Skip to main content

ထောပတ်သီးရေခဲမုန့်

ထောပတ်သီးပေါ်ချိန်ရောက်လာပြန်တဲ့အခါ၊ ထောပတ်သီးမှည့်ကို ပလိန်းထိုင်စားတယ်။ နံနက်စာအနေနဲ့ပေါင်မုန့် နဲ့သုတ်စားတယ်။ အခွံနားကပ်နေတဲ့ထောပတ်သီးအသားဖတ်တွေချေပီးတော့မျက်နှာမှာလိမ်းတယ်။ ထောပတ်သီး ဖျော်ရည်လုပ်တယ်။ အသုပ်ထဲထည့်သုပ်တယ်။ စုံနေအောင်လုပ်စားပါတယ်။ ဖျော်ထားတဲ့ထောပတ်သီးကတော့ ခဲထားရင်လဲ ၁-၂ ရက်သာအထားခံတာမို့ရှေရှည်စားလို့ရအောင်စီမံကိန်းချရပါတယ်။ ဒီတော့ထောပတ်သီးရေခဲမုန့် လုပ်ထားဖို့စိတ်ကူးရလိုက်ပါတယ်။ ထောပတ်သီးရေခဲမုန့်လုပ်ဖို့အတွက် လိုအပ်တဲ့ ကြက်ဥအနှစ်၊သကြား၊နွားနို့နဲ့ နို့ဆီအသင့်ရှိ တာမို့ Nestle Cream တစ်ဗူးဘဲဝယ်စရာလိုပါတယ်။ ထောပတ်သီးကိုအသားတွေခပ်ထုပ်ပီးရင်တော့ ကြက်ဥအနှစ်၊ သကြား၊ နွားနို့ ( readymade) နဲ့ နို့ဆီ ဘလန်ဒါ ထဲထည့်ပီး ကိုသင့်တင့်အောင် ထည့်ပီး ခပ်ပျစ်ပျစ်သမအောင်မွှေထားလိုက် ပါတယ်။ ပြီးရင်တော့ခွက်ကြီးကြီးတစ်လုံးမှာလောင်းထည့်ထားပီးတော့ ခရင်မ် ကိုတစ်ဗူးလုံးထည့်ပြီး ကြက်ဥမွှေနဲ့ အတံနဲ့ မွှေပါလေတော့.. အားလုံးအရမ်းသမသွားပီဆိုရင်တော့ ရေခဲသေတ္တာ အောက်အကန့်ထဲမှာ (၄) နာရီလောက်ထည့် ထားလိုက်ပါ။ နဲနဲစီးပီးပျစ်လာပီဆိုရင်နောက်တစ်ခေါက်ထပ်ထုပ်ပြီး နာနာထပ်မွှေရပါတယ်။ မွှေလို့နှံ့ပီးနဲနဲပွလာရင်တော့ ရေခဲသေတ္တာအပေါ်ထပ် (ခဲတဲ့နေရာမှာ) ထည့်ထားလိုက်ပါတော့.. စားချင်တဲ့အချိန် အပြင်ခဏထုတ်ထား၊ သိပ်မကြာဘူး.. ဇွန်းလေးနဲ့ ခပ်စား.. အေးမြမြနဲ့ ထောပတ်သီးအနှစ်ပြည့်ဝ ပီးစိမ့်နေတဲ့ ရေခဲမုန့်လေး..စိတ်တိုင်းကျကြမှာပါ..
(ကျွန်မသုံးတဲ့ Nestle cream က vanilla အနံ့လေးပါပါတယ်။ Almond အစေ့လေးတွေလဲ နောက်ဆုံးမှာ ထည့်မွှေထားပါတယ်။ )


စုဘူး ကပုံတင်ပေးပါပြောလို့ cream ဗူး ပုံပါတင်လိုက်တယ်..

Comments

  1. ထောပတ်သီးရေခဲမုန့် စားချင်တယ် ထောပတ်သီးအရမ်းကြိုက်တယ် မျက်နှာပေါ်မှာလည်းပေါင်းတင်တယ် :)

    ReplyDelete
  2. cream အထုတ်ပုံလေး တင်ပေးပါလားဟင်လွယ်ရင်လေ

    ReplyDelete
  3. ကူးကူးရေ နှိပ်သက်ပါ့။ ညနေကဘဲထောပတ်သီးဖျော်ရည်သောက်ချင်လို့ သွားကြည့်တာ ၃ လုံး ၁၀ မို့ ဒူးရင်းသီးရေခဲမုန့် ၄ ကျပ်ခွဲတန် ဝယ်ပြီးပြန်လာခဲ့ရတယ်။

    ReplyDelete
  4. ကူးကူးရေ နှိပ်သက်ပါ့။ ညနေကဘဲထောပတ်သီးဖျော်ရည်သောက်ချင်လို့ သွားကြည့်တာ ၃ လုံး ၁၀ မို့ ဒူးရင်းသီးရေခဲမုန့် ၄ ကျပ်ခွဲတန် ဝယ်ပြီးပြန်လာခဲ့ရတယ်။

    ReplyDelete
  5. မကူးရေ ထောပတ်သီးကြိုက်တာနဲ.
    အတော်ဘဲဗျာ စားလို.ကောင်းမဲ.ပုံဘဲဗျာ
    သီဟိုစေ. ကြိုက်လို. ရွေးစားသွားတယ် :P

    ReplyDelete
  6. ကူးကူးစ်

    ခုပဲလာကျွေးသိလား
    ရက်စက်တယ်နော်
    စားချင်တယ်းးးးးးးးးးးးးးးးး

    ချစ်တဲ့
    မြူးလေး

    ReplyDelete
  7. စားချင်စရာကောင်းလိုက်တာ...

    လုပ်လည်းလုပ်တတ်တယ်နော်.. တော်တယ် ကူးကူး

    ReplyDelete
  8. စမ်းသပ်ကြည့်မယ် ကူးကူးရေ။ ဖြစ်ပါ့မလားတော့ မသိဘူး။ :D

    ReplyDelete
  9. အားပါး
    ကောင်းလိုက်တာ။ ရှလွတ်။ =)

    ReplyDelete
  10. ရေခဲမုန့်ကို တမင်မေ့ထားပါတယ်ဆို..
    အဟင့်

    ReplyDelete
  11. ရက်စက်လိုက်တာကွယ်..ရေခဲမုန့်စားချင်တာ အပြင်သွားရမှာ ပျင်းလို့ အိမ်မှာ ကုပ်နေပါတယ်ဆို...ရှိတဲ့ အအေးပဲသောက်မယ်ကွာ...ဟူး

    ReplyDelete
  12. အစ်မရေ ကြက်ဥအနှစ်ကိုထည့်တယ်ဆိုတော့ မညှီသွားဘူးလားဟင်။ အနံ့ပြောက်အောင် ဘယ်လိုလုပ်တယ်ဆိုတာပါ ပြောပြပါအုံးနော်။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။