Skip to main content

ခရမ်းသီး အုမ္မလက် Omelet

ခရမ်းသီးကြိုက်သူများအတွက် နောက်တနည်းလေးလုပ်စားကြည့်ဖို့ ဝေဌလိုက်ပါတယ်နော်။
ပထမဦးစွာ ခရမ်းသီးကို ဖုတ်ပါတယ်။ ovan နဲ့ ဖုတ်ရင် မိနစ် ၃၀ ၊ ၁၆၀ ဒီဂရီ လောက်ဆိုရပါပီ။
အအေးခံပီး အခွံနွှာ၊ ခရမ်းသီးဖုတ် အသားမွှေးမွှေးလေးတွေကို ပန်းကန်လုံးထဲထည့်ထားပါ။
ပီးရင်တော့ ဆား၊ ကြက်သွန်နီ တောက်တောက်စင်း၊ ငရုတ်သီးအနီလေးတွေပါးပါးလှီးထည့်၊ ကြက်ဥတစ်လုံး ခေါက်ထည့်ပါ။ ပြီးရင်တော့ နံနံပင် (လတ်လတ်ဆတ်ဆတ်ရှိရင်ပိုကောင်းမှာပါ၊ ဒီမှာတော့ ထိုင်းက လာတဲ့ ပုလင်းနဲ့ အထားခံအောင်လုပ်ထားတဲ့) ကို ထည့်၊ ငရုတ်ကောင်းမှုန့်လေးဖြူးပီး မွှေပါ.. အားလုံးညက်ပီဆိုရင်
တော့ ဒယ်အိုးပြားပြားလေးထဲကို ဆီနဲနဲထည့် ပီး ဒယ်အိုး နှံ့သွားအောင် ဝေ့ လိုက်ပါ..
ပီးရင်တော့ နယ်ထားတဲ့ ခရမ်းသီးကို ထည့်ပီး အပြားလိုက်ရအောင်ကြော်ပါ။ ပီးရင်တော့စားလို့ရပါပီ။
ခရမ်းသီးကို အတွန့်တက်ပီး ဖုတ်တာ က ကြော်ပီးစားတဲ့အချိန်မှ ပြုပ်တာနဲ့ အရသာကွာတာကို သတိထားမိမှာပါ။ ခရမ်းသီးဖုတ် ကအရမ်းမွှေးတာ... အားလုံးရောနယ် ကြော်ပီးတဲ့အခါတော့ ရိုးရိုး ကြက်ဥ အုမ္မလက် Omelet ကြော်ထက်..ပိုကဲထူးပီး ကောင်းနေတာအမှန်ပါပဲ။ စိတ်ဝင်စားရင်လုပ်စားကြည့်နော်။


Comments

  1. This comment has been removed by the author.

    ReplyDelete
  2. အတော်ဘဲ ခရမ်းသီးဆို သိပ်ကြိုက်တာ လုပ်စားကြည့်ဦးမယ် .. :))

    ReplyDelete
  3. Ku ku yae..lar lae tae naw..Hinn ta myo toe thwar b...loat sar kyi ohn mae..

    ReplyDelete
  4. ဟုတ်တယ်နော် ကူးကူး အဲလိုလေးကြော်စားတာ အရမ်းကြိုက်တယ်။ စိမ့်စိမ့်လေး။ စားတောင်စားချင်လာပြီ

    ReplyDelete
  5. စမ်းကြည့်ဦးမယ်.... ဒီအပတ်ကျောင်းပိတ်ရင်...

    ReplyDelete
  6. ခရမ်းသီး ၂ လုံး ၀ယ်ထားတယ်။ စမ်းလုပ်ကြည့်ဦးမယ်။ ကျေးဇူးပဲ စန္ဒကူးရေ ... ။

    ReplyDelete
  7. Myanmar friends, I'm argentine sport journalist and I'm looking for a Myanmar football blog. If you know one, please, write to contact the blogger.
    Best regards from Buenos Aires
    Pablo
    International football journalism

    ReplyDelete
  8. တစ်ခါမှ မစားဖူးဘူး... စမ်းကြည့်အုန်းမယ်

    ReplyDelete
  9. ခရမ်းသီးဟင်းကို အရမ်းကြိုက်တယ်

    ဘယ်လိုချက်ချက်ပေါ့

    ခုတော့သွားရည်ယိုသွားပါတယ်


    ချစ်ခင်စွာဖြင့်

    ဖိုးစိန်

    ReplyDelete
  10. တခါမှ အလိုတော. စားဖူးဘူး စာကြည်.ချင်မိတာတော.
    အမှန်ဘဲဗျာ ... :)

    ReplyDelete

Post a Comment

ကူးကူးရေ...