Skip to main content

ပဂျီသွေး (ခေါ်) အုန်းဆံ

ကျွန်မတို့ငယ်ငယ်က မန္တလေးမှာနေတယ်။ ခြံဝင်ဝင်ခြင်းထောင့်မှာ အုန်းပင်အိုကြီးတစ်ပင်ရှိတယ်။ ကျွန်မ မှတ်မိသလောက်အရွယ်မှာတင် အပင်ကအမြင့်ကြီးနဲ့ အသီးတွေဝေေ၀သီးနေပီလေ။
အဲတုန်းကမန္တလေးမှာအုန်းသီးရှားတယ်ထင်တာဘဲ၊ ဘာလို့လဲဆိုတော့ တော်ရုံဆိုအုန်းသီးမစားရဘူး။ ပွဲတွေ ဘာတွေရှိရင်တော့ ဈေးချိုမှာ အုန်းသီးသွားဝယ်ရတယ်။ တစ်ခါတစ်လေ မိုးသည်း လေပြင်းတိုက်လို့ အုန်းသီးခြောက်များကြွေကျရင် မိုးရေထဲပြေးဝိုင်းကောက်ကြတာဘဲ။
ကျွန်မအုံးသီးတော့အရမ်းကြိုက်တယ်... အုန်းရေလဲကြိုက်တယ်.. အုန်းသားဖတ်တွေကို ထညက်ခဲလေးနဲ့ ဒီတိုင်း ထိုင်စားလဲကြိုက်တယ်၊ အုန်းသီးနုနုလေးတွေလဲကြိုက်တယ်.. အကြိုက်ဆုံးက အုန်းဆံ.. ပဂျီသွေး လို့ ခေါ်တယ်ထင်တာဘဲ...

ဒါကြောင့်အုန်းသီးဝယ်တိုင်း အပင်ပေါက်လေးပါတဲ့ဟာရွေးရွေးဝယ်တယ်.. ဖော့နဲ့တူတယ်..ဘာအရသာမှလဲ မရှိဘူး လို့ ပြောကြတယ်.. ကြိုက်တဲ့သူကတော့ ကြံဖန်ကြိုက်တာဘဲမဟုတ်လား..
နှစ်တိုင်းအိမ်ပြန်ခါနီးဆို မာမီက အုန်းသီးတွေဝယ်ပီး အပင်ပေါက်လာအောင်ဖောက်ထားတတ်တယ်။ အရင်ကဆို အလှစိုက်ထားတဲ့အုန်းပင်သေးသေးလေးတွေလဲ အကုန်ဆွဲနုတ်ပီး အထဲကအဆန်လိုက်ရှာပီး စားတာဘဲ... အခုတော့ အုန်းသီးပေါတဲ့ကျွန်းမှာနေတော့ အရမ်းအဆင်ပြေတယ်.. အုန်းသီးပိစိကနေ... အပင်ပေါက်တဲ့အထိ..အုန်းရေချိုကနေ...ရှာလကာရည်ဖြစ်တဲ့အထိ... အချဉ်ဖောက်ပီး မူးအောင်သောက် တဲ့အရေထိ ၀ယ်လို့ရတယ်...
သိတဲသူတွေများရှိမလား ဘယ်လိုခေါ်လဲမေးကြည့်ပါသေးတယ်.. တစ်ယောက်တစ်မျိုးပြောလို့ အုန်းသီးထဲ က အဆန်ကို ပဂျီသွေးလို့ ခေါ်သလား..ဘယ်လိုခေါ်လဲသိရင်လဲ ခြေရာလေးချန်ခဲ့ပါအုံး...
ကူးကူးလို အုန်းသီးထဲကအဆံကို နှစ်နှစ်သက်သက် ကြိုက်တဲ့သူတွေများလဲ ရှိအုံးမလားတော့မသိ...

