Skip to main content

muak lek ရေတံခွန်လေးများ

ရေတံခွန်လေးတွေပါ.. အရမ်းမကြီးလှပေမယ့် စိတ်ကြည်နူးစရာမြင်ကွင်းလေးတွေပါ..
အဲဒီနားတစ်ဝိုက်မှာရေတံခွန်တော်တော်များများရှိတယ်..ရေက သိပ်မကြည်ပါဘူး မကြည်တားလား လူတွေဝိုင်းကူးနေကြလို့ဘဲနောက်သလားမဆိုတတ်ဘူး။ အထဲမှာ တော့ လူတွေများကြီးဘဲ... သူ့တိုဘာသာ အဖွဲ့နဲ့ ပျော်ကြနောက်ကြ.. စားကြ သောက်ကြ... ရေထဲ တွန်းချ... ကမ်းဘေးက ရွှံ့တွေကို လုံးပြီး ရေထဲက လူတွေကို ပစ် ပေါက်နေတာနဲ့ဘဲ...  သူတို့အပျော်တောင်ကိုယ့်ဆီကူးလာတယ်။
အရင်ပိုစ့်မှာတုန်းက မေးထားတဲ့ သူငယ်ချင်းလေးတွေအတွက်ပါ၊ muak lek က ဘန် ကောက်က နေ ၂ နာရီကားစီးရပါတယ်။ အဲဒီဘက်ကိုသွားတဲ့ ကားတွေက ဘန်ကောက်မြို့ထဲက great monument မှာ ကားဂိတ်လေးတွေရှိပါတယ်။  အဲဒီက နေ public van ကားလေးစီးပြီး တောက်လျှောက်... သွားတာပါ။  ဘတ် 130 ဘဲ ပေး ရတယ်။ တက်စီ ဌါးမယ်ဆိုရင်တော့ ၁၆၀၀ ဘတ် ပေးရပါတယ်။
ကျွန်မကတော့ ဘန်ကောက်မြို့ထဲနဲ့စာရင် မြို့ နဲ့ဝေးတဲ့ အခုလိုနေရာမျိုးလေးတွေကို ပိုသဘောကျတယ်။















Comments

  1. တောက်ပကြယ်စင်August 1, 2011 at 3:43 AM

    ချိုးချင်စရာလေးပဲ စန္ဒကူးရေ...သစ်ပင်တွေနဲ့ အုံ့အုံ့ဆိုင်းဆိုင်းဆိုတော့ အေးနေမှာပဲ...ကျန်းမာပျော်ရွှင်ပါစေ...

    ReplyDelete
  2. စိမ်းစိမ်းစိုစိုနဲ.ပျော်ဖို.ကောင်းတဲ့နေရာလေးတခုဖြစ်မှာပါ။ကူးကူးရေးတဲ့ပို.စ်
    တိုင်းဖတ်ဖြစ်ပါတယ်။
    အန်တီဦး

    ReplyDelete
  3. ပျော်စရာကောင်းလိုက်တာ။ အရမ်းသွားချင်တယ်။ ဓာတ်ပုံလေးတွေလည်းလှတယ်။

    ခင်မင်လေးစားလျက်

    ReplyDelete
  4. သဘာဝအလှလေးတွေ မြင်ရတော့စိတ်တွေလန်းဆန်းတယ်လေနော်။
    အိုင်အိုရာ

    ReplyDelete
  5. လှလိုက်တာ... သဉ္ဇာလည်း ခုတလော ရေတံခွန်တွေကို ဓါတ်ပုံရိုက်ရတာ အရမ်းသဘောကျနေတယ်။ :)

    ReplyDelete
  6. ရေတံခွန်လေးတွေ လှလိုက်တာ။။။။

    ReplyDelete
  7. ရေတံခွန် ဓာတ်ပုံလေးတွေ လှလိုက်တာ အစ်မကူးကူးရယ်...

    ReplyDelete
  8. သာယာလိုက်တာ ကူးရယ်..
    သူငယ်ချင်းတွေနဲ့သွားလည်ချင်လိုက်တာ...

    ဝဲစွဲပြီးကတည်းက လင့်တွေပျောက်ကုန်တာ ခု ပြန်ချိတ်လိုက်ပြီနော်..
    အဲဒါမှ အမြဲရောက်ဖြစ်မှာ...

    ReplyDelete
  9. ရေတံခွန်ရှိတဲ့နေရာတွေကို ခရီးထွက်ရတာ သဘောကျတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. ကူးကူး အညွှန်းကောင်းလို့ တီချမ်းတို့နဲ့ အရောက်သွားလိုက်ပါတယ်။ တီချမ်းပိုစ့်ရေးလိမ့်အုံးမယ် :)

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။