မဆရာရဲ့ အမျိုးသမီး မီဇို ချင်းလူမျိုးပါ။ သူ့အိမ်မှာ အမဲအရိုးစွပ် လုပ်ရင် အရမ်းသောက်လို့ကောင်းတာကြောင့် အဲဒီနည်း အ တိုင်း လိုက်ထွင်ထားတာပါ၊ နဲနဲလွဲတာတော့ရှိလိမ့်မယ်။ သူ့အိမ်မှာ တော့ အရိုးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဟင်းအိုးထဲက ခပ်ထုတ်ထားပြီး ဗန်းပေါ်မှာ ဌက် ပျောရွက်ခင်း တင်ထားတယ်၊ စားချင်ရင် အရိုး အရွက်တွေထည့်၊ ဟင်းရည်ထည့်ပြီး စားရုံပေါ့။
ကျွန်မအတွက်တော့ တစ်ခါတည်းအိုးထဲမှာ ထည့်ပြုပ်ထားလိုက်တယ်။ ကြက်ဟင်းခါး သီးကြောက်တဲ့သူများ စမ်းကြည့်ပါလားလို့ပြောပါရစေ၊ အရမ်းမခါးပါဘူး၊ အခါးနဲနဲ သက်ပေမယ့် အခြားဟင်းရွက်အချိုရည်ရယ်၊ အရိုးပြုပ်ထားတဲ့ အစိမ့်ရယ်ရောတော့ အရမ်းကိုအရသာရှိတဲ့ စွပ် တစ်ခွက်ရပြီပေါ့။

- ကြက်ဟင်းခါးသီး တစ်လုံးရဲ့တစ်ခြမ်း(သို့)ကိုယ်အခါးကြိုက်ရင်ကြိုက်သလောက် ကို အထဲက အစေ့တွေအကုန် ထုတ်ပစ်ပြီး ဘေးအခွံသား သာယူ အဆင်သင့်လှီးဖြတ်ထားပါ
- မုန်လာထုပ် အရွက်တွေလှီးဖြတ်ဆေးကြောထားပါ၊
- ငရုတ်သီးစိမ်းအတောင့်ကို နှစ်ခြမ်းခွဲ အစေ့ထုပ်ထားပါ။
- ဘိုစားပဲသီးအတောင့်လိုက်ကိုလဲ အမျှင်နွှာရေဆေးထားပါ။
ဒါတွေကို ခပ်ထုပ်ပါ။။ ခဲနေတော့ ခပ်ထုပ်ရတာမြန်ပါတယ်။ ပြီးမှ နောက်တစ်ခေါက် ဆက်တည်ပါ.. ဒီတစ်ခါတော့ ဟင်းရည်နဲနဲနွေးတာနဲ့ ကြက်ဟင်းခါးသီး၊ မုန်လာထုပ် နဲ့ ဘိုစားပဲ၊ ငရုတ်သီးစိမ်း တို့ကိုထည့်ပြီး ဆူအောင်ထပ်တည်ပြီး အရွက်တွေ နွမ်း လောက် ပြီဆိုရင် အိုးကိုချလို့ရပါပြီ။
အဲဒါကိုအရင်က ကျောင်းလာတက်တဲ့ ကျွန်မဆရာရဲ့ အမျိုးသမီး မီဇို ချင်းလူမျိုးပါ။ သူ့အိမ်မှာ အမဲအရိုးစွပ် လုပ်ရင် အရမ်းသောက်လို့ကောင်းတာကြောင့် အဲဒီနည်း အ တိုင်း လိုက်ထွင်ထားတာပါ၊ နဲနဲလွဲတာတော့ရှိလိမ့်မယ်။ သူ့အိမ်မှာ တော့ အရိုးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဟင်းအိုးထဲက ခပ်ထုတ်ထားပြီး ဗန်းပေါ်မှာ ဌက် ပျောရွက်ခင်း တင်ထားတယ်၊ စားချင်ရင် အရိုး အရွက်တွေထည့်၊ ဟင်းရည်ထည့်ပြီး စားရုံပေါ့။
ကျွန်မအတွက်တော့ တစ်ခါတည်းအိုးထဲမှာ ထည့်ပြုပ်ထားလိုက်တယ်။ ကြက်ဟင်းခါး သီးကြောက်တဲ့သူများ စမ်းကြည့်ပါလားလို့ပြောပါရစေ၊ အရမ်းမခါးပါဘူး၊ အခါးနဲနဲ သက်ပေမယ့် အခြားဟင်းရွက်အချိုရည်ရယ်၊ အရိုးပြုပ်ထားတဲ့ အစိမ့်ရယ်ရောတော့ အရမ်းကိုအရသာရှိတဲ့ စွပ် တစ်ခွက်ရပြီပေါ့။
ကူးကူးရေ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့အိမ်မှာလဲ ဘာကူးတေလို့ခေါ်တဲ့ ၀က်နံရိုးစွတ်ပြုတ် ချက်တယ်။ စလုံးမှာတော့ နာမည်ကြီးပေါ့။ ဆိုင်တွေ ပေါမှပေါ၊ ဒီမှာတော့ ကိုယ့်ဟာကိုယ်ပဲ ချက်စားရတယ်။
ReplyDeleteအမဲသားမစားလို့ အမဲရိုးစွတ်တော့ မသောက်ဖူးဘူး ။ ကြက်ဟင်းခါးသီးနဲ့ဆိုတော့ ထူးတော့ထူးသားလို့။ တရုတ်တွေကတော့ ၀က်နံရိုးနဲ့ ကြက်ဟင်းခါးသီးကြော်တာ သူတို့နာမည်ကြီးဟင်းဆိုပဲ။
ဟုတ်ယ်.. အဲဒါအရိုးနဲ့ ကြက်ဟင်းခါးသီးနဲ့ ပေါင်းလိုက်တဲ့အရသာက တစ်မျိုးကို ထူးနေတာ တီဆွိရေ..
ReplyDeleteကူးကူး ရေ
ReplyDeleteကြက်ဟင်းခါး သီးကို ဝက်အဆီအသားလေးတွေ နဲ့ ပါးပါးလှီးချက်ရင် အရမ်းစားလို့ကောင်းတယ် အခုလိုမျိုးတော့ မစားဘူးသေးဘူး
မစားဖူးသေးဘူး။ ရုံးပိတ်ရက်မှလုပ်စားကြည့်ဦးမယ်။ ရှယ်ပဲ...ရွှလွတ်....ဗိုက်ဆာသွားပြီ။း)
ReplyDeleteစားချင်လာပြီ။ ကြက်ဟင်းခါးသီးကိုကျမလည်းကြိုက်ပါတယ်။
ReplyDeleteအမဲနံရိုးစွပ်ကိုကြိုက်တယ်။ ကြက်ဟင်းခါးသီးနဲ့တော့ မစားဖူးသေးဘူး။ နည်းရသွားပြီ နောက်တခါ စမ်းကြည့်ရမယ်။ ရှယ်ပေးတာ ကျေးဇူးပါညီမရေ။
ReplyDeleteI will try with pork rib. I think i will like it as i love bitter melon.
ReplyDeleteIora
ကူးကူးရေ.. လုပ်စားဖြစ်ပါတယ်။ Thanks
ReplyDeleteစားချင်လိုက်တာနော်.:)
ReplyDelete