Skip to main content

အပျိုကြီးတို့ထင်မြင်ချက်

ငယ်ငယ်တုန်းကဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ခုပါ..
အပျိုကြီးနှစ်ယောက် ကွပ်ပျစ်မှာထိုင်စကားပြောနေရင်း... အမှတ်တစ်မဲ့ အော်ပီးပြေးနေတဲ့ ကြက်မနဲ့ သူ့နောက်ကို လိုက်နေတဲ့ ကြက်ဖတစ်ကောင်ကို ကြည့်မိသတဲ့...
ယောက်ျားတွေများ..ကြောက်ဖို့ကောင်းတယ်.. ဝေးဝေးရှောင်ပြေးနေတာကောင်းတယ် လို့ တစ်ယောက်ကမှတ်ချက် ချတယ်...
ကျန်တဲ့တစ်ယောက်ကလဲ သဘောတူထောက်ခံတယ်တဲ့...
အဲဒီအချိန်မှာဘဲ ကြက်မလေးက ပြေးရင်းနဲ့ ကားလမ်းမပေါ်ရောက်သွားပြီး အရှိန်နဲ့လာတဲ့ကားတစ်စီး တိုက်မိပီး ဆန့်ငင်ငင်နဲ့သေသွားသတဲ့...
အပျိုကြီးတစ်ယောက်ကပြောတယ်..တွေ့လား...ကြက်ဖလိုက်တာအမိခံမယ့်အစား...အသေခံလိုက်တာပိုကောင်းတယ် လို့... ဆိုပီး... ကျန်တစ်ယောက်ကလဲ စိတ်ပါလက်ပါ... ခေါင်းတစ်ညိတ်ညိတ်နဲ့ထောက်ခံပါသတဲ့...........
အမှန်တော့.....
ပြေးနေတဲ့ ကြက်မလေးက... ငါဟန်လုပ်ပီးတော့သူပြေးနေတာ.. ငါပြေးတာ နဲနဲများမြန်နေမလား.. လို့စဉ်းစားနေခဲ့သတဲ့....
လိုက်နေတဲ့ကြက်ဖ က... ပြေးလေ... ငါအေးဆေးလိုက်ရုံဘဲ.. မမိလဲ.. နောက်တစ်ကောင်ပေါ့... လို့စဉ်းစား နေခဲ့သတဲ့.... တဲ့လေ...

Comments

  1. လူဆိုးပဲ.... ။
    မနေ့က ကြက်ကောင်လုံးကင်၊ ဒီနေ့ ကြက်မာလကီးယား.. ဆိုင်တော့ မဆိုင်ဘူး မဟုတ်လား..။

    ReplyDelete
  2. ဆိုင်ပါဘူး sin dan lar ရဲ့.. ကြက်ကိုကြည့်ရင်း အဲဒါလေး ပြန်သတိရမိလို့..

    ReplyDelete
  3. ရီရတယ်နော်... ဘယ်လို comment ပေးရမှန်းတောင်မသိဘူး... ကိုယ်လိုရာဆွဲတွေးတတ်တဲ့သဘာဝပေါ့နော်...

    ReplyDelete
  4. ရယ်သွားတယ်

    ReplyDelete
  5. အဓိကဆိုလိုချက်က နောက်ဆုံးစာတန်းမှာပါကွယ်.. ဟိဟိ

    ReplyDelete
  6. အပျိုကြီး နှစ်ယောက် ညံ့တယ် .. သွားကောက်ပြီး ဟင်းချက်စားလိုက် ရမှာ.. ဟီးး))

    ReplyDelete
  7. မနေ.က ကြက်ကင် ဒီနေ.တော. ကြက်
    အကြောင်း နောက်နေ. ကြက်တုပ်ကွေးလား
    မသိဘူး ဟီးးးးးးးးးးးးးး မကူးတို.ကတော.
    ကြက်တွေကို အော်ပရေးရှင်းလုပ်နေတယ် ထင်တယ် :P

    ReplyDelete
  8. အပြင်ကမိန်းကလေးတွေအဲလိုပဲ လိုက်ရင်ပြေးတာပဲလား

    ReplyDelete
  9. ပေါက်ပေါက်ရှာရှာရေးတတ်တယ် ကူးကူးရယ်။
    သဘောကျတယ်။
    သု

    ReplyDelete
  10. ဟုတ်ပ ကူးကူးရာ။မရလဲနောက်တစ်ယောက်ပေါ့။ အေးဆေးပါနော်။မရှားပါဘူးးး။အဟက်။လိုရာဆွဲတွေးသွားတယ်နော်။

    ReplyDelete
  11. အပျိုကြီးတွေ လိုရာတွေးတယ်ဆိုလို့  ကြေညာလေးတစ်ခု သွားသတိရမိတယ်။

    ကိုယ့်အတွေးနဲ့ ကိုယ် ကာဆမ်ကွေကာကို သောက်ကြသည်တဲ့။

    ဘာဘဲပြောပြော လိုရာဆွဲတွေးသွားပါတယ်နော်။

    ခင်တဲ့
    ကျောပိုးအိတ်

    ReplyDelete
  12. ထင်မြင်ချက်ဖတ်ပြီး ရီသွားတယ်နော်။ လိုရာဆွဲတွေး လိုရာဆွဲတွေးးးးးးးးးးးးးး

    ReplyDelete
  13. ကြက်ဖနေရာက ခံစားပေးရင်ကောင်းမလားးးးး
    ကြက်မနေရာက ခံစားပေးရင်ကောင်းမလားးးး
    ဟိဟိး)

    ReplyDelete
  14. အရမ်းကို ဟားရတယ်။
    မမိလဲနောက်တကောင်ပေါ့

    ReplyDelete
  15. ပြောစရာ စကားကို မရှိလောက်အောင် တစ်ထိုင်တည်း အားရပါးရ ရယ်မောသွားပါတယ်ဗျာ။ ကြားဖူးပြီး မေ့နေတာလေးပါ...။ ကျေးဇူးတင်ပါတယ်။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။