Pages

Wednesday, July 8, 2009

အပျိုကြီးတို့ထင်မြင်ချက်

ငယ်ငယ်တုန်းကဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ခုပါ..
အပျိုကြီးနှစ်ယောက် ကွပ်ပျစ်မှာထိုင်စကားပြောနေရင်း... အမှတ်တစ်မဲ့ အော်ပီးပြေးနေတဲ့ ကြက်မနဲ့ သူ့နောက်ကို လိုက်နေတဲ့ ကြက်ဖတစ်ကောင်ကို ကြည့်မိသတဲ့...
ယောက်ျားတွေများ..ကြောက်ဖို့ကောင်းတယ်.. ဝေးဝေးရှောင်ပြေးနေတာကောင်းတယ် လို့ တစ်ယောက်ကမှတ်ချက် ချတယ်...
ကျန်တဲ့တစ်ယောက်ကလဲ သဘောတူထောက်ခံတယ်တဲ့...
အဲဒီအချိန်မှာဘဲ ကြက်မလေးက ပြေးရင်းနဲ့ ကားလမ်းမပေါ်ရောက်သွားပြီး အရှိန်နဲ့လာတဲ့ကားတစ်စီး တိုက်မိပီး ဆန့်ငင်ငင်နဲ့သေသွားသတဲ့...
အပျိုကြီးတစ်ယောက်ကပြောတယ်..တွေ့လား...ကြက်ဖလိုက်တာအမိခံမယ့်အစား...အသေခံလိုက်တာပိုကောင်းတယ် လို့... ဆိုပီး... ကျန်တစ်ယောက်ကလဲ စိတ်ပါလက်ပါ... ခေါင်းတစ်ညိတ်ညိတ်နဲ့ထောက်ခံပါသတဲ့...........
အမှန်တော့.....
ပြေးနေတဲ့ ကြက်မလေးက... ငါဟန်လုပ်ပီးတော့သူပြေးနေတာ.. ငါပြေးတာ နဲနဲများမြန်နေမလား.. လို့စဉ်းစားနေခဲ့သတဲ့....
လိုက်နေတဲ့ကြက်ဖ က... ပြေးလေ... ငါအေးဆေးလိုက်ရုံဘဲ.. မမိလဲ.. နောက်တစ်ကောင်ပေါ့... လို့စဉ်းစား နေခဲ့သတဲ့.... တဲ့လေ...

15 Comments:

sin dan lar said...

လူဆိုးပဲ.... ။
မနေ့က ကြက်ကောင်လုံးကင်၊ ဒီနေ့ ကြက်မာလကီးယား.. ဆိုင်တော့ မဆိုင်ဘူး မဟုတ်လား..။

စန္ဒကူးမေ said...

ဆိုင်ပါဘူး sin dan lar ရဲ့.. ကြက်ကိုကြည့်ရင်း အဲဒါလေး ပြန်သတိရမိလို့..

rose of sharon said...

ရီရတယ်နော်... ဘယ်လို comment ပေးရမှန်းတောင်မသိဘူး... ကိုယ်လိုရာဆွဲတွေးတတ်တဲ့သဘာဝပေါ့နော်...

subuueain said...

ရယ်သွားတယ်

စန္ဒကူးမေ said...

အဓိကဆိုလိုချက်က နောက်ဆုံးစာတန်းမှာပါကွယ်.. ဟိဟိ

မီးမီးချစ် said...

အပျိုကြီး နှစ်ယောက် ညံ့တယ် .. သွားကောက်ပြီး ဟင်းချက်စားလိုက် ရမှာ.. ဟီးး))

မိုးစက်အိမ် said...

မနေ.က ကြက်ကင် ဒီနေ.တော. ကြက်
အကြောင်း နောက်နေ. ကြက်တုပ်ကွေးလား
မသိဘူး ဟီးးးးးးးးးးးးးး မကူးတို.ကတော.
ကြက်တွေကို အော်ပရေးရှင်းလုပ်နေတယ် ထင်တယ် :P

စိုးဇေယျထွန်း said...

အပြင်ကမိန်းကလေးတွေအဲလိုပဲ လိုက်ရင်ပြေးတာပဲလား

Anonymous said...

ပေါက်ပေါက်ရှာရှာရေးတတ်တယ် ကူးကူးရယ်။
သဘောကျတယ်။
သု

မေလေး said...

ဟုတ်ပ ကူးကူးရာ။မရလဲနောက်တစ်ယောက်ပေါ့။ အေးဆေးပါနော်။မရှားပါဘူးးး။အဟက်။လိုရာဆွဲတွေးသွားတယ်နော်။

ကျောပိုးအိတ် said...

အပျိုကြီးတွေ လိုရာတွေးတယ်ဆိုလို့  ကြေညာလေးတစ်ခု သွားသတိရမိတယ်။

ကိုယ့်အတွေးနဲ့ ကိုယ် ကာဆမ်ကွေကာကို သောက်ကြသည်တဲ့။

ဘာဘဲပြောပြော လိုရာဆွဲတွေးသွားပါတယ်နော်။

ခင်တဲ့
ကျောပိုးအိတ်

မိုးကောင်းသူ said...

ထင်မြင်ချက်ဖတ်ပြီး ရီသွားတယ်နော်။ လိုရာဆွဲတွေး လိုရာဆွဲတွေးးးးးးးးးးးးးး

နွေးနေခြည် said...

ကြက်ဖနေရာက ခံစားပေးရင်ကောင်းမလားးးးး
ကြက်မနေရာက ခံစားပေးရင်ကောင်းမလားးးး
ဟိဟိး)

Rita said...

အရမ်းကို ဟားရတယ်။
မမိလဲနောက်တကောင်ပေါ့

Ko Boyz said...

ပြောစရာ စကားကို မရှိလောက်အောင် တစ်ထိုင်တည်း အားရပါးရ ရယ်မောသွားပါတယ်ဗျာ။ ကြားဖူးပြီး မေ့နေတာလေးပါ...။ ကျေးဇူးတင်ပါတယ်။

Post a Comment

ကူးကူးရေ...

 
Powered by Blogger