ဒါဘဲဗိုက်မပြည့်ပေမယ့် နှစ်သက်တဲ့အစာတစ်ခုမို့ အမှတ်တရ တင်ထားလိုက်ပါတယ်။

Comments

  1. တကယ်တော့ အုန်းရည်ရော အုန်းသီးထဲက အဲဒီဟာရော ကြိုက်တယ်ရှင်

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. သဂျီသွေး နဲ့ တူတယ်..သိပ်တော့မသေချာဘူး..မစားရတာတောင်ကြာလှပေါ့

    ReplyDelete
  4. ဗဂျီသွေး ကြိုက်မှကြိုက် အမရေ :)

    ReplyDelete
  5. ချစ်အုန်းဖေNovember 17, 2009 at 7:42 PM

    အုန်းသီး၊အုန်းရေ၊အုန်းတွေဒီလောက်ကြိုက်တာ ချစ်အုန်းဖေ ကြီးကိုရော...ဟဲဟဲဟဲ

    ReplyDelete
  6. ဒဂျုဒွေး..လို့

    ReplyDelete
  7. နဂျီထွေးလို့ ပြောတာပဲအိမ်က ဟုတ်မဟုတ်မသိဘူး
    ကျနော်လည်းကြိုက်တယ်
    ကျနော်ကအဆန်း၊ အုန်းသီးသိပ်မကြိုက်ဘူး အဲဒါတော့ကြိုက်တယ် ဟိဟိ

    ReplyDelete
  8. ဒဂျူဒွေးပါ

    ReplyDelete
  9. ကူးကူးရေ...
    အုန်းသီးရော၊အုန်းဆံရော၊အုန်းသီးနဲ့ လုပ်တဲ့မုန့့် တွေရော အားလုံးကို ကြိုက်တယ်...

    ReplyDelete
  10. ဆံချည်ထွေး လို့ထင်တာပဲ။ ဆံချည်အထုံးလို ထွေးထွေးလေးဖြစ်နေလို့ နေမှာပေါ့။

    ReplyDelete
  11. ဟုတ်တယ် ဆံချည်ထွေးလို့ ခေါ်တယ်။

    ကိုယ်လဲ ကြိုက်တယ်။ ချိုတာလေးတွေက တကယ်ကို ချိုတာ။

    ReplyDelete
  12. ဒဂျီဒွေး လို့သိတာ..

    ReplyDelete
  13. ဒဂျီဒွေး

    ကြိုက်တယ်..အိမ်မှာ လုစားရတာ.. သူက အမြဲမရဘူးလေ..

    ReplyDelete
  14. ဟုတ်တယ်
    ဒဂျူဒွေး လို့တော့သိတယ်
    မော်လူမိုင်မှာတော့ ဒဂျူဒွေး လိုပဲခေါ်တယ်

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ပဲပြုပ် Sprouted Yellow Pea

နည်းပေါင်းစုံနဲ့စမ်းကြည့်ပီးအဆင်ပြေလို့ ထပ်ရှယ်လိုက်ပါတယ်။ Yellow Pea ပဲစေ့လေးတွေကိုရေတစ်ညစိမ်၊ ဇကာနဲ့စစ်ပြီး ရေတစ်ရက် ၂ခါလောင်းပေးပြီးအဖုံးအုပ်ထားရင် ၂ရက်ဆို အမြီးလေးနဲ့ပဲလေးတွေအဆင်သင့်ရပါပြီ။ ဇလုံထဲကိုပဲညှောင့်စေ့လေးတွေထည့်၊ ပဲငံပြာရည်အချိ ုရယ်၊ ထညက်ခဲလေးတွေခြေထားတာရယ်ကို (အချိ ုပမာဏကကိုယ့်စိတ်ကြိ ုက်ကိုယ်ထည့်ပါမယ်) ထည့်ပြီး လက်လေးနဲ့ဖွဖွလုံးပြီးနယ်လိုက်ပါ။ ပဲကအရေလေးတွေနဲနဲထွက်လာမယ် ဒီတိုင်းဘဲအကုန်ပေါင်းအိုးထဲထည့်ပါ။ ရေလုံးဝထပ်မထည့်ပါဘူး၊ ကူးအတွက်တော့ဆောဒါလဲမတည့်လို့မထည့်ပါဘူး။ ပေါင်းအိုးစတည်ပြီး ၁၀ ခါအသံမြည်အော် ပြီးတာနဲ့ မီးပိတ်လိုက်ပါ။  အေးတဲ့အထိခဏစောင့်ပြီး ရင်တော့ ပဲလုံးပုံမပျက်ဘဲ အရမ်းနူးအိပြီး အရသာရှိတဲ့ပဲပြုတ်ချို စိမ့်လေးရပါပြီ။ 1  2  3 4