Pages

Sunday, July 5, 2009

ကြက်ကောင်လုံးကင်

ကြက်သား native ကြက်ဆိုပဲ supermarket မှာတွေ့လို့ဝယ်လာပါတယ်။ များသောအားဖြင့်အသားချက်စားလေ့ မရှိပေမယ့်ဒီလိုကြက်မျိုးကရခဲတယ်။အပြန်လမ်းတစ်လျှောက်မှာကြက်ကာလသဟင်းချက်စားရင်ကောင်းမလား။ ကြာဇံချက်ဘဲလုပ်ရင်ကောင်းမလား၊ ကြက်ကြော်...ကြက်တစ်ကောင်နဲ့စိတ်ကူးတွေကအများကြီး.. မြူးစ်လိုကြက်ကချင်ချက် လေးရောကောင်း မလား...နဲ့အတွေးပေါင်းများစွာ.. ကားအကွေ့ ကြက်ကင်တွေရောင်းတဲ့ဆိုင် ကိုမျက်စိရောက်သွားတော့ ကြက်ကင်စားမယ်ဆိုပီးဆုံးဖြတ်လိုက်ပါတယ်။ ကြက်ကင်ဆိုင်ဒီကတော်တော်များများ က၀က်သားနဲ့တွဲကင်လို့တစ်ခါမှမ၀ယ်စားဖြစ်ဘူး။ စားချင်တာတော့ကြာပါပီ။ တစ်ခါမှလဲမကင်ဖူးပါဘူး။ ပထမဆုံး အကြိမ်စမ်းသပ်တဲ့သဘောပါ။ ကြက်ကင်အတွက် အဓိကကျတဲ့ အနှစ်ကိုတော့ ကိုယ့်စိတ်တိုင်းကျအရသာတိုင်း ရအောင်စပ်ပါတယ်။
အနှစ်အတွက်တော့.. ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းနဲ့ ငရုတ်သီး အနီတောင့် (အစေ့မပါ)ကို ညက်နေအောင်ကြိတ်ထားပါတယ်။ဲပြီးရင်တော့...ခွက်လေးထဲထည့်ပီး၊ မဆလာ၊ ငရုတ်ကောင်း ပါထည့်ပြီး ရှလကာရည်နဲနဲထည့်မွှေပါတယ်။ ဆားနဲနဲနဲ့ ငါးငံပြာရည်ကိုထပ်ထည့်ပြီး သမနေအောင်မွှေ၊ ဆီလဲနဲနဲထည့်ပါတယ်။ အနှစ်အဆင်သင့်ဖြစ်ပီဆိုရင်တော့ ရေစင်အောင်ဆေးထားတဲ့ကြက်ကောင်လုံးကိုအနှစ်ရည်တွေသုတ်လိမ်း ပြီး၊ ဗိုက်ထဲမှာလဲအနှစ်တွေကိုထည့်လိုက်ပီးရင်တော့၊ ဖုတ်မယ့်ခွက်ထဲကို ငွေရောင်စက္ကူခံပြီး ကြက်ကောင်လုံး ကိုထည့်၊ အပေါ်ကနေ သံလွင်ဆီလေးကိုလိုက်သုတ်၊ ငရုတ်ကောင်းလေးဖြူးပေးပီးရင်တော့ ၁၈၀ ဒီဂရီနဲ့ ၁နာရီ လောက်ကြာအောင် ဖုတ်ရပါတယ်။ နဲနဲကျွတ်ကျွတ်လေးကြိုက်တော့ ၁နာရီ ၁၅မိနစ်လောက်ထားလိုက်ပါတယ်။
မွှေးကြိုင်နေတဲ့ကြက်ကင်အနံ့ကတစ်အိမ်လုံးကိုပျံ့နေပါတော့တယ်။ အရသာကိုအရမ်းမြည်းချင်လို့ ပူနေတာ ကို မစောင့်ဘဲ ဖဲ့စားကြည့်ပါတယ်။ ကြက်အရေခွံကကြွပ်ရွနေပီးအရသာကလဲ စိမ့်နေအောင်ကိုကောင်းလှပါတယ်။ အသားကိုစားကြည့်တော့ ပါးစပ်ထဲမှာ အရေပျော်သွားသလိုဘဲဆိုသလို.. အရမ်းကိုစားကောင်းတယ်။ ငတ်နေတာ ကြာလို့လားတော့မသိပါ။ စိတ်ဝင်စားရင်ကူးကူးနည်းအတိုင်းစမ်းကြည့်လို့ရပါတယ်။း)

ဖုတ်/ကင်ရန်အဆင်သင့်အနှစ်ရည်

7 Comments:

မေလေး said...

စားချင်လိုက်တာနော်။ခုတော့ ထမင်းဘူးဘဲရှေ့ချလို့ မျက်စိအဆာကျွေးရတယ်။ နောက်တခါဆိုခေါ်နော်။လာစားမယ်။ဟိဟိ

subuueain said...

ကူးကူးရေ ကောင်းလှချည်လား။ လုပ်စားကြည့်မယ်။ ကြက်ဗိုက်ထဲကိုရော အဲဒီအနှစ်တွေဘဲ ထည့်တာလား

rose of sharon said...

ကြိုက်တယ်...စမ်းကြည့်အုန်းမယ်...

မိုးကောင်းသူ said...

တကောင်လုံး စားပလိုက်မယ်။ ဒီကလဲ ငတ်ကြီးကျတယ်။ ဟီးးးးးးးးးးးးးး

မိုးစက်အိမ် said...

အားးးးးးးးးး မမိုးကောင်းသူ လာလုစားနေတယ်
ဒီမှာ C Box မှာကတည်းက တစ်ကောင်
လုံးစာပြီးသားဗျ အရိုးဘဲ ကျန်တော.တယ် :P

စန္ဒကူးမေ said...

မေလေး.. မိုးကောင်းသူ..မိုးစက်အိမ်.. ကျေးဇူးပါး..
စုဘူးရေ.. အနှစ်တွေဗိုက်ထဲလဲထည့်ပါတယ်..း)

မြူးသျှရီ said...

ကူကူးးစ်

ဟီးးးမြူးစ် တွက်ကျန်တော့ဖူးရယ်လေ
မြူးကကြက်ကင်ကြိုက်တယ်လေ
ကူးးးရေ.........ထိုင်းမှာလဲလေအဲ့လိုကင်တယ်သိလား
သူတို့ ကတော့လေ ဒပါလင်ပါထည့်ကြီတ်တယ်
ငရုပ်ကောင်းလဲအစေ့လိုက်တထည့်တယ်
အနှစ်အများကြီးကို ဗိုက်ထဲထည့်တာပဲ
အီးးးးးးးးးစာချင်လိုက်တာ အဲ့
ကိုမိုးစက်နဲ့ မမမိုးကောင်းသူပေါ့
သမီးဖို့ တောင်ချန်ထားခဲ့ဖူး နည်းနည်းလေးမှ


ခင်တဲ့
မြူးးစ်

Post a Comment

ကူးကူးရေ...

 
Powered by Blogger