ကျောင်းတုန်းကမိန်းကလေးအဆောင်အနောက်ဖက်ဂုန်နီစက်ရုံသွားတဲ့အခြမ်းမှာတောင်ကုန်းကြီးတစ်ခုရှိတယ်။အဲဒီကုန်းကြီးက ကျောင်းအပိုင်၊ဟင်းသီးဟင်းရွက်တွေအရှေ့တောင်တိုင်းကကရင်မလေးတွေနဲ့ရခိုင်ဖက်ကသူတွေကအဲဒီကုန်မှာသွားပြီးခူးကြ တယ်။အရင်ကမျောက်တွေလဲရှိတယ်၊တောကြောင်တွေနဲ့တောတရိစ္ဆာန်လေးတွေရှိတယ်။နောက်ပိုင်းမှာတော့ရာဘာplantation projectစတော့ရာဘာကုန်းဖြစ်လာတယ်။ကျောင်းသူကျောင်းသားတွေအကုန်အလုပ်လုပ်ရတယ်။သူ့နေရာနဲ့သူပေါ့၊ တစ်ချို့ကတော့ကျောင်းခန်း၊စတိုးဆိုင်၊ကျောင်းဆေးခန်း၊လယ်ခင်း၊ပန်းခင်း၊ရာဘာကုန်း၊လက်သမားစသည်ဖြင့်ခွဲပြီးလုပ်ကြရ တယ်။ရာဘာကုန်းမှာလုပ်တဲ့သူအများစုတော့ပင်ပန်းတယ်။ရာဘာစစိုက်ခါစဆိုတော့ကျွမ်းကျင်တဲ့သူတွေဌားပြီးပလတ်စတစ်ကာ မိုးကာအိမ်အောက်မှာပျိုးပင်လေးတွေကိုစနစ်တကျထားရတယ်။တော်တော်ဂရုစိုက်ရတယ်။ပျိုးပင်ထည့်တဲ့အိတ်လေးတွေကအစ မြေကြီး၊မြေသြဇာအချိုးညီညီနဲ့ရာဘာပင်ပေါက်လေးတွေကိုဂရုတစိုက်စိုက်ရတယ်။ပြီးမှအကွာအဝေးညီညီအကွက်ချထားတဲ့မြေ နေရာမှာတစ်ပင်စီစီတန်းစိုက်ရတယ်။ရေအတွက်ကတော့ရေတွင်းတူးရပါတယ်။ရေတွင်းကအနက်ကြီးတူးရတယ်။ကျယ်လဲကျယ် တယ်။အဲဒီရေတွင်းကြီးမှာလဲဖြစ်ပေါ်လာပုံရာဇ၀င်လေးရှိသေးတယ်။ ကျောင်းမှာregisterစလုပ်တဲ့အချိန်မှာ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။