Skip to main content

လိမ်တတ်ကြပါတယ်

လူတိုင်း လိမ် ခြင်းနဲ့မကင်းနိုင်ပါဘူး။ လိမ် တယ်ဆိုတိုင်း မကောင်းဘူး လိမ်ညာတတ်တဲ့သူလို့ သတ်မှတ်လို့ မရပါဘူး။ ငယ်ငယ်က မိဘတွေ ကျွန်မကိုလိမ်တယ်၊ ပြန်လာခေါ်မယ်.. မလိုက်နဲ့ ခဏဘဲသွားမှာ...အဲဒါမစား ရဘူး အရမ်းချောင်းဆိုးပီး ဆေးထိုးရမယ်၊ လာ မုန့်သွားဝယ်စားမယ်ဆိုပီး ဆေးရုံခေါ်ခေါ်သွားတာ စသည်ဖြင့် ပေါ့။ ဒါကို မိဘတွေ လိမ်တတ်တဲ့သူလို့ သတ်မှတ် လို့ ရမလား။ 
ကျောင်းတက်တော့ အတန်းဖော်ကောင်လေးတွေဆရာမကိုအမျိုးမျိုးလိမ် ပီး ကျောင်းပြေး ကြတယ်၊ ကောင်မလေးတွေက တော့ ကျောင်းပုံမှန်တတ်ပေမယ့် အိမ်စာမပီးရင် အဖွားနေမကောင်းလို့၊ အိမ်မှာမီးပျက်လို့ စသည်ဖြင့် လိမ်ပြော ကြတယ်... အဲဒါမကောင်းတာမှန်ပေမယ့် တစ်ဖက်သားကိုထိခိုက်စေလိုတဲ့ ဆန္ဒမပါဘူး။ စာမလုပ်တော့စာမရဘူးပေါ့...း)
ကျွန်မလဲ လိမ် တယ်။ ကိုယ့်အန္တရာယ်ကာကွယ်ဖို့၊ မိန်းမသားချင်း ညှာ တာလို့၊ ချစ်သူကို သူများတွေ အမြင်မှား ကုန်မှာစိုးလို့  မိဘစိတ် မကောင်းဖြစ်မှာ စိုးလို့၊ မိသားစု အဝေးကနေ စိုးရိမ်ပူပန်နေမှာစိုးလို့ကျွန်မ လိမ် ပါတယ်... ဒါကိုအပြစ်ရှိတယ်ပြောလဲ ကျွန်မကျေကျေနပ်နပ် ခံပါတယ်။
ကျွန်မ လိမ် ပြော လိုက်လို့ ဘယ်သူ့ဖက်မှမထိခိုက်ရင် ကျွန်မကျေနပ်တယ်...
လိမ် တယ်ဆိုတဲ့အလုပ်ကို ဘယ်သူကများလုပ်ချင်မှာလဲ... ဘယ်သူတွေများနှစ်သက်ကြမှာလဲ..ဒါပေမယ့် တစ်ကယ်ပါ... တစ်သက်လုံးလိမ်မပြောဖူးတဲ့သူရှိရင် လက်ညှိုးထောင်ခိုင်းကြည့်ပါ...
အဲဒီသူကိုယ်တိုင်က လက်ညှိုးထောင်လိုက်တဲ့အချိန် လိမ် တာဘဲ။ 
လူတိုင်းမကင်းနိုင်တဲ့ လိမ်ပြော တယ်ဆိုတဲ့စကားက တစ်ဖက်ကနေကြည့်မယ်ဆိုအရမ်းအပြစ်ကင်းပါတယ်။ ဘယ်သူ့ကိုမှမထိခိုက်စေဘဲ... တစ်စုံတစ်ယောက်ကို ထိခိုက်မှာစိုးလို့ စိတ်အနာတရဖြစ်မှာစိုးလို့ လိမ်ပြော နေရတာတွေလဲ အများကြီးကြုံဖူးကြမှာပါ။
နောက်တစ်ဖက်က ကြည့်မယ်ဆိုရင်တော့ အရမ်းကိုရွံရှာမုန်းဖို့ကောင်းပါတယ်။ ဘာလို့လဲဆိုရင် တစ်ဖက်သားဆီက တစ်စုံတစ်ရာရလိုမှုနဲ့ လိမ်တာ၊ သူတစ်ဖက်သားဆီက အမြတ်ထုတ် ငွေညှစ်ချင်လို့ လိမ်တာ၊ စီးပွားရေးသမားအချင်းချင်းလိမ်လည်အကွက်ဆင်တာ၊ အချစ် ဆိုတာကြီး ပါးစပ်က တစ်ဖွားဖွားနဲ့ ဗန်းပြပီး လိမ်ယူတာတွေတော့မကောင်းပါဘူး။  အဲဒီတွေထဲကအထူးသဖြင့် မိန်းကလေးတွေရဲ့အားနည်းချက် ဖြစ်တဲ့ ဂရုစိုက် မှု၊ ကြင်နာမှု၊ အလေးပေးမှုတွေကို အယောင်ပြပီး လိမ်လည်နေတဲ့သူတွေ အများကြီးပါ။ ခန္တာကိုယ်မှာ စိတ်နှလုံး သားက အရမ်းနူးညံ့တဲ့နေရာပါ.. စိတ်ဒဏ်ရာရအောင် လိမ်လည်ပြုစားခံရတဲ့ သူတွေ ကိုယ်ခန္တာရော၊ လူမှု ရေးရော၊ အလုပ်မှာရော...အကုန်ကျဆုံးတော့တာဘဲ။

