Skip to main content

မုန့်လုံးလေး နှင့် မုန့်ကြာစိ

အရင်တစ်ခါမုန့်လုံးရေပေါ်လုပ်တုန်းက ဆန်မှုန့်နဲ့ ကောက်ညှင်းဆန်ကိုယ်တိုင်အမှုန့်လုပ်တော့သိပ်အဆင် မပြေဘူး ဖြစ်နေတာ။ အခုတစ်ခါတော့ ဆိုင်က ဆန်မှုန့်နဲ့ကောက်ညှင်းဆန်မှုန့် ၀ယ်ပီးလုပ်တော့မှအတော် လေးဟန်ကျတယ်။ မုန့်နှစ်ကြိတ်ဖို့မလွယ်တဲ့သူတွေအတွက်လဲ လွယ်လွယ်နဲ့ မြန်မြန်လုပ်စားနိုင်တဲ့ မုန့်လုံးရေပေါ်၊ မုန့်ကြာစိ ကြိုက်နှစ်သက်ရာအကုန်လုပ်နိုင်ပါပီ။ Supermarket မှာ Rice flour နဲ့ Glutinous Rice Flour နှစ်ထုပ် ၀ယ်လိုက်ပါ။ ပျော့ပျော့နူးညံ့ညံ့လေးစားချင်ရင်တော့ ကောက်ညှင်းဆန်မှုန့်ပိုထည့်ပါ၊
၁။ ကောက်ညှင်းဆန်မှုန့် ၂ ခွက်၊ ဆန်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ပီး ရေနဲ့သမအောင်မွှေပါ။ ပြီးရင်တော့ အ၀တ်ပါးလေးထဲကိုထည့်ပီး လေးတဲ့ဟာတစ်ခုခု ဖိထားပါ။ တစ်ညလောက်ဆိုရပါပီ။ နောက်နေ့မှာတော့ လုံးလို့ ကောင်းမယ့်အနေထားမုန့်နှစ်စီးစီးလေးရနေပါပီ။ ၂။ ရေနွေးပွက်အောင်တည်၊ မုန့်လေးတွေအနေတော်လုံးပီး ချက်ချင်းရေနွေးအိုးထဲ ထည့်လိုက်ပါ၊ လုံးလိုက်ထည့် လိုက်၊ မုန့်လုံးလေးတွေ အပေါ်ကိုပေါလောပေါ်လာရင်တော့ဆယ်ပီး ရေအေးထဲမှာခဏထည့်ထားပါ။ ၃။ ထညက်ခဲလေးတွေခွဲပီး ထည့်လုံးလို့ရပေမယ့် ကူးကူး ကတော့ အချိန်မရတာတစ်ကြောင်း၊ ထညက်ခဲ လဲ နဲနဲဘဲကျန်တော့တာမို့ချွေတာရေးလေးလုပ်ရပါတယ်။ ထညက်ခဲကိုထောင်း၊ အုန်းသီးဖတ်တွေနဲ့ ရောမွှေ ပီး မုန့်လုံးလေးတွေကို ထည့်လုံးပီးစားပါတယ်။ အရမ်းးးးး ကိုကောင်းပါတယ်။ နူးညံ့ပီး အိနေတာ စားကြည့်မှ သိမှာမို့ စိတ်ဝင်စားရင် flour လေးတွေဝယ်ပီးလုပ်ကြည့်နိုင်ပါတယ်။

