ပဲညိုလုံးရှည်ရှည်လေးတွေ (kidney beans) ကအဟာရလဲရှိသလိုစားရင်လဲစိမ့်နေတာမို့ ကျွန်မတော့အရမ်းကိုကြိုက်ပါတယ်။ အချိန်ယူပီး ရေစိမ်ထားရတာရယ်၊ အကြာကြီးပြုပ်နေရတာရယ်၊ ပြုပ်ထားရင် အဖုံးဖုံးမှ ပဲလေးတွေက လုံးဖောင်းပီး တင်းတင်းလေးဖြစ်နေတာမို့ အဖုံးပေါ်ကရေတွေ တစ်စက်စက် ကျ နေလို့ မီးဖိုညစ်ပတ်တာရယ်..အဲဒါလေးတွေကတော့ သီးခံရတာပေါ့လေ။
အသင့်စားလို့ရအောင် ဗူးထဲထည့်ထားတဲ့ ဟာတွေကတော့အချိန်ကုန်သက်သာပီးမြန်မြန်ဆန်ဆန် ချက်စားနိုင်တဲ့ အတွက် တစ်ခါလေများ စားချင်စိတ်ဖြစ်ရင် အသင့်စားဗူး လေးတွေဘဲဝယ်ပီးချက်စားလိုက်တယ်။
ဒီညနေကတော့ မှိုအလုံးလေးတွေ (ဗူးထဲမှ)လေးတွေနဲ့ပါ ရောချက်ပီး စားဖို့စီစဉ်ထားတဲ့အတွက်စိတ်ကူးပေါက်တာနဲ့ မှိုနဲ့ ပဲညို ဗူး တွေကိုဖောက်ထားပီး အရည်လေးနဲ့တစ်မျိုး၊ ဟင်းမယ်တစ်ဖွယ်ချက်ဖြစ်ပါတယ်။
အသင့်စားဗူးထဲက မှိုလုံးလေးတွေကိုထုတ်ပီး၊ အထဲကရေတွေသွန်ပစ်ပါတယ်၊ ပြီးရင် အနေတော်လှီးထားပါ။
ဆီပူပူမှာ ကြက်သွန်ဖြူလေးတွေတောက်တောက်စင်းထည့်ပီး လှီးထားတဲ့မှိုလေးတွေ အနားတင်းပီး ညိုလာ အောင်ကြော်ပီးရင်တော့ သပ်သပ်ခပ်ထားလိုက်ပါ။
ကြက်သွန်ဖြူနီကိုဆီသတ်ပီးရင်တော့ ပဲငံပြာရည်နဲနဲခပ်လိုက်ပီး (အအီပြေအောင်ချဉ်ပေါင်ခံ) ချဉ်ပေါင်ရွက် လေးနဲနဲကိုထည့် နွမ်းတာနဲ့ အသင့်စားဗူးထဲက ပဲညိုလုံးရှည်တွေကိုလဲ အရည်တွေစစ်ထုတ်ပီး ဒယ်အိုးထဲ ထည့်ချက်လိုက်ပါ။ အရသာအတွက် ဆား၊ သကြား/အချိုမှုန့် သင့်တော်သလောက်ထည့်ပီး ၅မိနစ်လောက် ချက်လိုက်ရင် ကြက်သွန်ဆီချက်နဲ့ ပဲ၊ ချဉ်ပေါင် တို့အားလုံးအရသာ သမနေပါပီ။ အိုးချခါနီးလေးမှာတော့ ကြော်ထားတဲ့မှိုလေးတွေကိုထည့်ပီး လုံးလိုက်ပါ။ ဟင်းအနေနဲ့စားဖို့ ခြောက်ခြောက်လေးတစ်ခွက်စာချက် ပီး အရည်နဲ့စားချင်ရင်တော့ ရေနွေးအနဲငယ်ထပ်ထည့်ပီးဆူအောင်တည်လိုက်ရင်ရပါပီ။
ကူးစ် ကတော့ မနက်ပိုင်းမှာ tortilla လေးနဲ့စားလို့ရအောင်အရည်လေးနဲ့ပါ ချက်ထားလိုက်ပါတယ်။ (နံပြား စားချင်သော်လည်း မရှိတဲ့ဘ၀ တော်တီလာနဲ့သာဖြေသိမ့်ရ) ။

