Pages

Friday, July 17, 2009

ကောက်ကွေးညွန့်သုပ်

ကောက်ကွေးညွန့်လေးတွေကိုရေနွေးဖျောပီးသုပ်စားရအောင်...
ကောက်ကွေးညွန့်ကိုအဖွားတို့ရွာရောက်ရင်တို့စရာအဖြစ်ခဏခဏစားဖူးပေမယ့်ရန်ကုန်မှာရော၊ဒီရောက်ကတည်းကပါတစ်ခါမှမစား
ဖြစ်တော့ပါဘူး။တနင်္ဂနွေနေ့ကဈေးထဲရောက်တော့အညွန့်ကောက်ကောက်လေးတွေရောင်းတာတွေ့လို့ဝယ်လာပါတယ်။ ကောက်ကွေးညွန့်ဟုတ်မဟုတ်အရင်သူများကိုမေးခဲ့သေးတယ်။သူငယ်ချင်းကဟုတ်တယ်အဲဒါfernတဲ့။ရေနွေးဖျောတို့စားဖို့စဉ်းစားမိ
ပေမယ့်တို့စရာဆိုတာလဲငပိချက်လေး၊ငံပြည်ချက်လေးနဲ့မှမြိန်တာမို့သုပ်စားဖို့ဆုံးဖြတ်လိုက်ပါတယ်။ရေနွေးကိုပွက်ပွက်ဆူအောင်
တည်ထားပီးအညွန့်တွေကိုရေသေချာဆေးကြောအနေတော်ချိုးဆိတ်ပြီးရေနွေးပွက်ပွက်ဆူတဲ့အထဲကိုဆားနဲနဲထည့်လိုက်ပီးအရွက်
တွေကိုပါထည့်လိုက်ပါတယ်။ဇွန်းနဲ့နဲနဲမွှေလိုက်ပီးရင်တော့စိမ်းစိမ်းအနေထားမှာဘဲချက်ချင်းမီးဖိုကချပီးရေတွေသွန်ပစ်လိုက်ပါတယ်။
ရေအများကြီးမထည့်တာပိုကောင်းပါတယ်။ဟင်းသီးရွက်အဟာရလဲမပျောက်တော့ဘူးပေါ့။ပြီးရင်ဇကာနဲ့ရေစစ်ထားလိုက်ပါ။
အသုပ်အတွက်လိုအပ်တာတွေကတော့
ကြက်သွန်ဆီချက်
မြေပဲထောင်း
ငရုတ်သီးစိမ်းပါးပါးလှီး
သံပုရာသီးတစ်လုံး
ဆားအနည်းငယ်နဲ့ ခရမ်းချဉ်သီး(ကြိုက်ရင်)တစ်လုံးလောက်ဆိုရပါပီ။
လွယ်လဲလွယ်၊မြန်လဲမြန်တဲ့ အရွက်စိမ်းချဉ်စပ်အသုပ်လေးတစ်ပွဲပါ။
အားလုံးရောနယ်အပီး...ကောက်ကွေးညွန့်

13 Comments:

မီးမီးချစ် said...

တခါမှ မစားဖူးဘူး ကောင်းမယ့်ပုံလေးပဲ..
စိမ်းစော် ရော နံလားဟင်

subuueain said...

ဓရင်ကောက်နဲ့ တူတူဘဲလားဟင် မစားဖူးဘူး

kyalkalay said...

ကားဖူးသလို ပဲ အမ မြူး ဆီမှာ

စားသွားတယ် အမ
ပုံလေးက အရသာရှိလိုက်တာ

ကျောပိုးအိတ် said...

တစ်ခါမှသုတ်မစားကြည့်မိဘူး။

တို့ စားတယ်။ တစ်ခါတစ်လေ ပြုတ်တို့ တယ်။

ခုဈေးသွားမယ်။ တွေ့ ရင်ဝယ်ခဲ့မယ်။ လုပ်စားကြည့်မယ်နော်။
း)

ခင်တဲ့
ကျောပိုးအိတ်

MKT said...

အဲဒါ ဒရင်ကောက်ပင်လို့လဲ ခေါ်တာလားဟင် မော်လမြိုင်ဘက်မှာ ရတတ် တယ်လေ

မိုးစက်အိမ် said...

ကူးကူး တို.လုပ်လိုက်ရင် စားချင်စရာ
တွေချည်းဘဲဗျာ ... ဒီအသုတ်လဲ
တော်တော် စားကောင်းမှာဘဲဗျာ...

rose of sharon said...

ကောက်ကွေးညွန့်ဆိုတာတခါမှမစားဖူးဘူး... အဲဒီအညွန့်ကိုတခြားအခေါ်ရှိသေးလားဟင်

မဟာဆန် said...

စားတယ် ကြိုက်တယ်။ အရင်တုန်းက ဈေးထဲမှာ အဲဒီ အညွန့်တွေတွေ့တော့ ဘာလုပ်စားရမှန်း မသိဘူး ။ ခုမှ သိတယ်။ ကောက်ကွေ့ညွန့်တဲ့။ ကောက်ကွေးကူး သုပ်တဲ့ ကောက်ကွေးညွန့်...စားလို့ကောင်း အဟီး

စန္ဒကူးမေ said...

မီးချစ် ---- စိမ်းစော်မနံပါဘူး..စားလို့ကောင်းတယ်.. အနံ့ရယ်လို့မရှိပါဘူး..ရေနွေးဖျောလိုက်ရင်ရပ

စုဘူး/ MKT... ဓရင်ကောက်ရွက်နဲ့တူမတူတော့ကူးလဲ မသိဘူး.. မမလုကိုသွားမေးရမယ်..

ကြယ်ကလေး.. မြူးစ် လဲ ကောက်ကွေးညွန့် ချက်သလား.. မသိလိုက်ဘူး.. မြူးစ်ချက်ရင် ကောင်းမှာသေချာတယ်..

ကျောပိုးအိတ်.... စမ်းကြည့်ပါ.. ဟိဟိ... စားလို့ကောင်းရင် လက်တို့ဖို့မမေ့နဲ့နော်..
မိုးစက်အိမ်... အမြဲလာအားပေးတာ ကျေးဇူးတင်ပါတယ်ရှင်..

rose of sharon.. သေချာတော့မသိဘူး.. ဓရင်ကောက် ရွက်ဟုတ်မဟုတ် မေးရအုံးမယ်.. english လိုတော့ fern လို့ခေါ်တယ်။

မဟာဆန်.... ကောက်ကွေးကူး.. ဟားဟား.. နာမည်ကြိုက်သွားပီ..း)

စူးနွယ် said...

တို့ခေါ်တာကလည်း ဓရင်ကောက်ရွက်ပဲ

Rita said...

ကြားဖူးဘူးတော်ရေ။ အဆန်းချည်းပဲ။

တကယ် အားကျပါတယ်။

မိုးကောင်းသူ said...

ဒရင်ကောက်နဲ့တူတယ်ထင်တာပဲနော်။ ဟီး
စားလို့အရမ်းကောင်းတယ်နော့်။

မေဇင် said...

နောင့်တို့ရွာမှာ အဲ့ဒါကို ကောက်ကောက်ညွှန့်လို့ခေါ်တယ်... မသုတ်စားဖူးဘူး...ငပိရည်နဲ့တို့စားတာတော့ ကောင်းမှကောင်း.... ရွာနောက်ဖေး ဥယာဉ်ထဲမှာ အများကြီး အလေ့ကျပေါက်တယ်... လွမ်းလိုက်တာ...


ခင်တဲ့
မေဇင်

Post a Comment

ကူးကူးရေ...

 
Powered by Blogger