ကျွန်မတို့အဖွားရွာမှာတော့ ကောက်ကွေးညွန့်လို့ခေါ်တဲ့ Fern ကို ဒီမှာလဲတစ်ခါတစ်လေရတတ် တယ်။ ဈေးမှာ ရောင်းတာကတော့ ဈေးနေ့၊ မိုးတွင်းလိုအချိန်မျိုးမှာ အသည်တစ်သည်က လာရောင်းလေ့ ရှိတယ်။ ဈေးနေ့က တနင်္ဂနွေမနက်စောစော မှ စုံတာမို့ ထဖို့ပျင်းတဲ့နေ့မျိုးဆိုရင် တစ်ပတ်လွတ်ရော။ အခုတစ်လောခေတ်စားနေတာ မျှစ်တွေ၊ အတုံးလိုက်ကိုချရောင်းတာ၊ ၁ ဒေါ်လာဆို ၁တုံးရတယ်။ ၀ါးပိုးဝါး မျှစ်ဆို့ကြီးတွေ။ ပြန်ခုတ်ဖြတ်ရတာတော့မသက်သာလှဘူး။ ကောက်ကွေးညွန့်ကိုတော့ ခြံစိုက်စားတဲ့ ကောင်လေးတစ်ယောက် လာလာပေးလို့စားရတယ်။ အစိမ်းသက်သက် ငပိချက်လေးဖြစ်ဖြစ်၊ ငံပြာရည်ချက်လေးနဲ့ဖြစ်ဖြစ် တို့စားရင် အရမ်း အရသာရှိတာမို့ သူ့ကို ရှိရင်လာရောင်းပါလို့ မှာထားတယ်။ လက်တစ်ဆုပ်စာ အစည်းတစ်စည်ကို .5 ဒေါ်လာလောက်ဘဲပေးရတယ်။ ၂၀၀၉ တုံးက ဈေးမှာတစ်ခါရလို့ သုပ်စားဖူး တယ်။ ကောက်ကွေးညွန့်သုပ်၊ ဒီတစ်ခါတော့ စာဘား (sabah) က အန်တီတစ်ယောက်က သူတို့ဆီမှာ ဘလချောင်နဲ့ဖြစ်ဖြစ်၊ anchovies နဲ့ဖြစ်ဖြစ်ကြော်စားကြတယ်လို့ပြောပြလို့ ချက်ချင်းဘဲ စမ်းကြည့် လိုက်တယ်။ ကောင်းလွန်းလို့ ကိုယ့် version လေးကိုဒီပေါ်မှာ ထပ်တင်ထားလိုက်တယ်။
ကောက်ကွေးညွန့် တစ်စီး
ငါးနီတူခြောက် အနည်းငယ်
ငပိစိမ်းစား နည်းနည်း.
တား အနည်းငယ် ...
ကြက်သွန် နီ၊ ကြက်သွန်ဖြူ ကို ပါးပါးလှီးပြီး ဆီပူထဲထည့်ကြော်ပါ။
ငပိစိမ်းစားလေးနဲနဲထည့်ပါ။
မွှေးလာရင် ငါးခြောက်လေးတွေရေဆေး၊ ရေစစ်ပြီးထည့်။
ငါးခြောက်လေးတွေကြွပ်လာပီဆိုရင်တော့ ရေဆေးလှီးဖြတ်ထားတဲ့ ကောက်ကွေးညွန့်လေးတွေထည့်ပါ။
ဆားထည့်လိုက်ပြီး မီးဖိုမီးကိုပိတ်လိုက်ပါ။
ပြီးရင်တော့ အားလုံးသမအောင်မွှေလိုက်ပါ.. အရွက်လေးတွေစိမ်းစိမ်းလေးနဲ့ ဒယ်အိုးအပူနဲ့တင်ကျက်သွား မှာပါ။
ထမင်းပူပူလေးရယ်... ကောက်ကွေးညွန့် ငါးနီတူ ကြော်လေးရယ်... ချဉ်ပေါင်ဟင်းချိုလေးရယ်.. သိပ်ကို လိုက်ဖက်ပါတယ်။ စိတ်ဝင်စားရင်၊ fern လဲ ရှိရင်.. ကြော်စားကြည့်နော်။
ဒါကတော့ ချိုးဆိတ်ပြီးရေစိမ်ထားတဲ့ ကောက်ကွေးညွန့်လေးတွေပါ။
အသုပ်စားချင်ရင်တော့ ဒီမှာပါ။
ကောက်ကွေးညွန့်သုပ်
ကောက်ကွေးညွန့် တစ်စီး
ငါးနီတူခြောက် အနည်းငယ်
ငပိစိမ်းစား နည်းနည်း.
တား အနည်းငယ် ...
