Pages

Friday, July 3, 2009

သရက်သီးတစ်လုံး..ငါ

ငါ အသီးလေး တစ်လုံးမှန်းစသိခါစက
မောင်နှမတွေအများကြီး..သူငယ်ချင်းတွေလဲအများကြီး...
အမိမြေကမွေးထုတ်လိုက်တဲ့အပင်ကြီးမှာ
တွဲလဲ ဟီးလေးခိုလို့
လေတိုက်တိုင်း အညှာတံကြိုးလေးက နွဲယိမ်းလို့
အပူပင်မဲ့ပျော်ခဲ့လိုက်ရတာ....

အေးစက်စက်အရည်တွေ ငါတို့ကိုယ်ပေါ်ကျ
လေပြင်းထဲကဖုန်မှုန့်တွေတစ်ဇွတ်ထိုး တိုးဝှေ့လာတော့
ငါတို့မောင်နှမတော်တော်များများ
တစ်ဖုတ်ဖုတ်နဲ့ ကျကြွေသွားလိုက်တာ
မမြင်ရက်လို့...ရပ်ပါတော့ လေပြင်းမုန်တိုင်းရယ်လို့
ဆုတောင်းတာကလွဲ... ဘာများတတ်နိုင်ခဲ့မှာလဲ...

ငါတို့မိခင်အပင်ကြီးဘေးမှာရှိတဲ့ ဘောစကိုင်းပင်အိုကြီးက
ငါ့တို့ကိုပြုံးကြည့်တယ်...
သားသမီးတွေကိုနိုင်အောင်တာဝန်မယူနိုင်တဲ့
အပင်မျိုးမှာမှသီးရသလားတဲ့...
ဘောစကိုင်းသီးတွေများ... လေဘယ်လောက်တိုက်တိုက်
သစ်ကိုင်းမကျိုးကျမချင်း၊ ကြွေတဲ့အသီးမှမရှိတာပဲလေ...

ခဏခဏအော်ငိုရလွန်းတော့..နောက်ပိုင်းမှာ ကိုယ့်နေရာမှာသာကိုယ်
ရအောင်မှီတွယ်ရင်း... မျက်စိစုံမှိတ်နေလိုက်ရတာ
ငါလဲတစ်နေ့ ငါ့မောင်နှမတွေများလို
အောက်ကိုဇောက်ထိုးကျ.. လမ်းမာမာအုတ်ကျောက်ပေါ်
အရှိန်နဲ့ ငါ့အသားတွေဖဲ့စင်... ကားဘီးများအောက်ပျားပျားဝပ်ရောက်နိုင်တာဘဲ..

ငါတော်တော်သန်မာလာတယ်။ တော်ရုံလေပြင်းလောက်တော့
ကျန်တဲ့အသီးတွေနဲ့အတူ.. ဒဏ်ခံနိုင်လာတယ်...
ငါ့ရင်မှာလဲအနီရောင်လေးသန်းသလို... သူတို့တွေမှာလဲ
ကြေးနီရောင်လေးတွေသန်းလို့.....
အောက်ကဖြတ်ဖြတ်လျှောက်သွားတဲ့
ခြေနှစ်ချောင်းနဲ့ စကားအော်ပြောခွင့်ရှိတဲ့သူတွေက
ငါတို့ကိုခဏခဏမော့ကြည့်တယ်...
လက်ညှိုးနဲ့လဲထိုးပြကြတယ်...
ငါတို့ကတော့သူတို့လို စကားပြောခွင့်လိုင်စင်မရှိပေမယ့်
ပျော်လို့..မော်လို့... ဂုဏ်ယူလို့....
အာာားးးးးးးး.....
ဟဲ့ဘာလဲ...ငါလန့်သွားတယ်...
မဲမဲတုတ်တုတ်ပျားတစ်ကောင်
ငါ့ညီလေးတစ်ကောင်ကိုယ်ပေါ်တက်ထိုင်ပြီး အသားတွေကိုဖောက် သွေးစုပ်နေလိုက်တာများ
ငါတို့တွေဝိုင်းအော်..
ဒီချိန်မှာလေပြင်းကျပါစေလို့ ငါဆုတောင်းမိတယ်
မိုးလေပြင်းပြင်းလာရင် ဒီမဲတုတ်တုတ်တွေ လေနဲ့လွင့်ပျံသွားတတ်တယ်လေ..
မကြာပါဘူး... အစုလိုက်အအုံလိုက်ရောက်လာပီး... ငါတို့အားလုံး...
သွေးတွေအစုပ်ခံရပါကော...
ဒါကလဲငါတို့ဘ၀ရဲ့အစိတ်ပိုင်းလို့သတ်မှတ်လိုက်ပီး...ဆက်ရှင်သန်ဖို့ကြိုးစားရင်း
ငါတို့ကိုယ်လုံးတွေလဲ ရွှေရောင်ဝင်းလို့...

