Pages

Monday, July 27, 2009

ပဲဝါသီးစုံချဉ်ရေ

ပဲဝါသီးစုံဟင်းအတွက်တော့.
ပဲဝါလေးကိုရေ ၁ နာရီလောက်စိမ်ထားပေးပါ..
ကြိုက်တဲ့အသီးနှံထည့်လို့ရပါတယ်။ ကူးကူးကတော့ရှိတာလေးနဲ့ဘဲအဆင်ပြေအောင်ချက်လိုက်ပါတယ်။
အားလုံးကိုအခွံနွှာထားပါ။
ဘူးသီး
ခါကြက်ဥ
ခရမ်းချဉ်သီး
ခ၀ဲသီး
မန်းကျဉ်းသီး
အားလုံးကိုလှီးဖြတ်ပီးတော့အိုးထဲထည့်ဆီသတ်ပါတယ်။ မွှေးပီးနဲနဲနွမ်းလာရင်တော့ပဲဝါကိုထည့်... မီးအေးအေးနဲ့ ရေစိမ်ပီးပွနေတဲ့ပဲဝါလေးတွေကိုအသီးရွက်ပေါ်ထပ်အုပ်လိုက်ပါတယ်။
ဂျင်းကိုထောင်းပီးရေညှစ်ထည့်ပါ၊ မန်ကျည်းသီးရေစိမ်ထားပီးအရည်ကိုအချဉ်ကြိုက်သလောက်ထည့်ပါ။
ပျဉ်းတော်သိမ်ရွက်လေးလဲထည့်ဖို့မမေ့နဲ့အုံးနော်.. ကျက်ခါနီးဆိုရင်တော့ မဆလာလေးနဲနဲအုပ်လိုက်ပါ။
အရမ်းးးးး ကိုစားကောင်းတဲ့ ပဲသီးစုံချဉ်ရေလေးရပါပီ။ ပဲကအစိမ့် ၊ အသီးနှံတွေကလဲသဘာဝအရသာကိုက ချိုတဲ့အတွက် အအီပြေတဲ့ အချဉ်လေးဖက် လိုက်မှတော့ ထမင်းမြိန်ပီပေါ့။


11 Comments:

rose of sharon said...

ချင်းကိုထောင်းတဲ့အရည်လေးဘဲညှစ်ထည့်တာ ကြိုက်တယ်... ချင်းအရသာမကြိုက်တဲ့ဒို့အတွက် အနံ့ရရုံလေးအဲလိုထည့်ရတာကြိုက်တယ်...

subuueain said...

စားချင်စရာလေးကူးကူးရယ်။ ငရုတ်သီးထောင်းလေးနဲ့စားချင်တယ်

မြူးသျှရီ said...

ကူးးးးးးးးကူးးးးစ်

စားချင်တယ် လွမ်းတယ်
ဟီးဟီး

ခင်တဲ့
မြူးလေး

ဇော် said...

ဒီတစ်ပတ်ပိတ်ရက်မှာ အပီကို ဆွဲပြီ ဒေါ်လေးကူးရေ။ ငှဲငှဲ။

avocado said...

ပဲဝါ သီစုံချဉ်ရည်ဟင်း ကထောထောအကြိုက် တအားကြိုက်တယ် ငါးကြော်ကြွပ်၂လေးနဲ့စားရင်တအားကောင်း :)

Moe Cho Thinn said...

အချက်တော်လိုက်တဲ့ ညီမငယ်၊
အိမ်ဘယ်နားလဲ သိချင်တယ်။

မိုးကောင်းသူ said...

ပြီးခဲ့တဲ့ ဟိုအပတ်ကတင် သီးစုံချည်ဟင်းချက်စားသေးတယ်။ ခ၀ဲသီးထည့်ရမှန်း မသိဘူး။ နောက်ဆို ထည့်စားမယ်။ ကူးကူးချက်တာဆို ကြိုက်ပြီးသားပဲ။

မိုးစက်အိမ် said...

ဟင်းလေးက တော်တော် အရသာရှိမဲ.ပုံဘဲဗျ
စကေးကောင်းတော.လည်း လုပ်ကြပေါ.ဗျာ :)

စန္ဒကူးမေ said...

rose of sharon: ဟုတ်..ကူးလဲစားနေရင်းဂျင်းဖတ် ကိုက်မိရင်မကြိုက်ဘူး.. ဟိ အနံ့သာကြိုက်တာ..
စုဘူး၊ မြူးစ် ၊ ထောပတ်သီးလေး.. ကျေးဇူးပါ.. လိုက်ဖက်တဲ့ဟင်းလေးတွေတွဲပေးလို့..
မမမိုးချိုသင်း.. လာလည်တာကျေးဇူးပါ။။။ အိမ်ကနဲနဲဝေးတယ်မမရေ.. လေလွင့်နေရတာပိုများနေတယ်။း)
မိုးကောင်းသူ.. ခ၀ဲသီးမပါလဲအလုပ်ဖြစ်ပါတယ်နော်..း) ကူးကရှိတာထည့်တာ..
မိုးစက်အိမ်... အရသာကတော့တအားကိုရှိတာ..း)လမ်းကြုံရင် ထမင်းစားဖိတ်ပါအုံးမယ်..း)

ဂျာမုန်းဒန် said...

စားချင်တယ်အချဉ်ဟင်းကွယ်။
အိမ်အတွက်ပါသယ်မယ်ကွယ်။
ကြက်ဥ၊ ကျောက်ပွင့်သုပ်လဲစားမယ်ကွယ်။
ပါဆယ်လေးကိုဆွဲသွားပါရစေ။
ချစ်တဲ့
အစ်မဂျာမုန်း

ဂျာမုန်းဒန် said...

စားချင်တယ်အချဉ်ဟင်းကွယ်။
အိမ်အတွက်ပါသယ်မယ်ကွယ်။
ကြက်ဥ၊ ကျောက်ပွင့်သုပ်လဲစားမယ်ကွယ်။
ပါဆယ်လေးကိုဆွဲသွားပါရစေ။
ချစ်တဲ့
အစ်မဂျာမုန်း

Post a Comment

ကူးကူးရေ...

 
Powered by Blogger