မနေ့ညနေက အွန်လိုင်းမှာ မမလုလု နဲ့ လေပေါ နေရင်းနဲ့ ညနေစာစားချင်စိတ်မရှိတဲ့အကြောင်းပြောတော့ မမလု က ခေါက်ဆွဲသုပ်စားပါလားလို့ အကြံပေးတယ်။ သူလဲခေါက်ဆွဲသုပ်စားနေတာ အရမ်းကောင်းတယ် ရှလွတ် ဆိုတော့ ကူးကူးက ဒီဘက်ကနေဗိုက်ဆာလှပီ.. မလုရေ ခေါက်ဆွဲသုပ်ဖို့ ကြက်သားမရှိဘူးဆိုတော့ သူက ကြက်သားမလိုဘူး..ပြောပြမယ်ဆိုပီး သုပ်နည်းလေးပြောပြပါတယ်။ ကူးကူးထပ်အတွန့်တက်ပါသေးတယ်.. ပဇွန်ခြောက်မှုန့်ထည့်ရင် ညှီမှာပေါ့... အဲဒီအနံ့ကြီး မကြိုက်ဘူး ဆိုတော့ မလု က ပုဇွန်ခြောက်လေးကို ဒယ်အိုးလေးနဲ့ လှော်လိုက်လေ..ပိုတောင်မွှေးသွားသေးတယ်တဲ့။
ကဲဒီတော့ ခေါက်ဆွဲသုပ်လေးလုပ်ဖို့ စိတ်ကဆုံးဖြတ်ပီးသားဖြစ်သွားရော။ မမဂျာမုန်း လဲခေါက်ဆွဲတွေသုပ်ထားတာ အားရပါးရဘဲ။ အဲဒီကတည်းကစားချင်စိတ်က တစ်ဖွားဖွားပေါ်နေတာ... ၀လာတာလဲ မဆန်းပါဘူး။ ဟင်းချက်တဲ့ဘလော့တွေမှာဘဲ လိုက်ကျင်လည်နေတာကိုး။ ခေါက်ဆွဲသုပ်မယ်လုပ်မှ စပါဂတီလုပ်တဲ့ ခေါက်ဆွဲခြောက်က ပိုးတက်နေပီ.. စားလို့မရတော့ဘူး။ ဆန်ခေါက်ဆွဲဖတ်အခြောက်ပဲကျန်တော့တယ်။ မုန့်ဟင်းခါးဖတ်လေးသုပ်စားဖို့ပြင်ဆင်လိုက်ပါတယ်။
မုန့်ဖတ်ကျက်ရင်တော့ ဇကာထဲရေစစ်ပီး၊ ရေအေးလေးနဲ့ထပ်ဆေးလိုက်ပါတယ်။ ပီးရင်တော့ အဆာပလာလေးတွေ အကုန်ထည့်ပီး သမအောင် လက်နဲ့စိတ်ကြိုက်နယ်ပေတော့။ ပီးရင်တော့ ဟင်းခါးကိုစိတ်ကြိုက်ချက်ပီး တွဲစားပါလေ။
ကောင်းမှကောင်း... ကူးကူးတော့ ကြက်သွန်ချိုချဉ်လေးပါတွဲစားလိုက်ပါတယ်လေ...