ရှောင်...ရှောင်...
အောက်ကသစ်ကိုင်းခြောက်တွေနဲ့လှမ်းပစ်ပီး ငါတို့ကိုချွေချနေပီ....
ငါ့ညီအကိုတစ်ချို့ တည့်တည့်မှန်လို့ ဘုတ်ကနဲ့ပြုတ်ကျ
လေပြင်းလို အထိန်းမကွပ်မရှိခြွေတာမဟုတ်တော့
ငြင်ငြင်သာသာ အခင်းပေါ်ကျ
အလိုအလို...
အရေခွံကိုဆွဲခွာ... သွားကြီးတွေနဲ့အသားတွေကိုကိုက်..
အောင်မလေးလေး... ငါ ဒီလိုဘ၀ကြီးနဲ့တော့
အဆုံးမသတ်ပါရစေနဲ့......

တစ်ရက်.. ငါ့ကိုတစ်သက်လုံး ထိမ်းကိုင်ထားတဲ့
အညှာတံကြီးက
မင်းအချိန်တန်ပီ.. သွားတော့တဲ့...
နိုး..နိုးး... ငါ့ကိုအပင်ပေါ်မှာဆက်နေခွင့်ပေးပါ...
ငါအောက်မဆင်းပါရစေနဲ့...
သူပြောတယ်..မင်းသွားသွားမသွားသွားး
ငါ့တာဝန်အရလွှတ်ချရတော့မှာဘဲ..... တဲ့...
ငါအောက်ကိုငုံ့ကြည့်တော့ မြက်ခင်းပြင်တစ်ဝက်...
ကျောက်မာလမ်းတစ်ဝက်..
ငါ့ကိုခြွေချလိုက်တဲ့အချိန်လေမဝှေ့ရင် ငါဘ၀ဟာ....
တစ်ကယ်တော့ ငါ့ကိုကံကြမ္မာကမျက်နှာသာနဲနဲပေးသလားမသိ
ငါမြေကြီးပေါ်ကျခြွေဖို့ အချိန်ရောက်တဲ့အခါ
လေပြင်းလေးကအနဲငယ်တိုက်နေခဲ့တယ်...
ငါအများကြီးကံကောင်းခဲ့တယ်...
လေအဝှေ့မှာမြက်ခင်းပြင်အထက် ဘုတ် ကနဲ့ကျတယ်..
အမြင့်ကအရှိန်နဲ့ မြက်ခင်းပြင်က အပေါ်ကကြည့်တော့သာ
အိနေမယ်နေတာ... မာတယ်ဗျာ..
ကိုယ်တစ်ခြမ်းကွဲသွားတယ်..
ထုံးစံအတိုင်း ပျားမဲတုတ်တွေလာပီး ဟိုထိုးဒီဆွ
သူ့တို့ဒဏ်ခံရတာတော့ရိုးနေပီ....
ဒီရက်ပိုင်းမိုးတွေအရမ်းးးး ရွာတယ်..
လမ်းသွားလမ်းလာတွေလဲမရှိဘူး...
ငါ့အရေခွံတွေလဲတစ်ဖြည်းဖြည်းနဲ့ ပုပ်အဲ့ ပီး
ငါ မြက်ပင်တွေကြား မြေရင်အပ်လို့ နေရာလေးတစ်ခု
ရနေပီ...
ငါ့အသည်းထဲက...ယားကျိကျိနဲ့ ထွက်လာတဲ့အညှောင့်
တစ်ဖြည်းဖြည်းနဲ့ သန်မာလို့... အခုဆိုအရွက်လေးတွေတောင်
ဝေဆာနေပေါ့....
ငါအပင်ကြီးဖြစ်တဲ့အထိရှင်သန်ပါ့မလာ...
တ၀ီးဝီးနဲ့လာတဲ့စက်ကြီး မြက်တွေရိတ်ရင်း
ငါ့ကိုပါဦးလာချိုးသွားမလား.....
ခြေနှစ်ချောင်း ကလေးတွေ... သင်္ဘောဖိနပ်တွေစီးပီး
ငါ့ကိုဖိချေသွားမလား...ငါမသိဘူးး...
ငါရှင်သန်ရပ်တည်နေတာ..နေရာမှန်မှဟုတ်ရဲ့လား....
ငါမစီမံဘဲရောက်လာတဲ့ငါ့ဘဝ
နေရာမှန်မှန် မမှန်မှန်..
ရှင်နိုင်ခွင့်ရှိသလောက်ရှင်ခွင့်ရှိအောင်
သာငါမြော်လင့်တယ်...