ကျွန်မမှာသူငယ်ချင်းတစ်ယောက်ရှိတယ်၊ ဒိုက်ဦးသား.... ကျွန်မလဲ နိုင်ငံခြားရောက်ကာစ၊ သူနဲ့ သူငယ်ချင်း တွေဖြစ်ပီး သူက တစ်ဖွဖွ နင်တို့မိန်းမတွေ ဘာဖြစ်တယ်ညာဖြစ်တယ်..မရှိလဲမကောင်းရှိလဲမကောင်း၊ မိန်းမ တွေမကောင်းကြောင်းအမြဲကိုပြောတယ်။။ အားတဲ့နေ့တွေဆို အွန်လိုင်းမှာသူနဲ့ ဂိမ်းဆော့ကြတယ်... သူတစ်ခါခါ အလုပ်ကပြန်လာရင် ကျွန်မခေါ်တိုင်း autopickup လုပ်ထားတော့ သူအိပ်နေတာလဲ တွေ့တယ်။ တစ်ခါတစ်ခါ ဟိတ်ကြီးဟန်ကြီးနဲ့စာအုပ်အထူကြီးထိုင်ဖတ်နေတာလဲတွေ့တယ်... ခေါက်ဆွဲထုတ်စားနေတာ လဲတွေ့တယ်။ သူနဲ့ကျွန်မ တစ်ခါခါ စကားတွေပြောလောကကြီးအကြောင်းဟုတ်တိပတ်တိဆွေးနွေးတယ်... အရမ်းကို ဖြူစင် တဲ့သူငယ်ချင်းတစ်ယောက်ပါ... တစ်ရက်ပေါ့..တစ်ရက် ကျွန်မအမှတ်တမဲ့ သူ့ကိုလှမ်းခေါ် မိ တော့ သူ့ အိမ်ပျော်နေတယ်၊ သိပ်မကြာဘူး ကောင်မလေးတစ်ယောက်အခန်းထဲဝင်လာတယ် ပီးတော့သူ့ဘေးနားမှာဝင်အိပ်တယ်.. ဒါနဲ့ ကျွန်မ ဟေ့..ဟေ့ကောင် ထထ..နင့်နားမှာဘယ်သူလဲ မသိဘူး..စိုးရမ်တစ်ကြီးနဲ့.. ဘာလို့လဲဆိုတော့ သူနဲ့ သူ့သူငယ်ချင်းနှစ်ယောက် ဘဲနေတဲ့အိမ် မိန်းကလေးဘယ်ကရောက်လာမှန်းမသိဘူး.. နောက်နေ့သူကပြောတယ်.. ညီမ၀မ်းကွဲတဲ့....
သူဘာကြောင့်ကျွန်မကိုလိမ်သလဲဆိုတာကျွန်မမသိဘူး... ဒါပေမယ့်ကျွန်မ သူ့ကိုခွင့်လွှတ်တယ်.. သူနဲ့ ကျွန်မ ဖြူစင်တဲ့သူငယ်ချင်းတွေ... သူလဲကျွန်မကိုကြိုက်တယ်မပြောဘူး၊ ချစ်တယ်လဲအရိပ်ရောင်မပြဘူး..အဲဒီ အတွက် သူ့ဘာသူ ညီမ၀မ်းကွဲဆိုသူက သူ့အိပ်ရာပေါ်တက်အိပ်တယ်ပြောလဲ ကျွန်မသိသိကြီးနဲ့ အေးပါဟ..ငါက လန့်သွားလို့ လို့ပြောလိုက်တယ်.. အမှန်တော့ သူ့ရည်းစားမက မိန်းမ မကျပါ။