မုန့်ကြာစိ အတွက်တော့ မုန့်လုံးတဲ့အခါ သေးနိုင်သလောက်သေးအောင်လုံးလိုက်ရင်ရပါပီ။ ကူး လုံးထားတဲ့ အလုံး တွေကတော့ သေးလိုက်ကြီးလိုက်ဖြစ်နေပါတယ်း)
လိုအပ်တဲ့အရာတွေကတော့
ထညက်ခဲ ကန်ဇွန်းဥ နှစ်လုံး အုန်းသီး ဆားအနည်းငယ် မုန့် လုံး ပိစိလေးတွေပါ။
ကန်ဇွန်းဥ နှစ်လုံးကို အတုံးသေးလေးတွေလှီးထား၊ တစ်ချို့ ကို အခြစ်နဲ့ သေးသေးလေးရအောင်ခြစ်ထား အုန်းသီးတစ်လုံးအရည်ညှစ်ထား၊ အုန်းဖတ်နဲနဲ သတ်သတ် ဖယ်ထားပါ။ ရေနွေးပွက်ပွက်မှာ ကန်ဇွန်းဥ အတုံးလေးတွေအရင်ထည့်ပြုပ်၊ ဆားနဲနဲထည့် ကျက်လောက်တဲ့အချိန်မှာ အုန်းနို့ထည့် ခြစ်ထားတဲ့ ကန်ဇွန်းဥမျှင်လေးတွေထည့် ထညက်ကို အရည်ကျိုပီး ဇကာလေးနဲ့စစ်ထည့် အုန်းသီးဖတ်လေးတွေကိုတော့စားခါနီးမှ ပန်းကန်ထဲထည့်စားပါ။ ကောင်းမှကောင်း၊ အချိုအတွက်တော့ ကိုယ်နှစ်သက်သလို ထညက်အနည်းများ ခန့်မှန်းထည့်နိုင်ပါတယ်။
သာကူစေ့ထည့်ကြတယ်လို့လဲပြောပါတယ်။ ကူးကူး ကတော့ ကိုယ်ဘဲစားမှာမို့ မထည့်တော့ပါဘူး။
အဟာရလဲရှိ၊ အရသာလဲ စိမ့်နေတာမို့ မြန်မာ့အစားစာ တမ်းတမ်းစွဲ ဖြစ်မယ်ဆိုလဲ ဖြစ်လောက်ပါတယ်။း)
(မုန့်ကြာစိ recipie ပေးတဲ့ ဦးလေးကြီး kkmg ကျေးဇူးပါ)




Comments

  1. အုန်းနို့ ရောပါဘူးလား.. ကိုယ်သာ မချက်တက်တယ် သူများချက်တာကို လာဂျီးများတာ ဟိဟိ

    ReplyDelete
  2. ပါတယ် ဟ ...မန့် ချင်ဇော နဲ့  ရှမ်းသွားတယ် အဟိ

    ReplyDelete
  3. ကူးကူးတို့ လည်းလုပ်စားကြည့် မယ်
    ကောက်ညှင်းမှုန့် တော့ဝယ်ရမယ် ဆန်မှုန့် တော့ရှိတယ်
    မီးခြစ်ရယ်ခေါက်ဆွဲပဲသွားကြော်ပါဟယ်
    ကိုကိုချစ်ကိုနောက်တမျိုးနှိပ်စက်အုံးမလို့ လား ဟိဟိ

    ReplyDelete
  4. ကူးရေ စားချင်စရာဘဲ အိမ်နားနီးရင် လာတောင်းစားပါတယ် ဟဲဟဲ ။
    အလုပ်များနေလို့ လစ်ပြီ တာ့တာ

    ReplyDelete
  5. တော်လိုက်တာ ကူးကူးရယ်

    ReplyDelete
  6. စားလို့ကောင်းမယ့်ပုံပဲ :)

    ReplyDelete
  7. ကူးးးးးးးးးးးးးးကူးးးးးးးစ်
    မုန့် ကြာစေ့စားဖူးဘူး
    သူငယ်ချင်းတယောက်က လုပ်ကျွေးခိုင်းဖူးတယ်သိလား
    လုပ်တတ်ဖူးရယ်လေ ခုတော့သိပြီ လုပ်ကြည့်အုံးမှ
    သူလည်းလာစားမယ်ထင်တာပဲ
    ဒီပဲလွတ်စားခိုင်းရမယ်

    ReplyDelete
  8. ကူးကူးကတော်လိုက်တာ...
    ဒီလိုမုန့် တွေလည်းလုပ်တတ်တာဘဲကိုး...

    ReplyDelete
  9. ကျေးဇူး..လုပ်စားကြည့်အူန်းမယ်..ကူးကူးရေ..
    မုန့်ကြာစေ့ကိုတောင်..ဒီတစ်ခါပြန်မှ စားဖူးတာ..


    ပေါက်

    ReplyDelete
  10. အောင်မလေး သွားရည်တွေကျကုန်ပြီ... ဒုက္ခပဲ...

    ReplyDelete
  11. အောင်မလေး သွားရည်တွေကျကုန်ပြီ... ဒုက္ခပဲ...

    ReplyDelete
  12. ကြိုက်တယ်ကူးကူးရေ

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါကြောင့် မှိုလေးတွေနဲနဲတက်ေ

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။