Pages

Monday, July 13, 2009

ထောပတ်သီးရေခဲမုန့်

ထောပတ်သီးပေါ်ချိန်ရောက်လာပြန်တဲ့အခါ၊ ထောပတ်သီးမှည့်ကို ပလိန်းထိုင်စားတယ်။ နံနက်စာအနေနဲ့ပေါင်မုန့် နဲ့သုတ်စားတယ်။ အခွံနားကပ်နေတဲ့ထောပတ်သီးအသားဖတ်တွေချေပီးတော့မျက်နှာမှာလိမ်းတယ်။ ထောပတ်သီး ဖျော်ရည်လုပ်တယ်။ အသုပ်ထဲထည့်သုပ်တယ်။ စုံနေအောင်လုပ်စားပါတယ်။ ဖျော်ထားတဲ့ထောပတ်သီးကတော့ ခဲထားရင်လဲ ၁-၂ ရက်သာအထားခံတာမို့ရှေရှည်စားလို့ရအောင်စီမံကိန်းချရပါတယ်။ ဒီတော့ထောပတ်သီးရေခဲမုန့် လုပ်ထားဖို့စိတ်ကူးရလိုက်ပါတယ်။ ထောပတ်သီးရေခဲမုန့်လုပ်ဖို့အတွက် လိုအပ်တဲ့ ကြက်ဥအနှစ်၊သကြား၊နွားနို့နဲ့ နို့ဆီအသင့်ရှိ တာမို့ Nestle Cream တစ်ဗူးဘဲဝယ်စရာလိုပါတယ်။ ထောပတ်သီးကိုအသားတွေခပ်ထုပ်ပီးရင်တော့ ကြက်ဥအနှစ်၊ သကြား၊ နွားနို့ ( readymade) နဲ့ နို့ဆီ ဘလန်ဒါ ထဲထည့်ပီး ကိုသင့်တင့်အောင် ထည့်ပီး ခပ်ပျစ်ပျစ်သမအောင်မွှေထားလိုက် ပါတယ်။ ပြီးရင်တော့ခွက်ကြီးကြီးတစ်လုံးမှာလောင်းထည့်ထားပီးတော့ ခရင်မ် ကိုတစ်ဗူးလုံးထည့်ပြီး ကြက်ဥမွှေနဲ့ အတံနဲ့ မွှေပါလေတော့.. အားလုံးအရမ်းသမသွားပီဆိုရင်တော့ ရေခဲသေတ္တာ အောက်အကန့်ထဲမှာ (၄) နာရီလောက်ထည့် ထားလိုက်ပါ။ နဲနဲစီးပီးပျစ်လာပီဆိုရင်နောက်တစ်ခေါက်ထပ်ထုပ်ပြီး နာနာထပ်မွှေရပါတယ်။ မွှေလို့နှံ့ပီးနဲနဲပွလာရင်တော့ ရေခဲသေတ္တာအပေါ်ထပ် (ခဲတဲ့နေရာမှာ) ထည့်ထားလိုက်ပါတော့.. စားချင်တဲ့အချိန် အပြင်ခဏထုတ်ထား၊ သိပ်မကြာဘူး.. ဇွန်းလေးနဲ့ ခပ်စား.. အေးမြမြနဲ့ ထောပတ်သီးအနှစ်ပြည့်ဝ ပီးစိမ့်နေတဲ့ ရေခဲမုန့်လေး..စိတ်တိုင်းကျကြမှာပါ..
(ကျွန်မသုံးတဲ့ Nestle cream က vanilla အနံ့လေးပါပါတယ်။ Almond အစေ့လေးတွေလဲ နောက်ဆုံးမှာ ထည့်မွှေထားပါတယ်။ )


စုဘူး ကပုံတင်ပေးပါပြောလို့ cream ဗူး ပုံပါတင်လိုက်တယ်..

12 Comments:

avocado said...

ထောပတ်သီးရေခဲမုန့် စားချင်တယ် ထောပတ်သီးအရမ်းကြိုက်တယ် မျက်နှာပေါ်မှာလည်းပေါင်းတင်တယ် :)

subuueain said...

cream အထုတ်ပုံလေး တင်ပေးပါလားဟင်လွယ်ရင်လေ

မေလေး said...

ကူးကူးရေ နှိပ်သက်ပါ့။ ညနေကဘဲထောပတ်သီးဖျော်ရည်သောက်ချင်လို့ သွားကြည့်တာ ၃ လုံး ၁၀ မို့ ဒူးရင်းသီးရေခဲမုန့် ၄ ကျပ်ခွဲတန် ဝယ်ပြီးပြန်လာခဲ့ရတယ်။

မေလေး said...

ကူးကူးရေ နှိပ်သက်ပါ့။ ညနေကဘဲထောပတ်သီးဖျော်ရည်သောက်ချင်လို့ သွားကြည့်တာ ၃ လုံး ၁၀ မို့ ဒူးရင်းသီးရေခဲမုန့် ၄ ကျပ်ခွဲတန် ဝယ်ပြီးပြန်လာခဲ့ရတယ်။

မိုးစက်အိမ် said...

မကူးရေ ထောပတ်သီးကြိုက်တာနဲ.
အတော်ဘဲဗျာ စားလို.ကောင်းမဲ.ပုံဘဲဗျာ
သီဟိုစေ. ကြိုက်လို. ရွေးစားသွားတယ် :P

Anonymous said...

ကူးကူးစ်

ခုပဲလာကျွေးသိလား
ရက်စက်တယ်နော်
စားချင်တယ်းးးးးးးးးးးးးးးးး

ချစ်တဲ့
မြူးလေး

နွေးနေခြည် said...

စားချင်စရာကောင်းလိုက်တာ...

လုပ်လည်းလုပ်တတ်တယ်နော်.. တော်တယ် ကူးကူး

မိုးကောင်းသူ said...

စမ်းသပ်ကြည့်မယ် ကူးကူးရေ။ ဖြစ်ပါ့မလားတော့ မသိဘူး။ :D

ဇော် said...

အားပါး
ကောင်းလိုက်တာ။ ရှလွတ်။ =)

Anonymous said...

ရေခဲမုန့်ကို တမင်မေ့ထားပါတယ်ဆို..
အဟင့်

မဟာဆန် said...

ရက်စက်လိုက်တာကွယ်..ရေခဲမုန့်စားချင်တာ အပြင်သွားရမှာ ပျင်းလို့ အိမ်မှာ ကုပ်နေပါတယ်ဆို...ရှိတဲ့ အအေးပဲသောက်မယ်ကွာ...ဟူး

လရှမ်းဆိုင်းပန် said...

အစ်မရေ ကြက်ဥအနှစ်ကိုထည့်တယ်ဆိုတော့ မညှီသွားဘူးလားဟင်။ အနံ့ပြောက်အောင် ဘယ်လိုလုပ်တယ်ဆိုတာပါ ပြောပြပါအုံးနော်။

Post a Comment

ကူးကူးရေ...

 
Powered by Blogger