ွှွုံ

10 Comments:

မီးမီးချစ် said...

စိတ်ကူးလေး နဲ့  အတွေးလေး နဲ့  ပေါင်း တော့
မျက်စိ ထဲ မှာ တန်းမြင် သွားတာပဲ...

မီးမီးချစ် said...

အရေးပြောတာ မှားလို့ 

မေလေး said...

ရေးတတ်လိုက်တာကူးကူးရာ။တော်တယ်တကယ်။မျက်စိထဲတန်းကနဲဘဲ။

ကျောပိုးအိတ် said...

တကယ်တော်တယ်။ သရက်သီးလေးတွေသာစကားပြော တတ်မယ်ဆို ဒီလိုဘဲပြောမယ်ထင်တယ်နော်။

စားတောင်မစားရက်တော့ဘူး။ ဒါပေမယ့်လဲလေ ။ ဘယ်လိုပြောရမလဲပေါ့နော်။ ဒီလိုဘဲပြောတော့မယ်။

သရက်သီးစိမ်းရှုးရှဲသုတ်လေးတော့ စားသွားတယ်။
း)

rose of sharon said...

သရက်သီးလေးရဲ့ခံစားချက်ပေါ့နော်...ရှုးရှဲသုပ်ကြိုက်တယ်...

မိုးကောင်းသူ said...

ကူးကူးရေ ရေးတတ်တယ်။ အစ်မတော့ ငါးပိထောင်းနဲ့ တို့စားချင်တယ်။ အစားပဲသိတယ်။ စားမှာပဲ စားမှာပဲ :D

Rita said...

very impressive!

မီးတောင် said...

ကြိုက်တယ် မိုက်တယ် .......း)

မိုးစက်အိမ် said...

ရော် ကူးကူးလုပ်တာ သရက်သီး
တောင်မစားရတာ တော်တော်ကြာ
နေပြီမှန်းသိတော.တယ်ဗျာ ... :(

ချစ်သူမောင် said...

အိအိ စဉ်းစားကြည့် သရက်ပင်ကြီးဖြစ်ဖို့ရည်မှန်းချက် အောက်ကပို့စ်တွေက သရက်သီးမှည့်တို့ သရက်သီးငပိချက်တို့ ဥဥ သရက်သီးကိုတနားရာပြီ

Post a Comment

ကူးကူးရေ...

 
Powered by Blogger