ရန်ကုန်လမ်းဘေးမှာ ကုလားအကိုကြီး/ဦးလေးကြီးတွေ စင်လေးနဲ့ အိုးလေးနဲ့ကြော်ရောင်းတဲ့ ဗယာကြော်မွစိ လေးတွေနဲ့ ပါပရာကြော်၊ ဆမူဆာပိစိ ကြော်လေးတွေအမြဲဝယ်ဝယ်စားခဲ့ဖူးတယ်။ သူတို့ကြော်နေတဲ့ ဆီတွေ ဘယ်နှစ်ရက်လောက်ပြန်ကြော်လဲ လဲစိတ်မ၀င်စားခဲ့သလို အချဉ်ရေကိုရေသန့်ဗူးကြီးနဲ့ထည့်ပီး ထားတာကို လဲ အားရပါးရတောင်းပီး စားခဲ့သေးတယ်။ အကြော်ဆိုတာအချဉ်ရေလေးနဲ့မှ စားလို့ကောင်းတာကိုး။ ကိုယ်တိုင် တော့ အဖြစ်ရှိအောင်မကြော်တတ်ပေမယ့် အကြော်သည်ဘေးမှာထိုင်ပီး သူတို့ကြော်တာကြည့်တော့လွယ် မလိုလိုဘဲ၊ ကိုယ်တိုင်ကြော်မှ တူးတဲ့ဟာကတူး၊ မကျက်တဲ့ဟာနဲ့ ဆီပေါက်လို့ထွက်ပြေးတာနဲ့ အမျိုးမျိုးကိုဖြစ်နေ တာ။ ဒီတစ်ခါတော့ အဆင်သင့်အထုပ်လေးနဲ့ အဆင်ပြေအောင် ကြော်လိုက်ပါတယ်။ ပဲဗယာကြော်လေးလုပ်စားဖို့အတွက်ဝယ်ထားတဲ့မွှေးဘယာကြော်အမှုန့်ထုပ်ကိုဖောက်၊ရေထည့်ပီးဇွန်းနဲ့သမအောင်မွှေပီး၊ ရေထဲမှာဘဲ(၁) နာရီလောက်နှပ်ထားလိုက်တဲ့အခါ ဘယာကြော်ပဲမှုန့်တွေလဲပွလာပီး အဆင်သင့်ဖြစ်လာပီ ဆိုရင်တော ပျဉ်းတော်သိမ်ရွက်အခြောက်( အခြောက်ဘဲရှိလို့ပါ) ကိုညက်အောင်ထောင်းထည့်ပါတယ်။ ဂျင်းလဲနဲနဲ ထောင်းထည့်ပါသေးတယ်။ အမှုန့်က ရယ်ဒီမိတ်ဆိုပေမယ့်ဂျင်းပါမပါမသိလို့ပါ။ ပြီးရင်တော့ဆားလေးအနေတော် ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။