Skip to main content

ပဲဝါသီးစုံချဉ်ရေ

ပဲဝါသီးစုံဟင်းအတွက်တော့.
ပဲဝါလေးကိုရေ ၁ နာရီလောက်စိမ်ထားပေးပါ..
ကြိုက်တဲ့အသီးနှံထည့်လို့ရပါတယ်။ ကူးကူးကတော့ရှိတာလေးနဲ့ဘဲအဆင်ပြေအောင်ချက်လိုက်ပါတယ်။
အားလုံးကိုအခွံနွှာထားပါ။
ဘူးသီး
ခါကြက်ဥ
ခရမ်းချဉ်သီး
ခ၀ဲသီး
မန်းကျဉ်းသီး
အားလုံးကိုလှီးဖြတ်ပီးတော့အိုးထဲထည့်ဆီသတ်ပါတယ်။ မွှေးပီးနဲနဲနွမ်းလာရင်တော့ပဲဝါကိုထည့်... မီးအေးအေးနဲ့ ရေစိမ်ပီးပွနေတဲ့ပဲဝါလေးတွေကိုအသီးရွက်ပေါ်ထပ်အုပ်လိုက်ပါတယ်။
ဂျင်းကိုထောင်းပီးရေညှစ်ထည့်ပါ၊ မန်ကျည်းသီးရေစိမ်ထားပီးအရည်ကိုအချဉ်ကြိုက်သလောက်ထည့်ပါ။
ပျဉ်းတော်သိမ်ရွက်လေးလဲထည့်ဖို့မမေ့နဲ့အုံးနော်.. ကျက်ခါနီးဆိုရင်တော့ မဆလာလေးနဲနဲအုပ်လိုက်ပါ။
အရမ်းးးးး ကိုစားကောင်းတဲ့ ပဲသီးစုံချဉ်ရေလေးရပါပီ။ ပဲကအစိမ့် ၊ အသီးနှံတွေကလဲသဘာဝအရသာကိုက ချိုတဲ့အတွက် အအီပြေတဲ့ အချဉ်လေးဖက် လိုက်မှတော့ ထမင်းမြိန်ပီပေါ့။


Comments

  1. ချင်းကိုထောင်းတဲ့အရည်လေးဘဲညှစ်ထည့်တာ ကြိုက်တယ်... ချင်းအရသာမကြိုက်တဲ့ဒို့အတွက် အနံ့ရရုံလေးအဲလိုထည့်ရတာကြိုက်တယ်...

    ReplyDelete
  2. စားချင်စရာလေးကူးကူးရယ်။ ငရုတ်သီးထောင်းလေးနဲ့စားချင်တယ်

    ReplyDelete
  3. ကူးးးးးးးးကူးးးးစ်

    စားချင်တယ် လွမ်းတယ်
    ဟီးဟီး

    ခင်တဲ့
    မြူးလေး

    ReplyDelete
  4. ဒီတစ်ပတ်ပိတ်ရက်မှာ အပီကို ဆွဲပြီ ဒေါ်လေးကူးရေ။ ငှဲငှဲ။

    ReplyDelete
  5. ပဲဝါ သီစုံချဉ်ရည်ဟင်း ကထောထောအကြိုက် တအားကြိုက်တယ် ငါးကြော်ကြွပ်၂လေးနဲ့စားရင်တအားကောင်း :)

    ReplyDelete
  6. အချက်တော်လိုက်တဲ့ ညီမငယ်၊
    အိမ်ဘယ်နားလဲ သိချင်တယ်။

    ReplyDelete
  7. ပြီးခဲ့တဲ့ ဟိုအပတ်ကတင် သီးစုံချည်ဟင်းချက်စားသေးတယ်။ ခ၀ဲသီးထည့်ရမှန်း မသိဘူး။ နောက်ဆို ထည့်စားမယ်။ ကူးကူးချက်တာဆို ကြိုက်ပြီးသားပဲ။

    ReplyDelete
  8. ဟင်းလေးက တော်တော် အရသာရှိမဲ.ပုံဘဲဗျ
    စကေးကောင်းတော.လည်း လုပ်ကြပေါ.ဗျာ :)

    ReplyDelete
  9. rose of sharon: ဟုတ်..ကူးလဲစားနေရင်းဂျင်းဖတ် ကိုက်မိရင်မကြိုက်ဘူး.. ဟိ အနံ့သာကြိုက်တာ..
    စုဘူး၊ မြူးစ် ၊ ထောပတ်သီးလေး.. ကျေးဇူးပါ.. လိုက်ဖက်တဲ့ဟင်းလေးတွေတွဲပေးလို့..
    မမမိုးချိုသင်း.. လာလည်တာကျေးဇူးပါ။။။ အိမ်ကနဲနဲဝေးတယ်မမရေ.. လေလွင့်နေရတာပိုများနေတယ်။း)
    မိုးကောင်းသူ.. ခ၀ဲသီးမပါလဲအလုပ်ဖြစ်ပါတယ်နော်..း) ကူးကရှိတာထည့်တာ..
    မိုးစက်အိမ်... အရသာကတော့တအားကိုရှိတာ..း)လမ်းကြုံရင် ထမင်းစားဖိတ်ပါအုံးမယ်..း)

    ReplyDelete
  10. စားချင်တယ်အချဉ်ဟင်းကွယ်။
    အိမ်အတွက်ပါသယ်မယ်ကွယ်။
    ကြက်ဥ၊ ကျောက်ပွင့်သုပ်လဲစားမယ်ကွယ်။
    ပါဆယ်လေးကိုဆွဲသွားပါရစေ။
    ချစ်တဲ့
    အစ်မဂျာမုန်း

    ReplyDelete
  11. စားချင်တယ်အချဉ်ဟင်းကွယ်။
    အိမ်အတွက်ပါသယ်မယ်ကွယ်။
    ကြက်ဥ၊ ကျောက်ပွင့်သုပ်လဲစားမယ်ကွယ်။
    ပါဆယ်လေးကိုဆွဲသွားပါရစေ။
    ချစ်တဲ့
    အစ်မဂျာမုန်း

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။