အရင်အပတ်က မေးလ်ထဲကို တစ်စုံတစ်ယောက်သောသူပို့လိုက်တဲ့ မူဗီ ဖိုင်လေးပါ... အစကတော့ ignore လုပ်ထားမလို့ပါဘဲ... နေ့လည်ထမင်းစားချိန် မရောက်သေးခင် ခေါင်းနောက်လို့ ခဏ နားနေရင်နဲ့ အဲဒီဖိုင်လေးသွားကလစ်မိတော့ ပုံလေးတွေပါ..ပါလို့ဆက်ကြည့်လိုက်တယ်... လေးဖြူသီချင်းဆို ကျွန်မ တစ်ခါမှနားထောင်တာမဟုတ်၊ ခံစားလို့လဲမရ..ဒါပေမယ့် ဒီဟာလေးတော့ ကြည့်ရင်း နဲ့ ထိုင်လဲရီ၊ ရီတော့ သူငယ်ချင်းတွေပါလာဝိုင်းကြည့် သူတို့ကတော့ ဘယ်နားလည်မလဲလေ... အင်္ဂလိပ်လို ရေးထားတာ မြန်မာကဒါရိုက်ပြန်တော့ သူတို့အတွက် အထူးဆန်းဖြစ်နေတာပေါ့.. ကျွန်မကလွဲလို့ဘယ်သူက ခံစားနိုင်မလဲလေ...ဒါပေမယ့်လုပ်ထားတဲ့ ပုံလေးသဘောကျလို့ ချစ်သူနဲ့ အဆင်မပြေသူများ၊ ချစ်သူကိုယ့်ကိုအလိုမကျဖြစ်နေသူများ၊ ချစ်သူက ထားခဲ့သူများ.... ၀မ်းသာ ၀မ်းနည်း ပြုံးစိစိလေးဖြစ်အောင်တင်ပေးလိုက်ပါသည်။
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။