ကြက်သွန် နီ၊ ကြက်သွန်ဖြူ ကို ပါးပါးလှီးပြီး ဆီပူထဲထည့်ကြော်ပါ။
ငပိစိမ်းစားလေးနဲနဲထည့်ပါ။
မွှေးလာရင် ငါးခြောက်လေးတွေရေဆေး၊ ရေစစ်ပြီးထည့်။
ငါးခြောက်လေးတွေကြွပ်လာပီဆိုရင်တော့ ရေဆေးလှီးဖြတ်ထားတဲ့ ကောက်ကွေးညွန့်လေးတွေထည့်ပါ။
ဆားထည့်လိုက်ပြီး မီးဖိုမီးကိုပိတ်လိုက်ပါ။
ပြီးရင်တော့ အားလုံးသမအောင်မွှေလိုက်ပါ.. အရွက်လေးတွေစိမ်းစိမ်းလေးနဲ့ ဒယ်အိုးအပူနဲ့တင်ကျက်သွား မှာပါ။
ထမင်းပူပူလေးရယ်... ကောက်ကွေးညွန့် ငါးနီတူ ကြော်လေးရယ်... ချဉ်ပေါင်ဟင်းချိုလေးရယ်.. သိပ်ကို လိုက်ဖက်ပါတယ်။ စိတ်ဝင်စားရင်၊ fern လဲ ရှိရင်.. ကြော်စားကြည့်နော်။
ဒါကတော့ ချိုးဆိတ်ပြီးရေစိမ်ထားတဲ့ ကောက်ကွေးညွန့်လေးတွေပါ။
အသုပ်စားချင်ရင်တော့ ဒီမှာပါ။
ကောက်ကွေးညွန့်သုပ်
အိုး ကောက်ကွေးညွှန့်ဆိုတာ နာမည်ကြားဖူးနေတာ ကြာပြီ ဘယ်လိုမျိုးမှန်းမသိဘူး
ReplyDeleteခုမှ ဋရင်ကောက်မှန်းသိရတယ်
ကြိုက်တယ်
အဲ့ဒီ အရွက် မြန်မာပြည်မှာ ရှိစဉ်ကလည်း မစားဖူးဘူး။ အခုတော့ ၀ယ်လို့ရမှာ မဟုတ်ဘူး။ အရွက်စိမ်းစိမ်းဆို အကုန်ကြိုက်တယ်း) စားချင်တာာ
ReplyDeleteဋရင်ကောက် လေးတွေ စားချင်လိုက်တာလွမ်းသွားပြီ
ReplyDeleteဆောင်း
rose ရေ အဲဒီအရွက်တွေကို ကချင်ပြည်နယ်ဘက်မှာ ဘဲ စားဖူးတာ ရန်ကုန်မှာ မရှိဘူး
ReplyDeleteအခုတော့ ရန်ကုန်ထိ ရောက်အောင် ရောင်းမရောင်း မသိဘူး
ဆောင်း
ဟုတ်တယ် အချို့ကလည်း ဍရင်ကောက်ညွှန့်  လို့  ခေါ်တယ်ထင်တယ်..။ ကျနော် ရှမ်းပြည်နေတုန်းကတော့ အဲ့သာကို ကောက်ကောက်ညွှန့်  လို ခေါ်ပါတယ်။ အမုန်းကို စားဖူးပါတယ်။ ဒါပေမယ့် သိပ်တော့ ရိုးမသွားတဲ့ အရွက်တစ်မျိုးပါပဲ။ အဲ..... တောထဲမှာ ကိုယ်တိုင် ဆင်းခူးကြည့်တဲ့ခါ ကျောက်လက်ဝါးညွှန့်  (တောက်တဲ့လက်ဝါးလားပဲ) နဲ့  မှားခူးတတ်ပြီး အဆိပ် သင့်တဲ့ အရွက်တွေ ဖြစ်နေတတ်တာ ကြောင့် သူများ ခူးပေးတာနဲ့  ဈေးက ၀ယ်တာပဲ စားဖြစ်ပါတယ်။
ReplyDeleteမကူးရေ..... လွမ်းထှာ ရှမ်းပြည်ကိုဗျာ။
ကြိုက်ပြီးသား ကူး ချက်တာဆို။
ReplyDeleteအိုင်အိုရာ
အဲဒီအရွက်လေးတွေကို ဟင်းချိုချက်စားဖြစ်တယ် ကောက်ကွေးမှန်းမသိဘူး။ ဒီတစ်ခါမှ ထပ်ချက်စားအုံးမယ်
ReplyDeleteအဲဒီအရွက်မျိုးငယ်ငယ်တုန်းက စားဖူးတယ်...။ ရှမ်းပြည်မှာ ခရမ်းချဉ်သီးနဲ့ကြော်စားတယ်...။ မုန်ညင်းစောလိုလဲ အရည်နဲ့လုပ်စားကြတယ်...။ ကြိုက်တယ်...။
ReplyDeleteကောက်ကောက်ညွန့်ကို တစ်ခါမှ မစားဖူးဘူး။ အဲလိုစိမ်းစိမ်းလေး ကြော်ထားတာလေးကတော့ စားချင်စဖွယ်။
ReplyDeleteငနီတူကို ဘာအရွက်နဲ့ ကြော်စားရင်ကောင်းမလဲ စဉ်းစားနေပြီ။း)