ဒါပေမယ့် ကျွန်မကိုချစ်လှပါချည်ရဲ့..ကြိုက်ပါရဲ့..လက်ထပ်ချင်ပါရဲ့ ဆိုသူတွေ သူတို့မှာ ရည်းစားတွေ များနေ ရင်းတန်းလန်း ဘာကြောင့်များ ကျွန်မအချစ်ကိုထပ်လိမ်ပီးယူချင်သေးကြတာလဲဆိုတာတော့ ကျွန်မ စဉ်းစား လို့မရဘူး။ ကျွန်မ မထင်မှတ်ဘဲ သူတို့အလိမ်တွေ ကို ဖမ်းမိ တာ မနည်းတော့ဘူး... ကိုယ့်ကိုဘာကြောင့်လိမ် နေလဲ စဉ်းစားလို့မရဘူး... အကယ်လို့ ကျွန်မမဟုတ်ရင်ရော မိန်းကလေးဘယ်နှယောက်များ အဲလို အလိမ် ခံခဲ့ ရပီးပီလဲ.. သူတိုအလိမ်တွေမပေါ်ခင် ကိုယ့်ရင်ထဲကအချစ်တွေ ပေးခဲ့ပီးသွားပီလား၊ အလိမ်တော်သူများ တစ်သက် လုံး မရအောင် ဖုံးကွယ်သွားနိုင်မလား။ နောက်ဆုံးကိုယ့်အချစ်တွေ သူ့ ပေးပီးမှ နောက်ဆုတ် မရ တဲ့အခြေနေမှာ အလိမ်ညာခံရသူတို့ဘ၀တွေဘယ်လောက်များပျက်သွားခဲ့ပီးပီလဲ...
ဒါကြောင့် လိမ်တယ်ဆိုတဲ့ အရာမကင်းနိုင်တဲ့ လောကကြီးမှာ အထူးသဖြင့် တစ်ဖက်သားစိတ်နှလုံးသားနဲ့ အချစ်ကိုလိမ်လည်မယူမိကြပါစေနဲ့လို့။ 

Comments

  1. great post ku kuu

    I had found that kind of liars in sg, most are men.

    ReplyDelete
  2. ထပ်တူထပ်မျှခံစားရပါသည်။
    အချစ်ကိုအလွန်ကြောက်နေပါပြီ။

    ReplyDelete
  3. This is my first time watching ur blog.Its very good and I get a lot of knowledge.
    and than လိမ်တတ်ကြပါသည် ဆိုတဲ့ blog လေးကြောင့် ကျွန်တော် စိတ်ရှုပ်နေတဲ problem တစ်ခု answer ရသွားပါပြီ။
    အရမ်ကျေးဇူးတင်ပါတယ်။
    One of ur fun....

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ပဲပြုပ် Sprouted Yellow Pea

နည်းပေါင်းစုံနဲ့စမ်းကြည့်ပီးအဆင်ပြေလို့ ထပ်ရှယ်လိုက်ပါတယ်။ Yellow Pea ပဲစေ့လေးတွေကိုရေတစ်ညစိမ်၊ ဇကာနဲ့စစ်ပြီး ရေတစ်ရက် ၂ခါလောင်းပေးပြီးအဖုံးအုပ်ထားရင် ၂ရက်ဆို အမြီးလေးနဲ့ပဲလေးတွေအဆင်သင့်ရပါပြီ။ ဇလုံထဲကိုပဲညှောင့်စေ့လေးတွေထည့်၊ ပဲငံပြာရည်အချိ ုရယ်၊ ထညက်ခဲလေးတွေခြေထားတာရယ်ကို (အချိ ုပမာဏကကိုယ့်စိတ်ကြိ ုက်ကိုယ်ထည့်ပါမယ်) ထည့်ပြီး လက်လေးနဲ့ဖွဖွလုံးပြီးနယ်လိုက်ပါ။ ပဲကအရေလေးတွေနဲနဲထွက်လာမယ် ဒီတိုင်းဘဲအကုန်ပေါင်းအိုးထဲထည့်ပါ။ ရေလုံးဝထပ်မထည့်ပါဘူး၊ ကူးအတွက်တော့ဆောဒါလဲမတည့်လို့မထည့်ပါဘူး။ ပေါင်းအိုးစတည်ပြီး ၁၀ ခါအသံမြည်အော် ပြီးတာနဲ့ မီးပိတ်လိုက်ပါ။  အေးတဲ့အထိခဏစောင့်ပြီး ရင်တော့ ပဲလုံးပုံမပျက်ဘဲ အရမ်းနူးအိပြီး အရသာရှိတဲ့ပဲပြုတ်ချို စိမ့်လေးရပါပြီ။ 1  2  3 4