အော် ဘ၀တူတွေပါကူးကူးရယ်
ReplyDeleteတို့တွေလည်း tortilla နဲ့သာ ဖြေသိမ့်နေရပါတယ်
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ တောင် ဈေးမှာ kidney bean တွေ့ခဲ့တယ်။ အချိန်ကုန်တာကြောင့် ပြန်ထားခဲ့တယ်။ ready made ဘူးလေးဝယ်စားဦးမှဘဲ။ ဒီမှာ နံပြားတော့ရှိတယ် မြန်မာနိုင်ငံကလို မကောင်းဘူး :((
ReplyDeleteတို့လည်း kidney ပဲ အရမ်းကြိုက်တယ်
ReplyDeleteနောက်တော့ စားပါများလွန်းလို့လား မသိဘူး..တာရှည်ခံအောင် လုပ်ထားတာဆိုတော့ chemical တွေလည်း ပါမှာပေါ့လေ..ခဏခဏစားလွန်းတော့ လေတွေပွပြီး ဗိုက်အမြဲတင်းနေလို့ အခုတော့ နားထားတယိ
အဲ့ဒီပဲ စိမ်းမသိဘူး.. မကူး.. လိုက်ရှာကြည့်လိုက်ဦးမယ်... ချက်မယ်ကွ ဒီအပါတ်..
ReplyDeleteမှိုလုံးနဲ့ ပဲညို soup ကဆိမ့်နေမှာဘဲနော်...
ReplyDeleteစားချင်စဖွယ်လေးတွေနော်..း)
ReplyDeleteKidney Bean ပြုတ်ကရေကောခမ်းရဲ့ လား။ရေဘောလောနဲ့  စားမကောင်းဘူးနော်။
ReplyDeleteမောင်ချစ်အုန်းဖေ... ရေးထားတာမဖတ်တာသိသာတယ်.. စိတ်မကောင်းစရာ.. အဟွတ် ဟွတ်
ReplyDeleteလက်ရာကိုကြိုက်တော့ဆိုက်ဆိုက်ရောက်လာရပြီပေါ့ရှင်။
ReplyDeleteဒီနေ့ဟင်းလည်းအားလုံးအကြိုက်တွေပဲ။
အားလုံးစားပြစ်လိုက်တယ်ကူးကူးရေ။
လက်ရာကိုကြိုက်တော့ဆိုက်ဆိုက်ရောက်လာရပြီပေါ့ရှင်။
ReplyDeleteဒီနေ့ဟင်းလည်းအားလုံးအကြိုက်တွေပဲ။
အားလုံးစားပြစ်လိုက်တယ်ကူးကူးရေ။
တခါမှ မစားဖူးဘူး ကူးကူးရေ...
ReplyDeleteစကားမစပ် မကူးရေ..စားတော်ပဲနဲ့ စားဆော်ဒါကို ဒီကဆိုင်တွေမှာ ဘယ်လိုမေးပြီး
ReplyDelete၀ယ်ရမလဲခင်ဗျာ။ စားတော်ပဲဆိုတာလဲ ဘယ်လို
မျိုးမှန်း ကျွန်တော်မမှန်းမိဘူးဖြစ်နေတယ်။
Anonymous ရေ... စားတော်ပဲ က ကူးကူးနေတဲ့ နေရာမှာလဲမရှိပါဘူး..အခုချက်ထားတဲ့ပဲက Kidney bean ပါ.. မြန်မာလိုမခေါ်တတ်ဘူး.. salt soda/baking powder/baking soda... အစရှိ ပွစေမယ့်ဟာတွေကိုတော့မေးဝယ်လို့ ရပါတယ်။..း)
ReplyDelete