အသုပ်ဆို အကုန်ကြိုက်ပီး လောလောဆယ် ဘုံပျောက်နေတဲ့ ညီမလေး ထောပတ်သီး နဲ့ ကူးချစ်သူလဲ ပုံလေးငမ်းနိုင်ပါစေနော်.. ဟိဟိ နောက်မှ ကိုယ်တိုင်သုပ်ကျွေးမယ်။
ကဲဒီတော့ ခေါက်ဆွဲသုပ်လေးလုပ်ဖို့ စိတ်ကဆုံးဖြတ်ပီးသားဖြစ်သွားရော။ မမဂျာမုန်း လဲခေါက်ဆွဲတွေသုပ်ထားတာ အားရပါးရဘဲ။ အဲဒီကတည်းကစားချင်စိတ်က တစ်ဖွားဖွားပေါ်နေတာ... ၀လာတာလဲ မဆန်းပါဘူး။ ဟင်းချက်တဲ့ဘလော့တွေမှာဘဲ လိုက်ကျင်လည်နေတာကိုး။ ခေါက်ဆွဲသုပ်မယ်လုပ်မှ စပါဂတီလုပ်တဲ့ ခေါက်ဆွဲခြောက်က ပိုးတက်နေပီ.. စားလို့မရတော့ဘူး။ ဆန်ခေါက်ဆွဲဖတ်အခြောက်ပဲကျန်တော့တယ်။ မုန့်ဟင်းခါးဖတ်လေးသုပ်စားဖို့ပြင်ဆင်လိုက်ပါတယ်။
ဆန်ခေါက်ဆွဲကိုပြုတ်
ကြက်သွန်၊ဖြူ၊နီ ငရုတ်သီးအနီလေးတွေပါ -တောက်တောက်စင်းပီး နနွင်းမှုန့်ထည့် ဆီချက်လုပ် (ဆီချက်တွေခပ်ထားပီး)
ပုဇွန်ခြောက်သေးသေးလေးတွေနဲ့ မြေပဲဆန်လေးတွေ ထည့်လှော်
ဂေါ်ဖီပါးပါးလှီးပီး ရေဆေးပီးစစ်ထား
ပဲမှုန့်အကျက်
သံပုရာသီးလေး ၂လုံး (မန်ကျည်းမှည့်ရှိရင်ပိုကောင်းမှာနော်.. ကျွန်မမှာမန်ကျည်းမှည့်မရှိတော့လို့)
မုန့်ဖတ်ကျက်ရင်တော့ ဇကာထဲရေစစ်ပီး၊ ရေအေးလေးနဲ့ထပ်ဆေးလိုက်ပါတယ်။ ပီးရင်တော့ အဆာပလာလေးတွေ အကုန်ထည့်ပီး သမအောင် လက်နဲ့စိတ်ကြိုက်နယ်ပေတော့။ ပီးရင်တော့ ဟင်းခါးကိုစိတ်ကြိုက်ချက်ပီး တွဲစားပါလေ။
ကောင်းမှကောင်း... ကူးကူးတော့ ကြက်သွန်ချိုချဉ်လေးပါတွဲစားလိုက်ပါတယ်လေ...
ဒါက အစိမ့် သုပ်
ဒါလေးကတော့ ချဉ်ငံစပ်သုပ်
မကူး ရက်စက်တယ် စက်ရက်တယ် အဟင့် ....ကြိုက်တယ် ခုညစာမစားပဲ ညဘက်မှာ မကူး မလု နဲ့ မမိုးကောင်းသူ မမဂျာမုန်းဒန်းဘလော့ခ်ဖတ်ပြီးတော့ ဗိုက်ထဲကဆာလိုက်တာလေ မပြောနဲ့တော့ ....ဘီစကစ်စားပြီးရေပဲသောက်တော့မယ် အဟင့် အစိမ့်သုတ်လည်းတပွဲအကုန်စားသွားတယ် ချဉ်ငံစပ်လည်း ရှုးရှုးရှဲရှဲနဲ့အကုန်စားသွားတယ် အပြင်မှာတွေ့ရင် တကယ်သုတ်ကျွေးရမယ်နော် :)
ReplyDeleteကူးကူးစ်
ReplyDeleteမိုးလင်းလင်း ချင်းလာစားတယ်သိလား
ခင်တဲ့
မြူးစ်
ပုတ်နဲ့ တူလာတော့မယ်။
ReplyDeleteကူးကူး...
ReplyDeleteချဉ်ငံစပ်သုပ်လေးကြိုက်တယ်...
စားလို့ ကောင်းမှာဘဲနော်...
တို့ လည်း ဘာသုပ်စားရင် ကောင်းမလဲဘဲ စဉ်းစားနေတတ်တာ...
ဆီချက်လုပ်နည်း အသစ်အဆန်းတစ်ခု သိသွားပြီ... ဟေဟေ့ လုပ်ဦးမယ်...
ReplyDeleteသိုင်းကျူး စပါယ်ရှယ် မကူးစ်...